သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောက်ေ့ဖွယ်နေ့ ကျဆုံးစစ်သည်တွေကို အမေရိကန် ဂုဏ်ပြု


အာလင်တန်စစ်သချုႋင်းမှာ သမ္မတအိုဘားမားက ကျဆုံးစစ်သည်တွေအတွက် အောက်မေ့ဖွယ်နေ့ အမှတ်တရစကားဆိုစဉ်။
အာလင်တန်စစ်သချုႋင်းမှာ သမ္မတအိုဘားမားက ကျဆုံးစစ်သည်တွေအတွက် အောက်မေ့ဖွယ်နေ့ အမှတ်တရစကားဆိုစဉ်။
အာဖဂနစ္စတန်က အမေရိကန်ရဲ့ စစ်ပွဲတွေဟာ လာမယ့်နှစ်အကုန်ပိုင်း ရပ်နားဖို့ရှိတာကြောင့် အခုအချိန် အာဖဂန်ဟာ အမေရိကန်ပြည်ထောင်စုအတွက် အသက်တမျှ အရေးကြီးတဲ့ အခိုက်အတန့်ဖြစ်တယ်လို့ သမ္မတ ဘရက်ခ်အိုဘားမားက ကြေညာလိုက်ပါတယ်။

တနင်္လာနေ့တုန်းက Memorial Day အားလပ်ရက် အတွင်း မှာတော့ သမ္မတအိုဘားမားဟာ အာဖဂန်မှာ အသက်ဆုံးရှုံးခဲ့သူတွေနဲ့ အမေရိကန်စစ်ပွဲတွေအတွင်း ကျဆုံးခဲ့သူတွေကို သွားရောက် ဂါရ၀ အလေးအမြတ်ပြုခဲ့ပါတယ်။
သမ္မတအိုဘားမားဟာ အာဖဂနစ္စတန်ကို ကြိုတင်ကြေညာခြင်းမရှိဘဲ တနင်္ဂနွေနေ့မှာ သွားရောက်ပြီး အာဖဂန်မှာရှိတဲ့ အမေရိကန်စစ်ဖက်ဝန်ထမ်းတွေကို တွေ့ဆုံခဲ့တာပါ။ အာဖဂန်မှာရှိတဲ့ အမေရိကန်စစ်တပ် အားလုံး နီးပါးကို အခု ၂၀၁၄ ခုနှစ် နှောင်းပိုင်းနောက်ဆုံးထား ရုပ်သိမ်းဖို့ အစီအစဉ်ရှိပါတယ်။

တနင်္လာနေ့ အမေရိကန်ပြည်ထောင်စုကို ပြန်ရောက်စဉ်မှာတော့ ဝါရှင်တန်အနီးက Arlington အမျိုးသား စစ်သချုႋင်းက အညတရ စစ်သည်တော် အုတ်ဂူတွေ သွားပြီး သမ္မတအိုဘားမားက လွမ်းသူ့ပန်းခွေ ချခဲ့ပါတယ်။

စစ်ပွဲအတွင်းမှာ မိမိတို့ သားသမီးတွေ၊ ခင်ပွန်းတွေ၊ မိတ်ဆွေမောင်နှမတွေ ဆုံးရှုံးခဲ့ရသူတွေရဲ့ သတ္တိိ စွန့်လွှတ်မှုတွေကို ကျနော်တို့အများစု ဘယ်လိုမှ ခန့်မှန်း နားလည်နိုင်မှာမဟုတ်ပါဘူးဆိုပြီး သမ္မတအိုဘားမား က ပြောပါတယ်။

အမေရိကန်တဝန်းမှာတော့ အောက်မေ့ဖွယ်နေ့ အထိမ်းအမှတ်အဖြစ် လူထုချီတက်ပွဲတွေလုပ်ကြသလို အစဉ်အလာအရဆိုရင် အမေရိကန်နိုင်ငံသားတွေကတော့ picnics ထွက်တာ၊ ကမ်းခြေသွားတာတွေ လုပ်ကြပါတယ်။
XS
SM
MD
LG