သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၄ လူ့အခွင့်အရေး ကပ်ဆိုက်တဲ့နှစ် AI အဖွဲ့ထောက်ပြ


amnesty
amnesty

၂၀၁၄ ခုနှစ်ဟာ ကမ္ဘာတလွှား ကြီးမားတဲ့ ပျက်ဆီးယိုယွင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့နှစ် ဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့တဖွဲ့ဖြစ်တဲ့ Amnesty International - နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။

ဆီးရီးယား၊ ယူကရိန်း၊ ဂါဇာနဲ့ နိုင်ဂျီးရီးယား နိုင်ငံတွေက ပြည်သူတွေ အနေနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရသလို နေရပ်ရွှေ့ပြောင်းခံရသူ အရေအတွက်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သန်း ၅၀ ကျော်သွားခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ကမ္ဘာတလွားက အစိုးရတွေ အနေနဲ့ အရပ်သားတွေအပေါ် အစိုးရတပ်ဖွဲ့တွေနဲ့ တခြားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို အကာကွယ် ပေးနိုင်ခဲ့ခြင်း မရှိဘူးလို့ အစီရင်ခံစာထဲမှာ စွပ်စွဲ ပြောဆိုထားပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း နိုင်ငံပေါင်း ၃၅ နိုင်ငံမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက မတရားမှုတွေ ပြုကျင့်ခဲ့ပြီး IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ အင်အားကောင်းလာတာဟာ အထူးစိုးရိမ်စရာ ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။

IS အဖွဲ့အနေနဲ့ လူတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်တာ၊ လူနည်းစုနဲ့ မတူကွဲပြားတဲ့ ဘာသာတရား ကိုးကွယ်သူတွေကို ပစ်မှတ်ထားပြီး ပြန်ပေးဆွဲတာ၊ ရာနဲ့ချီတဲ့ အမျိုးသမီးနဲ့ အမျိုးသမီးငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတာ စတဲ့ ကြီးမားတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG