သမ္မတဦးသိန်းစိန်က ကတိပေးထားတဲ့ အတိုင်း နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ဒီနှစ်မကုန်ခင်ပြန် လွှတ်ပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆိုလိုက်ကြပါတယ်။ လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲမှုပိုင်း မှာ မြန်မာအစိုးရရဲ့ သန္နိဋ္ဌာန် ခိုင်မာမှုဟာ မေးခွန်း ထုတ်စရာဖြစ်နေတယ် လို့ ထောက်ပြကြပြီးတော့ နိုင်ငံတကာသဘောတူစာချုပ်တွေကို လက်မှတ် ရေးထိုးဖို့လည်း တိုက်တွန်းပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။
မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို ဒီနှစ်မကုန်ခင်မှာ ပြန်လွှတ် ပေးမယ်လို့ သမ္မတဦးသိန်းစိန်က ကတိပေးထားတာကို အကောင်အထည်ဖော်ဖို့ရာ အချိန်ကာလက သိပ်မကျန်တော့ပါဘူး။ မကြာသေးခင် အချိန်ကာလတွေ တုန်းကပဲ နိုင်ငံရေးအကျဉ်းသား အတော်များများကို လွှတ်ပေး ခဲ့ပြီးဖြစ်ပေမဲ့ နှစ်ကုန်ဖို့ သီတင်း နှစ်ပတ်တောင် မကျန်တော့တဲ့ အတွက် ပေးထားတဲ့ ကတိအတိုင်း ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပါလို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က တောင်းဆိုတာပါ။
“အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားအများအပြား ကျန်နေသေးတဲ့အပြင် တက်ကြွလှုပ်ရှားသူ အများအပြားဟာ လည်း ဘာမှကျူးလွန်တာမဟုတ်ဘဲ သူတို့ရဲ့လူ့အခွင့်အရေးကို ကျင့်သုံးရုံသက်သက်နဲ့ ဖမ်းဆီးခံထားရတာ၊ တရားရင်ဆိုင်နေရ တာတွေရှိနေပါတယ်။ ဒါကြောင့် နှစ်မကုန်ခင်မှာ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးမယ်လို့ မြန်မာအစိုးရက ကတိပေး ထားတဲ့အတိုင်း လုပ်ဆောင်ဖို့ ကျနော်တို့လိုလားပါတယ်။”
AI အဖွဲ့ရဲ့ အာရှဒေသရေးရာ ပြောရေးဆိုခွင့်ရှိသူ အိုးလော့ဖ် ဘလွန့်ခ်ဖစ် (Olof Blomqvist ) ပါ။
AI အဖွဲ့ရဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ မောင်းတော မှာ ထောင်ဒဏ် ၁၇ နှစ်ချခံထားရတဲ့ ဒေါက်တာထွန်းအောင်၊ ပေါင်းတည်ထောင် မှာ အဖမ်းခံထားရပြီး အခုထိ တရားရုံးကနေ ဆုံးဖြတ်ချက် မချသေးတဲ့ ဒေါ်မြင့်မြင့်အေး၊ ဒေါ်ခင်မိမိခိုင်နဲ့ ကိုသန့်စင်ထက်တို့ကို နာမည်နဲ့တကွ နမူနာဖြစ်ရပ်တွေအဖြစ် ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့နှစ်နှစ်အတွင်း မြန်မာနိုင်ငံဟာ ပြင်ပကမ္ဘာနဲ့ထိတွေ့ဆက်ဆံလာပြီး အပြောင်းအလဲတွေ ဖော်ဆောင်ပြီးတော့ အပြု သဘောဆောင်တဲ့ တိုးတက်မှု တချို့ရှိခဲ့တာကို AI အဖွဲ့က အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့လည်း အစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းရမယ့် လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်ချက်တွေ ကြီးကြီးမားမား ရှိနေသေးတယ်လို့ပြောပြီး အဲဒီထဲမှာမှ နိုင်ငံရေးအကျဉ်းသားကိစ္စ ကို နမူနာတစ်ခုအဖြစ် အိုးလော့ဖ် ဘလွန့်ခ်ဖစ်က ထောက်ပြပါတယ်။
“လွန်ခဲ့တဲ့နှစ်အတွင်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာကို ကျနော်တို့ တွေ့ခဲ့ရပေမယ့်လည်း တက်ကြွလှုပ်ရှားသူ အများအပြားဟာ သူတို့ရဲ့ အမြင်သဘောထားကို ငြိမ်းငြိမ်းချမ်းချမ်း ထုတ်ဖော်တာ၊ ဆန္ဒပြပွဲတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း ပါဝင်တာတွေနဲ့ကိုပဲ အဖမ်းခံနေကြရတာ တွေ့ရပါတယ်။ သိပ်ကိုစိတ်ပူစရာကောင်းတဲ့ အခြေအနေတစ်ခုကတော့ လွန်ခဲ့တဲ့နှစ်တွေက လွတ်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက အများအပြားဟာ ပြန်ပြီး အဖမ်းခံကြရတဲ့ကိစ္စပါ။ အဲဒီအခြေအနေက လွှတ်ပေးခဲ့တာတွေကို အဓိပ္ပါယ်မဲ့စေပါတယ်။”
နှစ်မကုန်ခင် နိုင်ငံရေးအကျဉ်းသားတစ်ယောက်မှ အကျဉ်းထောင်တွေထဲမှာ မရှိစေရတော့ဘူးဆိုပြီး ပေးထားတဲ့ကတိကို အကောင်အထည်ဖော်ဖို့က အချိန်သိပ်မကျန်တော့သလို လက်ရှိကျန်နေသေးသူတွေ အားလုံး ပြန်လွတ်လာပြီဆိုရင်တောင်မှ အကျဉ်းကျမယ့်အရေး ရင်ဆိုင်နေရသူတွေက ဆက်ရှိနေတာမို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး အစိုးရရဲ့ သန္နိဋ္ဌာန်ကို မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ AI အဖွဲ့ကပြောပါတယ်။
အစိုးရအနေနဲ့ ဘာသာရေးနဲ့လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့အပြင် လူမျိုးစုဒေသတွေ က ပဋိပက္ခတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေအနေနဲ့ တာဝန်ခံစေဖို့၊ ဝေးလံတဲ့ဒေသတွေမှာ အရေးပေါ်အကူအညီ လိုအပ်နေသူတွေဆီ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနဲ့ ပြည်တွင်း အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက အကူအညီတွေ ပေးနိုင်အောင် ခွင့်ပြုဖို့ကိုလည်း AI က တိုက်တွန်းပါတယ်။
AI အဖွဲ့က ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ မြန်မာအစိုးရကို အခုလို တောင်းဆိုခဲ့တာအပြင် ဒီဇင်ဘာလ ၁၉ ရက်နေ့တုန်း ကလည်း ပြင်သစ်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ FIDH အပါအဝင် မြန်မာနဲ့ ကမ္ဘာတဝန်း လူ့အခွင့်အရေးအဖွဲ့အစည်းပေါင်း ၄၀ တို့က အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားဆီ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ပြီး မြန်မာအစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသား တွေအားလံးကိုပြန်လွှတ်ပေးရေး ဖိအားပေးတောင်းဆိုဖို့ တိုက်တွန်းခဲ့ပါတယ်။
မြန်မာတာဝန်ရှိသူတွေအနေနဲ့ လူမှုရေးနဲ့နိုင်ငံရေး အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်နဲ့ နှိပ်စက်ညှဉ်းပန်းမှု၊ ရက်စက်တဲ့၊ လူမဆန်တဲ့ ဒါမှမဟုတ် လူ့အဆင့်အတန်းနှိမ့်ချတဲ့ ပြုမှုဆက်ဆံမှု သို့မဟုတ် အပြစ်ပေးမှုတွေကို ဆန့်ကျင်တဲ့ နိုင်ငံ တကာသဘောတူစာချုပ်တွေကို လက်မှတ်ရေးထိုးပြီး အဲဒီပြဌာန်းချက်တွေ ကို ပြည်တွင်း ဥပဒေတွေထဲမှာ ပေါင်းစပ် ထည့်သွင်း ပြဌာန်းပြီးတော့ မူဝါဒပိုင်းရော လက်တွေ့ပိုင်းမှာပါ အကောင်အထည်ဖော်ဖို့ AI အဖွဲ့က တောင်းဆိုထားပါတယ်။