သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအပေါ် လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားမှု ဆက်လက်ရှိနေကြောင်း AI ထုတ်ပြန်


မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်ကို ဖြတ်ကျော် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာလ ၁၂၊ ၂၀၁၇ ခုနှစ်)
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်ကို ဖြတ်ကျော် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာလ ၁၂၊ ၂၀၁၇ ခုနှစ်)

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆုံးမသတ်သေးဘဲ လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားမှုတွေရှိနေဆဲပဲလို့ နိုင်ငံတကာလူ့အခွင့်အရေးဆောင်ရွက်နေတဲ့ Amnesty International အဖွဲ့ကြီးက ပြောပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံကိုထွက်ပြေးလာတဲ့ ရိုဟင်ဂျာအမျိုးသား ၁၁ ယောက်နဲ့ အမျိုး ၈ ယောက်ကို AI က ဇန်နဝါရီ လ ၁၇ ရက်ကနေ ၃၁ ရက်နေ့အတွင်း တွေ့ဆုံမေးမြန်းပြီး ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ မြန်မာအာဏာပိုင်တွေဖက်က ရိုဟင်ဂျာတွေ နိုင်ငံထဲကနေ မထွက်ထွက်သွားစေတဲ့ အခြေအနေတွေ လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။

ရိုဟင်ဂျာမိသားစုတွေကို စပါးခင်းတွေဆီသွားလို့မရအောင် ဈေးတွေသွားလို့မရအောင်တားမြစ်ထားတာအပြင် ထောက်ပံ့ကူညီမှုတွေ မရအောင်လည်း ကန့်သတ်ထားတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် အခုလတ်တလောသီတင်းပါတ်တွေအထိ ဘင်္ဂလားဒေရှ့်နိုင်ငံဖက် ထွက်ပြေးလာသူတွေရှိနေကြဆဲဖြစ်ပြီး၊ အစားအသောက်မလုံလောက်တာက နောက်ပိုင်းရောက်လာကြသူတွေရဲ့ အဓိကအကြောင်းအရင်းဖြစ်တယ်လို့ AI ရဲ့ အစီရင်ခံစာမှာ ပြောထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကနေ စက်တင်ဘာလ နှောင်ပိုင်းကြား ရိုဟင်ဂျာ အမျိုးသမီး၊ အမျိုးသားနဲ့ ကလေးငယ်တွေအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဆိုးဆုံးလူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ခဲ့ပေမဲ့ အခုအချိန်ထိလည်း ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မနေနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆက်လက်ဆောင်ရွက်နေပုံရတယ်လို့ဆိုပါတယ်။ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ရိုဟင်ဂျာတွေကို ငတ်ပြတ်အောင်လုပ်တယ်၊ ဖမ်းဆီး၊ လုယက်ပြီး လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားမှုတွေကို လုပ်နေဆဲပဲလို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG