သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်မဟာမိတ်အဖြစ် အမေရိကန် ဆက်လက်ရပ်တည်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry- အီဂျစ်ကြားဖြတ် အစိုးရသမ္မတ Adli Mansour နှင့် ကိုင်ရိုမြို့မှာ တွေ့ဆုံစဉ်။ (နိုဝင်ဘာ ၃၊ ၂၀၁၃)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry- အီဂျစ်ကြားဖြတ် အစိုးရသမ္မတ Adli Mansour နှင့် ကိုင်ရိုမြို့မှာ တွေ့ဆုံစဉ်။ (နိုဝင်ဘာ ၃၊ ၂၀၁၃)
အီဂျစ်နိုင်ငံမှာ သမ္မတကို စစ်အာဏာသိမ်းဖြုတ်ချခဲ့မှုနဲ့ ပတ်သက်ပြီး အမေရိကန် က ပေးနေတဲ့ စစ်ရေးအထောက်အပံ့ တချို့ကို ရပ်ဆိုင်းထားပေမယ့် အမေရိကန် ပြည်ထောင်စုဟာ အီဂျစ်နိုင်ငံရဲ့ မိတ်ဆွေကောင်း လက်တွဲဖော်ကောင်းအဖြစ် ဆက်ရှိနေမှာပါလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ်။

ကိုင်ရိုမြို့်တော်မှာ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Nabil Fahmy နဲ့ ဒီကနေ့ ကျင်းပသွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ Mr Kerry က အခုလို ကတိပြုသွားတာပါ။

မနှစ်က ဒီဇင်ဘာလမှာ သမ္မတအိမ်တော်အပြင်ဘက်မှာ ဆန္ဒပြသူတွေကို သတ်ပစ်အောင် ပြောဆိုခဲ့မှုနဲ့ စွဲချက်တင်ခံရပြီး ပြီးခဲ့တဲ့ ဇူလိုင်လထဲက စစ်အာဏာသိမ်း ရာထူးက ဖယ်ရှားခံထားရတဲ့ သမ္မတဟောင်း Mohamed Morsi ရဲ့ တရားခွင် မစခင် တရက်မှာပဲ မစ္စတာ Kerry တနင်္ဂနွေနေ့မှာ ကိုင်ရိုမြို့်တော်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

အီဂျစ်နိုင်ငံက သွေးမြေကျ နိုင်ငံရေးပဋိပက္ခတွေကြောင့် အမေရိကန်အစိုးရက အီဂျစ်နိုင်ငံကို နှစ်စဉ်ပေးအပ်နေတဲ့ စစ်ရေးအထောက်အပံ့ ဒေါ်လာ သန်း ၁၃၀၀ ထဲက တချို့ကို ရပ်ဆိုင်းထားပါတယ်။ Mr Kerry ရဲ့ ဥရောပနဲ့ အရှေ့အလယ်ပိုင်းဒေသ ၉ ရက်ကြာ သံတမန်ရေးခရီးစဉ်မှာ အီဂျစ်နိုင်ငံက ပထမဆုံးခရီးတထောက် ဖြစ်ပါတယ်။
XS
SM
MD
LG