သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး အမေရိကန်နဲ့ရုရှားသမ္မတ တွေ့ဆုံဖို့ ရှိ


ုကုလသမဂ္ဂဌာနချုပ်မှာ အစည်းအဝေးတက်ရောက်နေတဲ့ အမေရိကန်သမ္မတ အိုဘားမား
ုကုလသမဂ္ဂဌာနချုပ်မှာ အစည်းအဝေးတက်ရောက်နေတဲ့ အမေရိကန်သမ္မတ အိုဘားမား

ဆီးရီးယားနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခအရေးဟာ တနင်္လာနေ့ အမေရိကန်သမ္မတ Barack Obama နဲ့ ရုရှားသမ္မတ Vladimir Putin တနှစ်ဝန်းကျင် ကာလအတွင်း ပထမဦးဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံကြတဲ့အခါ ထိပ်တန်းဦးစားပေး ဆွေးနွေးကြမယ့်အကြောင်းအရာ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ခေါင်းဆောင်နှစ်ဦးဟာ နယူးယောက်မြို့က ကုလသမဂ္ဂ အထွေးထွေညီလာခံရဲ့အပြင်ဘက်မှာ အလွတ်သဘော တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ တွေ့ဆုံခဲ့ကြပြီး ဒီလိုတွေ့ဆုံမှုအတွင်း မစ္စတာ Obama နဲ့ မစ္စတာ Putin တို့ရဲ့ ဆွေးနွေးပွဲအတွက် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင် ခဲ့ကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အတိမ်းစောင်းမခံတဲ့ အချက်ကတော့ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဖို့လိုအပ်နေတယ်လို့ ဝန်ကြီး Kerry က မစ္စတာ Lavrov နဲ့ တွေ့ဆုံဖို့ အသွားမှာ ပြောဆိုသွားပါတယ်။

အပြန်အလှန် ပွင့်ပွင့်လင်းလင်း အမြင်ခြင်းဖလှယ်ရမှာကတော့ ဆီးရီးယားနိုင်ငံအတွင်း စစ်ရေးကော နိုင်ငံရေးပါ ရုရှားက ပိုမိုပတ်သက် လာတဲ့ကိစ္စပဲဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ထိပ်တန်းတာဝန်ရှိသူတဦးက ပြောပါတယ်။

XS
SM
MD
LG