သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အနောက်မြောက်ငလျင် အနည်းဆုံး ၁၃၁ ဦး သေဆုံး 


ဂန်ဆူးခရိုင်။ ဂျီရှီရှန်းပြည်နယ် ငလျင်ကြောင့် ဒါဟီဂျီယာမြို့က ပြိုကျပျက်စီးသွားတဲ့ နေအိမ်များ။ (ဒီဇင်ဘာ ၁၉< ၂၀၂၃)
ဂန်ဆူးခရိုင်။ ဂျီရှီရှန်းပြည်နယ် ငလျင်ကြောင့် ဒါဟီဂျီယာမြို့က ပြိုကျပျက်စီးသွားတဲ့ နေအိမ်များ။ (ဒီဇင်ဘာ ၁၉< ၂၀၂၃)

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းက တောတောင်ထူထပ်တဲ့အရပ်မှာ ပြင်းအား ၆.၂ အဆင့် ငလျင်လှုပ်သွားတဲ့အတွက် သေဆုံးရသူ အနည်းဆုံး ၁၃၁ ဦး ရှိတယ်လို့ တရုတ်အစိုးရတာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ပြောပါတယ်။ ငလျင်ကြောင့် အိုးအိမ်တွေ၊ လမ်းတံတားတွေ ပြိုကျပျက်စီးခဲ့ရပြီး လျှပ်စစ်မီးတွေလည်းပြတ်သွားခဲ့တယ်လို့လည်း အာဏာပိုင်တွေနဲ့ သတင်းမီဒီယာတွေက ပြောပါတယ်။

Gansu ပြည်နယ်မှာ သေဆုံးသူက ၁၁၃ ဦးရှိသလို ဘေးကပ်လျက် Qinghai ပြည်နယ်မှာတော့ ၁၄ ဦးသေဆုံးခဲ့တယ်လို့ တရုတ်ပြည်သူ့နေ့စဥ်သတင်းစာကပြောပါတယ်။ တနင်္လာနေ့ ညသန်းခေါင်မတိုင်ခင်ကလေးမှာပဲ ငလျင်လှုပ်သွားခဲ့တာမှာ ဒဏ်ရာရသူကတော့ ၇၀၀ ကျော်ရှိပါတယ်။ ဒါဟာ ၉ နှစ်တာကာလအတွင်း အပြင်းထန်ဆုံး ငလျင်လည်းဖြစ်ပါတယ်။ ပြိုကျသွားတဲ့ အဆောက်အအုံတွေအောက်မှာ အသက်ရှင်ကျန်ရစ်သူတွေကိုလည်း အရေးပေါ်တပ်ဖွဲ့ က လိုက်လံရှာဖွေနေပါတယ်။

အပူချိန် သုညအောက်ထိကျနေတဲ့ဆောင်းတွင်းကာလ အအေးဒဏ်ပြင်းထန်နေချိန်မှာ အိုးအိမ်ဆုံးရှုံးခဲ့ကြတဲ့ ငလျင်ဒဏ်သင့်ပြည်သူတွေကိုတော့ ယာယီတဲတွေထဲမှာပဲ နေရာချထားပေးပါတယ်။ အရေးပေါ်တပ်ဖွဲ့ အာဏာပိုင်တွေကလည်း Gansu အရပ်မှာရှာဖွေကယ်ဆယ်ရေးအတွက် နောက်ထပ်လူ ၃၀၀ တာဝန်ချထားပေးဖို့ တောင်းဆိုထားပါတယ်။ Qinghai အာဏာပိုင်တွေကလည်း ငလျင်ကြောင့် မြေပြိုကျခဲ့တဲ့နေရာမှာတော့ လက်ရှိချိန်ထိ ပျောက်ဆုံးနေသူ ၂၀ ရှိတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG