သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့ျပည္တြင္းစစ္ အေျခအေန


Myanmar Kachin War

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

လြတ္လပ္ေရးရၿပီး မၾကာမီ ျဖစ္ပြားတဲ့ ျပည္တြင္းစစ္မီးဟာ ယေန႔အထိ ေတာက္ေလာင္ေနဆဲလို႔ ေျပာႏိုင္ပါတယ္။ ေခတၱခဏ အပစ္အခတ္ရပ္စဲခ်ိန္ကလြဲလို႔ ျပည္နယ္အခ်ဳိ ႔မွာ တိုက္ပြဲျဖစ္ေနၾကပါတယ္။ ၂၀၂၁ ေႏြဦးေတာ္လွန္ေရး ျဖစ္ပြားတဲ့အခါ ျပည္တြင္းစစ္ဟာ အရိွန္အဟုန္နဲ႔ ျပင္းထန္လာျပန္ပါတယ္။ အာဏာသိမ္း စစ္ေကာင္စီဆန္႔က်င္ေရး လက္နက္ကိုင္လႈပ္ရွားမႈ မ်ားျပားလာတဲ့အေလွ်ာက္ ဘယ္ဘက္ကအားသာတယ္၊ ဘယ္ဘက္ကအားနည္းတယ္ စသျဖင့္ သံုးသပ္လာၾကပါတယ္။ သတင္းသမားေတြ အေရးယူခံေနရၿပီး သတင္းလြတ္လပ္မႈ မရိွလို႔ ခန္႔မွန္းရခက္ခဲတယ္လို႔လည္း ေျပာၾကပါတယ္။

ႏုိင္ငံတကာ စာနယ္ဇင္းေတြမွာ ေလ့လာသူတခ်ဳိ ႔က အမ်ဳိးမ်ဳိးထင္ေၾကးေပးၾကပါတယ္။ VOA ေဆာင္းပါးရွင္ ဇြမ္ဘာပီတာ Zsombor Peter ကေတာ့ မိုးတြင္းမွာ စစ္ေကာင္စီရဲ ႔ စစ္ယႏၱရားေတြ သယ္ယူပို႔ေဆာင္မႈ ခက္ခဲတာဟာ PDF ျပည္သူ႔ကာကြယ္ေရးတပ္ေတြအတြက္ အခြင့္ေကာင္းပဲလို႔ ဇြန္လ (၉) ရက္ေန႔က သံုးသပ္ပါတယ္။ ဝါရင့္သုေတသီ Anthony Davis ကလည္း PDF တပ္ဖြဲ႔ေတြဟာ သူတုိ႔ေနရာသူတုိ႔ ထိန္းခ်ဳပ္ထားႏိုင္ေနၿပီျဖစ္လို႔ ပိုၿပီးအေျခခိုင္လာတဲ့သေဘာလို႔ ဆိုပါတယ္။

ဒါေပမဲ့ တရုတ္နဲ႔ ဗိယက္နမ္ ျပည္တြင္းစစ္ကို သင္ခန္းစာယူဖို႔လည္း Anthony Davis က တင္ျပထားပါတယ္။ ေက်းလက္ေျပာက္ၾကားဘဝကေန ေအာင္ပြဲခံဖို႔ အဆင့္ (၃) ဆင့္ ေက်ာ္ျဖတ္ရမယ္လို႔ ဆိုပါတယ္။ ပထမအဆင့္မွာ ေျပာက္က်ားတပ္ဟာ ႀကီးထြားလာပါတယ္။ ဒုတိယအဆင့္က ျပည္သူ႔ေျပာက္က်ားနဲ႔ စစ္ေကာင္စီ အင္အားၿပိဳင္ၾကတဲ့ လိပ္ခဲတည္းလည္း အေျခအေန ျဖစ္ပါတယ္။ တတိယနဲ႔ ေနာက္ဆံုးအဆင့္မွာ ေျပာက္က်ားဘဝကေန ပံုမွန္တပ္အျဖစ္ အသြင္ကူးေျပာင္းသြားၿပီး အခ်က္အခ်ာေနရာေတြကို ထိန္းခ်ဳပ္လာႏိုင္ပါတယ္။ ဒီလိုအဆင့္ (၃) ဆင့္ ေျပာင္းလဲသြားပံုက အေျခအေနကိုလိုက္ၿပီး ေရာေထြးသြားတာလည္း ရိွတယ္လို႔ ဆိုပါတယ္။ အခ်ိန္အၾကာဆံုးကေတာ့ သူမသာကိုယ္မသာ လိပ္ခဲတည္းလည္း ျဖစ္ေနတဲ့ ဒုတိယအဆင့္ ျဖစ္ပါတယ္။ တတိယအဆင့္မွာ ေတာ္လွန္ေရးအသာရၿပီး ေအာင္ပြဲခံတာမို႔ အခ်ိန္အတိုဆံုးကာလျဖစ္ၿပီး တႏွစ္ေလာက္သာ ၾကာႏုိင္တယ္လို႔ ဆိုပါတယ္။

ျမန္မာ့ျပည္တြင္းစစ္ဟာ လိပ္ခဲတည္းလည္းကာလကို ေရာက္ေနပံုရေပမယ့္ ဘယ္ေလာက္ၾကာမယ္ဆိုတာကိုေတာ့ ခန္႔မွန္းရခက္တယ္လို႔ Anthony Davis က ဆိုပါတယ္။ စစ္ေကာင္စီတပ္မွာ လူအင္အားျပႆနာ ရိွေနေပမယ့္ လက္နက္အင္အားနဲ႔ ဖြဲ႔စည္းမႈ ရိွေနပါေသးတယ္။ ေတာ္လွန္ေရးတပ္ဖြဲ႔ေတြဟာ လက္နက္အင္အားနဲ႔ ဖြဲ႔စည္းမႈမွာ အားေကာင္းေအာင္ ႀကိဳးပမ္းေနရဆဲ ျဖစ္ပါတယ္။ ဒီေနရာမွာ ကရင္၊ ကခ်င္၊ ကယားနဲ႔ ခ်င္းစတဲ့ တိုင္းရင္းသားတပ္ေတြ အေရးပါလာပါတယ္။ သူတို႔နဲ႔ PDF တပ္ေတြ ပူးေပါင္းေဆာင္ရြက္လာရင္ လိပ္ခဲတည္းလည္းကာလဟာ တိုေတာင္းသြားႏုိင္ပါတယ္။ ဒီၾကားထဲမွာ အရင္ကလို အပစ္အခတ္ရပ္စဲေရး လုပ္လာရင္ေတာ့ ျပည္တြင္းစစ္ကာလ ၾကာရွည္သြားႏိုင္ပါတယ္။

ဝါရွင္တန္အေျခစိုက္ CSIS အဖြဲ႔က ဝါရင့္သုေတသီ Michael Martin ကေတာ့ စစ္ေကာင္စီဟာ ဆက္လက္ရပ္တည္ႏိုင္ေအာင္ မနည္းႀကိဳးပမ္းေနရတယ္လို႔ ဆိုပါတယ္။ ေတာ္လွန္ေရးတပ္ေတြ လက္နက္အင္အားနဲ႔ စည္းလံုးမႈအင္အား ေကာင္းဖို႔လိုတယ္လို႔ ရဲမ်ဳိးဟိန္းနဲ႔ Lucas Meyer က ယူဆပါတယ္။ ဒါေပမဲ့ စာနယ္ဇင္းအမ်ဳိးမ်ဳိးမွာ အျမင္အမ်ဳိးမ်ဳိးကိုု ေတြ႔ႏုိင္ပါတယ္။ ေတာ္လွန္ေရးေအာင္ပြဲခံေတာ့မယ္လို႔ လူမႈကြန္ရက္မွာ ေရးသားတာေတြကိုၾကည့္ၿပီး စိတ္ကူးနဲ႔ ၾကည္ႏူးေနမယ့္ အႏၱရာယ္ကို ႀကံဳေတြ႔ရႏိုင္တယ္လို႔ Economist စာေစာင္က သံုးသပ္ပါတယ္။ ေတာ္လွန္ေရးတပ္ဖြဲ႔ အမ်ားအျပား ေပၚေပါက္ေနၿပီး ၿမိဳ ႔နယ္တခုတည္းမွာ တပ္ဖြဲ႔ (၁၀) ဖြဲ႔ေက်ာ္ ရိွေနပါတယ္။ ဒါေပမဲ့ လက္နက္ခဲယမ္း ရွားပါးတာမို႔ ေျပာက္က်ားၿခံဳခိုတိုက္ပြဲနဲ႔ လုပ္ႀကံသတ္ျဖတ္တာေလာက္ပဲ လုပ္ႏုိင္ၾကပါတယ္။ တပ္ဖြဲ႔ေလးေတြ တိုင္းျပည္ႏုိင္ငံအနွံ႔အျပားမွာ တိုက္ခိုက္ေနတာကို သတင္းရယူဖို႔ အခက္အခဲ ရိွပါတယ္။

သတင္းယူတာကို ျပစ္မႈအျဖစ္ျမင္ေနလို႔ တိုက္ပြဲသတင္းကိုု သီးျခားအတည္ျပဳႏုိင္ဖို႔ အလြန္ခက္ခဲပါတယ္။ သက္ဆိုင္ရာအစိုးရဌာနကို ဖုန္းဆက္ေမးေတာ့လည္း မေျဖႏုိင္တာကမ်ားပါတယ္။ PDF အင္အားခန္္႔မွန္းရာမွာလည္း အမ်ဳိးမ်ဳိးျဖစ္ေနပါတယ္။ PDF အင္အားတသိန္းေလာက္ရိွၿပီး ၄၀ ရာခိုင္ႏႈန္းမွာ လက္နက္ရိွတယ္လို႔ War on the Rocks စာေစာင္မွာ ေဖာ္ျပထားပါတယ္။ Anthony Davis ကေတာ့ အင္အားငါးေသာင္းနဲ႔ တသိန္းၾကား ရိွႏိုင္ၿပီး ၂၀ ရာခိုင္ႏႈန္းေလာက္သာ လက္နက္ကိုင္ႏုိင္တယ္လို႔ ဆိုပါတယ္။ ဘ႑ာေရး၊ စစ္ေရးမွာ ကူညီႏုိင္ဖို႔ NUG ကိုယ္စားလွယ္ေတြက ဥေရာပမွာ ေမတၱာရပ္ခံထားပါတယ္။

ပခံုးထမ္းပစ္လို႔ရတဲ့ Stinger လို ဒံုးက်ည္ တရာေလာက္နဲ႔ စစ္သံုး M4 ေမာင္းျပန္ေသနတ္ေတြ အလံုအေလာက္ရရင္ ေအာင္ပြဲခံႏုိင္မယ္လို႔ ေတာ္လွန္ေရးဘက္က ခန္္႔မွန္းၾကတာဟာ ေဒၚလာသန္းတေထာင္ မေက်ာ္ဘူးလို႔ Michael Martin က ဆိုပါတယ္။ ဒီမိုကေရစီအတြက္ ႀကိဳးပမ္းေနၾကတဲ့ အဖြဲ႔အစည္းေတြကို ကူညီရမယ္လို႔ ၂၀၂၂ NDAA အက္ဥပေဒမွာ ေဖာ္ျပေပမယ့္ ဘိုင္ဒင္အစိုးရမွာ စစ္လက္နက္ကူညီဖို႔ အစီအစဥ္ မရိွတဲ့အတြက္ ျပည္တြင္းစစ္ ေရရွည္ျဖစ္ဖုိ႔သာ အလားအလာ ရိွေနပါတယ္။

==== Unicode ====

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

လွတ်လပ်ရေးရပြီး မကြာမီ ဖြစ်ပွားတဲ့ ပြည်တွင်းစစ်မီးဟာ ယနေ့အထိ တောက်လောင်နေဆဲလို့ ပြောနိုင်ပါတယ်။ ခေတ္တခဏ အပစ်အခတ်ရပ်စဲချိန်ကလွဲလို့ ပြည်နယ်အချို့မှာ တိုက်ပွဲဖြစ်နေကြပါတယ်။ ၂၀၂၁ နွေဦးတော်လှန်ရေး ဖြစ်ပွားတဲ့အခါ ပြည်တွင်းစစ်ဟာ အရှိန်အဟုန်နဲ့ ပြင်းထန်လာပြန်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင်လှုပ်ရှားမှု များပြားလာတဲ့အလျှောက် ဘယ်ဘက်ကအားသာတယ်၊ ဘယ်ဘက်ကအားနည်းတယ် စသဖြင့် သုံးသပ်လာကြပါတယ်။ သတင်းသမားတွေ အရေးယူခံနေရပြီး သတင်းလွတ်လပ်မှု မရှိလို့ ခန့်မှန်းရခက်ခဲတယ်လို့လည်း ပြောကြပါတယ်။

နိုင်ငံတကာ စာနယ်ဇင်းတွေမှာ လေ့လာသူတချို့က အမျိုးမျိုးထင်ကြေးပေးကြပါတယ်။ VOA ဆောင်းပါးရှင် ဇွမ်ဘာပီတာ Zsombor Peter ကတော့ မိုးတွင်းမှာ စစ်ကောင်စီရဲ့ စစ်ယန္တရားတွေ သယ်ယူပို့ဆောင်မှု ခက်ခဲတာဟာ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေအတွက် အခွင့်ကောင်းပဲလို့ ဇွန်လ (၉) ရက်နေ့က သုံးသပ်ပါတယ်။ ဝါရင့်သုတေသီ Anthony Davis ကလည်း PDF တပ်ဖွဲ့တွေဟာ သူတို့နေရာသူတို့ ထိန်းချုပ်ထားနိုင်နေပြီဖြစ်လို့ ပိုပြီးအခြေခိုင်လာတဲ့သဘောလို့ ဆိုပါတယ်။

ဒါပေမဲ့ တရုတ်နဲ့ ဗိယက်နမ် ပြည်တွင်းစစ်ကို သင်ခန်းစာယူဖို့လည်း Anthony Davis က တင်ပြထားပါတယ်။ ကျေးလက်ပြောက်ကြားဘဝကနေ အောင်ပွဲခံဖို့ အဆင့် (၃) ဆင့် ကျော်ဖြတ်ရမယ်လို့ ဆိုပါတယ်။ ပထမအဆင့်မှာ ပြောက်ကျားတပ်ဟာ ကြီးထွားလာပါတယ်။ ဒုတိယအဆင့်က ပြည်သူ့ပြောက်ကျားနဲ့ စစ်ကောင်စီ အင်အားပြိုင်ကြတဲ့ လိပ်ခဲတည်းလည်း အခြေအနေ ဖြစ်ပါတယ်။ တတိယနဲ့ နောက်ဆုံးအဆင့်မှာ ပြောက်ကျားဘဝကနေ ပုံမှန်တပ်အဖြစ် အသွင်ကူးပြောင်းသွားပြီး အချက်အချာနေရာတွေကို ထိန်းချုပ်လာနိုင်ပါတယ်။ ဒီလိုအဆင့် (၃) ဆင့် ပြောင်းလဲသွားပုံက အခြေအနေကိုလိုက်ပြီး ရောထွေးသွားတာလည်း ရှိတယ်လို့ ဆိုပါတယ်။ အချိန်အကြာဆုံးကတော့ သူမသာကိုယ်မသာ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ ဒုတိယအဆင့် ဖြစ်ပါတယ်။ တတိယအဆင့်မှာ တော်လှန်ရေးအသာရပြီး အောင်ပွဲခံတာမို့ အချိန်အတိုဆုံးကာလဖြစ်ပြီး တနှစ်လောက်သာ ကြာနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ့ပြည်တွင်းစစ်ဟာ လိပ်ခဲတည်းလည်းကာလကို ရောက်နေပုံရပေမယ့် ဘယ်လောက်ကြာမယ်ဆိုတာကိုတော့ ခန့်မှန်းရခက်တယ်လို့ Anthony Davis က ဆိုပါတယ်။ စစ်ကောင်စီတပ်မှာ လူအင်အားပြဿနာ ရှိနေပေမယ့် လက်နက်အင်အားနဲ့ ဖွဲ့စည်းမှု ရှိနေပါသေးတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဟာ လက်နက်အင်အားနဲ့ ဖွဲ့စည်းမှုမှာ အားကောင်းအောင် ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ကရင်၊ ကချင်၊ ကယားနဲ့ ချင်းစတဲ့ တိုင်းရင်းသားတပ်တွေ အရေးပါလာပါတယ်။ သူတို့နဲ့ PDF တပ်တွေ ပူးပေါင်းဆောင်ရွက်လာရင် လိပ်ခဲတည်းလည်းကာလဟာ တိုတောင်းသွားနိုင်ပါတယ်။ ဒီကြားထဲမှာ အရင်ကလို အပစ်အခတ်ရပ်စဲရေး လုပ်လာရင်တော့ ပြည်တွင်းစစ်ကာလ ကြာရှည်သွားနိုင်ပါတယ်။

ဝါရှင်တန်အခြေစိုက် CSIS အဖွဲ့က ဝါရင့်သုတေသီ Michael Martin ကတော့ စစ်ကောင်စီဟာ ဆက်လက်ရပ်တည်နိုင်အောင် မနည်းကြိုးပမ်းနေရတယ်လို့ ဆိုပါတယ်။ တော်လှန်ရေးတပ်တွေ လက်နက်အင်အားနဲ့ စည်းလုံးမှုအင်အား ကောင်းဖို့လိုတယ်လို့ ရဲမျိုးဟိန်းနဲ့ Lucas Meyer က ယူဆပါတယ်။ ဒါပေမဲ့ စာနယ်ဇင်းအမျိုးမျိုးမှာ အမြင်အမျိုးမျိုးကို တွေ့နိုင်ပါတယ်။ တော်လှန်ရေးအောင်ပွဲခံတော့မယ်လို့ လူမှုကွန်ရက်မှာ ရေးသားတာတွေကိုကြည့်ပြီး စိတ်ကူးနဲ့ ကြည်နူးနေမယ့် အန္တရာယ်ကို ကြုံတွေ့ရနိုင်တယ်လို့ Economist စာစောင်က သုံးသပ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ အများအပြား ပေါ်ပေါက်နေပြီး မြို့နယ်တခုတည်းမှာ တပ်ဖွဲ့ (၁၀) ဖွဲ့ကျော် ရှိနေပါတယ်။ ဒါပေမဲ့ လက်နက်ခဲယမ်း ရှားပါးတာမို့ ပြောက်ကျားခြုံခိုတိုက်ပွဲနဲ့ လုပ်ကြံသတ်ဖြတ်တာလောက်ပဲ လုပ်နိုင်ကြပါတယ်။ တပ်ဖွဲ့လေးတွေ တိုင်းပြည်နိုင်ငံအနှံ့အပြားမှာ တိုက်ခိုက်နေတာကို သတင်းရယူဖို့ အခက်အခဲ ရှိပါတယ်။

သတင်းယူတာကို ပြစ်မှုအဖြစ်မြင်နေလို့ တိုက်ပွဲသတင်းကို သီးခြားအတည်ပြုနိုင်ဖို့ အလွန်ခက်ခဲပါတယ်။ သက်ဆိုင်ရာအစိုးရဌာနကို ဖုန်းဆက်မေးတော့လည်း မဖြေနိုင်တာကများပါတယ်။ PDF အင်အားခန့််မှန်းရာမှာလည်း အမျိုးမျိုးဖြစ်နေပါတယ်။ PDF အင်အားတသိန်းလောက်ရှိပြီး ၄၀ ရာခိုင်နှုန်းမှာ လက်နက်ရှိတယ်လို့ War on the Rocks စာစောင်မှာ ဖော်ပြထားပါတယ်။ Anthony Davis ကတော့ အင်အားငါးသောင်းနဲ့ တသိန်းကြား ရှိနိုင်ပြီး ၂၀ ရာခိုင်နှုန်းလောက်သာ လက်နက်ကိုင်နိုင်တယ်လို့ ဆိုပါတယ်။ ဘဏ္ဍာရေး၊ စစ်ရေးမှာ ကူညီနိုင်ဖို့ NUG ကိုယ်စားလှယ်တွေက ဥရောပမှာ မေတ္တာရပ်ခံထားပါတယ်။

ပခုံးထမ်းပစ်လို့ရတဲ့ Stinger လို ဒုံးကျည် တရာလောက်နဲ့ စစ်သုံး M4 မောင်းပြန်သေနတ်တွေ အလုံအလောက်ရရင် အောင်ပွဲခံနိုင်မယ်လို့ တော်လှန်ရေးဘက်က ခန့််မှန်းကြတာဟာ ဒေါ်လာသန်းတထောင် မကျော်ဘူးလို့ Michael Martin က ဆိုပါတယ်။ ဒီမိုကရေစီအတွက် ကြိုးပမ်းနေကြတဲ့ အဖွဲ့အစည်းတွေကို ကူညီရမယ်လို့ ၂၀၂၂ NDAA အက်ဥပဒေမှာ ဖော်ပြပေမယ့် ဘိုင်ဒင်အစိုးရမှာ စစ်လက်နက်ကူညီဖို့ အစီအစဉ် မရှိတဲ့အတွက် ပြည်တွင်းစစ် ရေရှည်ဖြစ်ဖို့သာ အလားအလာ ရှိနေပါတယ်။

XS
SM
MD
LG