သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Anawar Ibrahim အပြစ်မရှိ တရားရုံးဆုံးဖြတ်

Anawar Ibrahim အပြစ်မရှိ တရားရုံးဆုံးဖြတ်
Anawar Ibrahim အပြစ်မရှိ တရားရုံးဆုံးဖြတ်

လိင်တူချင်းဆက်ဆံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးယူခံနေရတဲ့ မလေးရှား အတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင် (Anawar Ibrahim) ရဲ့ အမှုကို မလေးရှား တရားရုံးချုပ်က ဒီကနေ့ပဲ ပလပ်လိုက်ပါတယ်။ တရားလိုရှေ့နေတွေဘက်က DNA ခေါ် ဇီဝဗီဇဆိုင်ရာ သက်သေအချက်အလက်တွေနဲ့ တင်ပြတာတွေဟာ လက်ခံယုံကြည်နိုင်ဖို့ မရှိဘူးဆိုပြီး တရားရုံးက ဒီကနေ့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

အတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင်ဟာ သူ့ရဲ့ ကိုယ်ရေးအရာရှိဟောင်း အမျိုးသားတစ်ဦးနဲ့ လိင်ဆက်ဆံမှု ရှိခဲ့တယ်ဆိုတဲ့ သက်သေအချက်အလက် တင်ပြမှုတွေက လုံလောက်ပြည့်စုံမှုလည်း မရှိဘူးလို့ တရားသူကြီးက ပြောပါတယ်။ မူစလင် အများစုဖြစ်တဲ့ မလေးရှားနိုင်ငံမှာ လိင်တူချင်း ဆက်ဆံမှုဟာ တရားမဝင်ပါဘူး။

တကယ်လို့ အန်ဝါအီဘရာဟင်က ဒီပြစ်မှုကို ကျူးလွန်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့မယ်ဆိုရင် ထောင်ဒဏ်အနှစ် ၂၀ အထိ ကျနိုင်ပါတယ်။ တရားရုံးက သူ့ကို ပြန်လွှတ်ပေးလိုက်တာဟာ ဒီနှစ်ထဲမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲတွေမှာ ဝန်ကြီးချုပ် နဂျပ် ရာဇတ်ကို အားသာမှုရအောင် ကြိုးစားတဲ့ သဘောပဲလို့ အန်နဝါအီဘရာဟင်က သတင်းထောက်တွေကို ပြောပါတယ်။

သူဟာ လိင်တူချင်း ဆက်ဆံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၁၉၉၈ ခုနှစ်က ဒုဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက် ပေးခဲ့ရတာပါ။

This item is part of
XS
SM
MD
LG