သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Zuma နုတ်ထွက်ပေးရေး ANC အာဏာရပါတီ ကြိုးပမ်း


သမ္မတ Zuma
သမ္မတ Zuma

နိုင်ငံရေးတင်းမာမှုတွေ ကြုံနေရတဲ့ တောင်အာဖရိက နိုင်ငံမှာ ညှိနှိုင်းမှုတွေ သီတင်းတပတ်ကျော်ကြာ ပြုလုပ်ခဲ့ပေမယ့် မပြေလည်နိုင်ပဲ သမ္မတ Jacob Zuma နုတ်ထွက်ဖို့ အာဏာရ ပါတီ ANC က ခေါင်းဆောင်တွေက တောင်းဆိုခဲ့ရာကနေ တနင်္လာနေ့မှာတော့ အခြေနေဟာ အထွဋ်အထိပ်ကို ရောက်ခဲ့ပါတယ်။

ဒါပေမယ့် အတိုက်အခံတွေကတော့ ဆက်လက်လုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောဆိုရင်း Zuma နေရာမှာ အစားထိုးဖို့ ရွေးကောက်ပွဲကို စောပြီးကျင်းပပေးဖို့ တောင်းဆိုနေကြပါတယ်။

အတိုက်အခံပါတီတွေရဲ့ ညွန့်ပေါင်းအဖွဲ့ ကတော့ လွှတ်တော်မှာ အယုံအကြည်မရှိ အဆိုတင်သွင်းနိုင်ဖို့ လုပ်နေကြပြီး ဒါဟာ Zuma အတွက် ၉ ကြိမ်မြောက် မဲပေးကြမှာ ဖြစ်ပါတယ်။

အရင် မဲခွဲမှုတွေမှာတော့ Zuma ကို လက်ရှိအာဏာရ ANC ပါတီက ထောက်ခံခဲ့တာကြောင့် မဲခွဲရာမှာ ရှုံးခဲ့ကြပေမယ့် အခုတော့ အာဏာရပါတီရဲ့ ထောက်ခံမှုကို သူ မရတော့ပါဘူး။

အတိုက်အခံ ညွှန့်ပေါင်းအဖွဲ့ကို ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့နဲ့ လက်ဝဲစွန်းပါတီဖြစ်တဲ့ EFF စီးပွါးရေးလွတ်လပ်မှု တိုက်ပွဲဝင်သူတွေရဲ့ပါတီ တို့ကတော့ လွှတ်တော်ကို ဖျက်သိမ်းဖို့ တောင်းဆိုပြီး Zuma မရှိတော့ရင် ရွေးကောက်ပွဲကို စောပြီး ကျင်းပပေးဖို့ ပါ တောင်းဆိုကြတာပါ။

EFF ခေါင်းဆောင် Julius Malema ကတော့ အတိုက်အခံတွေဟာ ၂၀၁၉ နှစ်လည်ပိုင်း ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင်အထိ ဒုတိယ သမ္မတ Cyril Ramaphosa ကို Zuma နေရာ ဆက်ခံဖို့ ခွင့်ပြုမှာ မဟုတ်ကြောင်း ပြောပါတယ်။

Zuma နုတ်ထွက်ပေးဖို့ အတိုက်အခံတွေကရော တောင်အာဖရိက နိုင်ငံသားတွေကပါ တောင်းဆိုနေကြတာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG