သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကပ္ပလီပင်လယ်ပြင်မှာ သင်္ဘောမှောက် ခရီးသည် ၂၀ ကျော်သေ


ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်ပြင်ထဲက အိန္ဒိယရေပိုင်နက်ထဲမှာ ကူးတို့ သင်္ဘောတစင်းနစ်မြုပ်ခဲ့တဲ့အတွက် လူပေါင်း ၂၁ ယောက် သေဆုံးခဲ့ ရတယ်လို့ အိန္ဒိယတာဝန်ရှိသူတွေကပြောပါတယ်။

သင်္ဘောပေါ်မှာ အိန္ဒိယနိုင်ငံသားခရီးသွားတွေ လိုက်ပါလာတာဖြစ်ပြီး ၁၃ ဦး ကိုတော့ ကယ်တင်နိုင်ခဲ့တယ်လို့ စီမံခန့်ခွဲရေးဌာန ထိပ်တန်းအရာရှိတဦး ဖြစ်တဲ့ မစ္စ P. Jawahar ကပြောပါတယ်။ ဒါ့အပြင် သင်္ဘောပေါ်လိုက်ပါလာ သူတွေထဲက ၁၁ လောက် ပျောက်ဆုံးနေမယ်လို့ ခန့်မှန်းကြောင်းလည်း ပြောပါတယ်။

သင်္ဘောဟာ ကပ္ပလီပင်လယ်ပြင်အရှေ့ပိုင်း ကမ်းလွန်ဒေသ နီကိုဗာကျွန်းတွေ နားမှာ နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။ လိုက်ပါလာသူအားလုံးဟာ အိန္ဒိယနိုင်ငံသား တွေလို့ ရဲအရာရှိ Shahji ကပြောပါတယ်။ ကူးတို့သင်္ဘောရဲ့ဝမ်းဗိုက်မှာ အက်ကြောင်းပေါ်လာပြီး နောက်မှာ နစ်မြုပ်သွားခဲ့တယ်လို့လည်း သူက ပြောပါတယ်။ ဒီဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးဖို့ အာဏာပိုင်တွေက အမိန့်ပေးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ လှေသင်္ဘောဆောက်လုပ်မှုတွေ ညံ့ဖျင်းတတ်ကြပြီး လူလည်း မတန်တဆတင်တတ်ကြသလို ရေကြောင်းအန္တရာယ် ကင်းစေဖို့ချမှတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကလည်း လျော့ရဲလှတဲ့အတွက် အခုလို လှေသင်္ဘော နစ်မြုပ်မှုတွေနဲ့ သေဆုံးမှုတွေ မကြားခဏဖြစ်ပွားတတ်ပါတယ်။
XS
SM
MD
LG