သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖမ်းခံ တရားဟောဆရာကိစ္စ ကန်-တူရကီ ဝန်ကြီးချင်းဆွေးနွေး


တူရကီမှာ အဖမ်းခံထားရတဲ့ မြောက်ကယ်ရိုလိုင်းနားက အမေရိကန် ခရစ်ယာန်ဘုန်းတော်ကြီး Andrew Craig Brunson
တူရကီမှာ အဖမ်းခံထားရတဲ့ မြောက်ကယ်ရိုလိုင်းနားက အမေရိကန် ခရစ်ယာန်ဘုန်းတော်ကြီး Andrew Craig Brunson

တူရကီနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန် ခရစ်ယာန်ဘုန်းတော်ကြီး Andrew Brunson နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး Mike Pompeo နဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး Cavusoglu တို့ ဆွေးနွေးကြ တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက စနေနေ့မှာပြောပါတယ်။ ဘုန်းတော်ကြီး Brunson အပေါ် အကြမ်းဖက် ဝါဒ၊ သူလျှိုလုပ်မှုဆိုင်ရာစွဲချက်တွေနဲ့ ဖမ်းဆီးထားတာပါ။

ဝန်ကြီးနှစ်ဦး ဆွေးနွေးချက် အသေးစိတ်တွေကို မထုတ်ပြန်ပေမဲ့ သံတမန် နှစ်ဦးတို့ကြား ဒီကိစ္စကိုဖြေရှင်းရေးနဲ့ နှစ်ဘက်စိတ်ဝင် စားတဲ့ တခြားကိစ္စရပ်တွေကို ဖြေရှင်းရေး အခိုင်အမာရှိတဲ့အကြောင်း ပြောဆိုကြတယ်လို့ နိုင်ငံခြားရေးဌာနပြောခွင့်ရ Heather Nauert ကပြောပါတယ်။

ဘုန်းတော်ကြီး Brunson ကို ဖမ်းဆီးထားတာဟာ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် အစိုးရအတွက် ချက်ခြင်း ကိုင်တွယ် ဖြေရှင်းရမယ့် ကိစ္စရပ်တခုဖြစ်လာနေပြီး Brunson ကိုပြန်လွှတ်ပေးရေး ဖိအားတစိတ်တပိုင်းအနေနဲ့ ဒဏ်ခတ်အရေးယူ မယ်လို့ ခြိမ်းခြောက်ထား ပါတယ်။

ဘုန်းတော်ကြီး Brunson ဟာ ထောင်ထဲမှာ ၂၁ လကြာပြီးတဲ့နောက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကမှ နေအိမ် အကျယ်ချုပ် အဖြစ် ရွှေ့ပြောင်းခံထားရတာပါ။ ဘုန်းတော်ကြီး Brunson ကိစ္စကြောင့် မြောက်အတ္တလန်တိတ် စာချုပ် NATO အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ တူရကီနဲ့ အမေရိကန်တို့ အကြား ဆက်ဆံရေး မပြေမလည် ဖြစ်နေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG