သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မသန္စြမ္းသူမ်ား မ်က္ႏွာအမူအရာနဲ႔ မိုဘိုင္းဖုန္းသံုးႏိုင္ၿပီလို႔ Google ေၾကညာ


Google Android Phone

Zawgyi/Unicode

စကားေျပာဖို႔ ျဖစ္ေစ၊ ကိုယ္ကာယ လႈပ္ရွားဖို႔ျဖစ္ေစ အခက္အခဲရွိတဲ့ မသန္စြမ္းသူေတြအေနနဲ႔ Android စနစ္သုံး ဖုန္းေတြကို မ်က္ႏွာအမႈအရာလုပ္ၿပီး လြယ္လြယ္ကူကူသုံးႏိုင္ၿပီလို႔ Google ကုမၸဏီက ေၾကညာခဲ့ပါတယ္။
ဖုန္းေတြရဲ႕ အေရွ႕မ်က္ႏွာစာ ကင္မရာကတဆင့္ ဖုန္းသုံးသူရဲ႕ မ်က္ႏွာနဲ႔ မ်က္လုံးလႈပ္ရွားမႈေတြကို မွတ္သားဘာသာျပန္ႏိုင္တဲ့ AI စနစ္ေၾကာင့္ ဖုန္းသုံးသူအေနနဲ႔ ဖုန္းဖန္သားျပင္ကို လက္နဲ႔ ႏွိပ္စရာမလိုေတာ့ဘဲ ၿပဳံးျပတာ၊ ပါးစပ္ဖြင့္တာ၊ မ်က္ခုံးပင့္တာ၊ မ်က္လုံး ဘယ္ကေန ညာ၊ အေပၚကေန ေအာက္ ေ႐ႊ႕တာေတြလုပ္ၿပီး သုံးႏိုင္ၿပီျဖစ္ပါတယ္။
သာမန္လူေတြက ‘Hey Google’ လို႔ အသံျပဳၿပီး အသံနဲ႔ ဖုန္းကိုခိုင္းတာမ်ိဳး၊ လက္နဲ႔ ဖုန္းကို ကိုင္တြယ္သုံးတာမ်ိဳးလုပ္ႏိုင္ေပမဲ့ အဲဒီလို မလုပ္ႏိုင္တဲ့ မသန္စြမ္းေတြအတြက္ ခုလို မ်က္ႏွာအမူအရာ၊ မ်က္လုံးလႈပ္ရွားမႈလုပ္ၿပီး သုံးႏိုင္ေအာင္ တီထြင္တာျဖစ္တယ္လို႔ Google ကုမၸဏီကေျပာပါတယ္။
အေမရိကန္ျပည္ေထာင္စုမွာ မသန္စြမ္းသူ ၆၁ သန္းေလာက္ ရွိမယ္လို႔ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရး ဌာနက ခန႔္မွန္းပါတယ္။ ဒါေၾကာင့္လည္း ဒီလို မသန္စြမ္းသူေတြပါ အသုံးျပဳႏိုင္မယ့္ အီလက္ထေရာနစ္ ဆက္သြယ္ေရးပစၥည္းေတြကို Google, Apple နဲ႔ Microsoft ကုမၸဏီႀကီးေတြ အၿပိဳင္ တီထြင္ေနၾကတာပါ။ Android စနစ္သုံး ဖုန္းေတြအတြက္ အသစ္ထည့္သြင္းလိုက္တဲ့ နည္းသစ္ႏွစ္ခုေၾကာင့္မ်က္ႏွာအမူအရာလုပ္ၿပီး ဗြီဒီယိုေတြ၊ အသံေတြ ဖြင့္တာ၊ ဆက္သြယ္စကားေျပာတာ၊ စာပို႔တာေတြ လုပ္ႏိုင္ၾကေတာ့မွာျဖစ္ပါတယ္။

=======
Unicode

မသန်စွမ်းသူများ မျက်နှာအမူအရာနဲ့ မိုဘိုင်းဖုန်းသုံးနိုင်ပြီလို့ Google ကြေညာ

စကားပြောဖို့ ဖြစ်စေ၊ ကိုယ်ကာယ လှုပ်ရှားဖို့ဖြစ်စေ အခက်အခဲရှိတဲ့ မသန်စွမ်းသူတွေအနေနဲ့ Android စနစ်သုံး ဖုန်းတွေကို မျက်နှာအမှုအရာလုပ်ပြီး လွယ်လွယ်ကူကူသုံးနိုင်ပြီလို့ Google ကုမ္ပဏီက ကြေညာခဲ့ပါတယ်။
ဖုန်းတွေရဲ့ အရှေ့မျက်နှာစာ ကင်မရာကတဆင့် ဖုန်းသုံးသူရဲ့ မျက်နှာနဲ့ မျက်လုံးလှုပ်ရှားမှုတွေကို မှတ်သားဘာသာပြန်နိုင်တဲ့ AI စနစ်ကြောင့် ဖုန်းသုံးသူအနေနဲ့ ဖုန်းဖန်သားပြင်ကို လက်နဲ့ နှိပ်စရာမလိုတော့ဘဲ ပြုံးပြတာ၊ ပါးစပ်ဖွင့်တာ၊ မျက်ခုံးပင့်တာ၊ မျက်လုံး ဘယ်ကနေ ညာ၊ အပေါ်ကနေ အောက် ရွှေ့တာတွေလုပ်ပြီး သုံးနိုင်ပြီဖြစ်ပါတယ်။
သာမန်လူတွေက ‘Hey Google’ လို့ အသံပြုပြီး အသံနဲ့ ဖုန်းကိုခိုင်းတာမျိုး၊ လက်နဲ့ ဖုန်းကို ကိုင်တွယ်သုံးတာမျိုးလုပ်နိုင်ပေမဲ့ အဲဒီလို မလုပ်နိုင်တဲ့ မသန်စွမ်းတွေအတွက် ခုလို မျက်နှာအမူအရာ၊ မျက်လုံးလှုပ်ရှားမှုလုပ်ပြီး သုံးနိုင်အောင် တီထွင်တာဖြစ်တယ်လို့ Google ကုမ္ပဏီကပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ မသန်စွမ်းသူ ၆၁ သန်းလောက် ရှိမယ်လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဌာနက ခန့်မှန်းပါတယ်။ ဒါကြောင့်လည်း ဒီလို မသန်စွမ်းသူတွေပါ အသုံးပြုနိုင်မယ့် အီလက်ထရောနစ် ဆက်သွယ်ရေးပစ္စည်းတွေကို Google, Apple နဲ့ Microsoft ကုမ္ပဏီကြီးတွေ အပြိုင် တီထွင်နေကြတာပါ။ Android စနစ်သုံး ဖုန်းတွေအတွက် အသစ်ထည့်သွင်းလိုက်တဲ့ နည်းသစ်နှစ်ခုကြောင့်မျက်နှာအမူအရာလုပ်ပြီး ဗွီဒီယိုတွေ၊ အသံတွေ ဖွင့်တာ၊ ဆက်သွယ်စကားပြောတာ၊ စာပို့တာတွေ လုပ်နိုင်ကြတော့မှာဖြစ်ပါတယ်။

#Google #Android #AI #voaburmese #မိုဘိုင်းဖုန်း #မသန်စွမ်း #ဗွီအိုအေမြန်မာပိုင်း

XS
SM
MD
LG