သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Angelina Jolie ဘင်္ဂလားဒေရှ့်ခရီးစဉ် အဆုံးသတ်


Angelina Jolie ဘင်္ဂလားဒေရှ့်ခရီးစဉ် အဆုံးသတ်
Angelina Jolie ဘင်္ဂလားဒေရှ့်ခရီးစဉ် အဆုံးသတ်

ကုလသမဂ္ဂ လူသားချင်းစာနာမှှုဆိုင်ရာ UNHCR အထူးသံတမန် Angelina Jolie ဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို တောက်လျှောက်ကူညီထောက်ပံ့သွားဖို့နဲ့ ဒီဒုက္ခသည်တွေ နိုင်ငံမဲ့ဖြစ်တာတွေ၊ အိုးအိမ် စွန့်ပစ်ပြီးတော့ထွက်ခွာနေရတဲ့ကိစ္စတွေကို အဆုံးသတ်နိုင်ဖို့အတွက် လိုအပ်တာ လုပ်ဆောင်ဖို့ မြန်မာအစိုးရကို ဘင်္ဂလားဒေ့ရှ် ခရီးစဉ်ပြီးဆုံးချိန်မှာ တိုက်တွန်းလိုက်တယ်။

ဗုဒ္ဓဟူးနေ့က Dhaka မြို့တော်မှာ ဝန်ကြီးချုပ် Sheikh Hasinaနဲ့ နိုင်ငံခြားရေးရာဆိုင်ရာဝန်ကြီး AK Abdul Momen တို့ကိုတရားဝင်တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံရာမှာ သြဂုတ်လ ၂၀၁၇ ခုနှစ်ကစပြီး ဒုက္ခသည်ပေါင်း ၇၀၀,၀၀၀ ကျော် ကို ရက်ရက်ရောရော လက်ခံထားတဲ့အတွက် UNHCR က ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ ဘင်္ဂလားဒေ့ရှ် မှာ နေနိုင်ဖို့နဲ့ ဒီပြဿနာအဆုံးသတ်ရေးကိုလဲ UNHCR အနေနဲ့ ဆက်လက်ပြီးတော့ ထောက်ခံသွားမယ်ဆိုတာလည်း ထပ်တလဲလဲ ပြောကြားခဲ့ပါတယ်။ ကလေးတွေ ပညာရေးနဲ့ အနာဂတ်အရေးအတွက်လဲစိုးရိမ်တယ်လို့လည်း ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် မှာ လူသားချင်းစာနာမှုအတွက် ၂၀၁၉ ခုနှစ် ပူးတွဲ အရေးယူမှု အစီစဉ် ဖြစ်တဲ့ အလှှုငွေ ကောက်ခံမှုအသစ် မပြုလုပ်ခင် Angelina Jolie အခုလိုသွားရောက်တာဖြစ်ပါတယ်။ ဒီအလှုငွေ ကောက်ခံမှုမှာ အမေရိကန် ဒေါ်လာ သန်း ၉၂၀ ရရှိနိုင်ဖို့ မျှော်လင့်ပြီးတော့ ဒါဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အခြေခံလိုအပ်ချက်တွေနဲ့ သူတို့တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် ဒေသခံ လူ့အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်စီးနိုင်ဖို့ပဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG