သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျူးကျော်ရပ်ကွက်ရောက် မင်းသမီး Jolie

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကမ္ဘာကျော်မင်းသမီး အင်ဂျလီနာဂျိုလီတို့ လှိုင်သာယာ ကျူးကျော်ရပ်ကွက်အတွင်းက တဲတလုံးကို သွားရောက်လည်ပတ်ပြီး သိလိုတာတွေကို မေးမြန်းခဲ့စဉ်။ (သြဂုတ် ၁၊ ၂၀၁၅)
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကမ္ဘာကျော်မင်းသမီး အင်ဂျလီနာဂျိုလီတို့ လှိုင်သာယာ ကျူးကျော်ရပ်ကွက်အတွင်းက တဲတလုံးကို သွားရောက်လည်ပတ်ပြီး သိလိုတာတွေကို မေးမြန်းခဲ့စဉ်။ (သြဂုတ် ၁၊ ၂၀၁၅)

မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာဖြစ်နေတဲ့ပဋိပက္ခတွေရဲ့ ဆိုးကျိုး၊ စိန်ခေါ်မှုတွေနဲ့ နိုင်ငံရဲ့အနာဂတ်အတွက် အရေးကြီးတဲ့ ကိစ္စတွေကိုကူညီနိုင်ဖို့အတွက် ကုလသမဂ္ဂကိုယ်စားလှယ်တယောက်အနေနဲ့ လာရောက်ခဲ့တဲ့ Hollywood မင်းသမီး Angelina Jolie Pitt ဟာ ဒီကနေ့ လှိုင်သာယာစက်မှုဇုန်ကို သွားရောက်လေ့လာခဲ့ပါတယ်။ အထည်ချုပ်အလုပ်သမ တွေရဲ့ အခြေအနေကို လေ့လာသွားတဲ့အပြင် လှိုင်သာယာ ကျုးကျော်တဲတချို့ကိုသွားပြီး မိသားစုတွေကို တွေ့ဆုံခဲ့ ပါတယ်။ ကုလသမဂ္ဂကိုယ်စားလှယ် မင်းသမီး Angelina Jolie Pitt ရဲ့ ခရီးစဉ်အတွင်း လူမှုရေး၊ နိုင်ငံရေး၊ ဒုက္ခသည်တွေ အရေးကို လေ့လာသွားတဲ့အကြောင်းကို မစုမြတ်မွန်က တင်ပြပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ Hollywood ရုပ်ရှင်မင်းသမီး Angelina Jolie Pitt ဟာ ဒီကနေ့ စနေနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လှိုင်သာယာစက်မှုဇုန်ကို သွားရောက်လေ့လာခဲ့ပါတယ်။

မြန်မာ့ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟောလိဝု် ဂျိုလီတို့ရဲ့ လှိုင်သာယာကျူးကျော်ရပ်ကွက်သို့ လေ့လာရေးခရီး

Daw Aung San Suu Kyi and Hollywood atress Angelina Jolie Pitt, United Nations High Commissioner for Refugees special envoy and co-founder of the Preventing Sexual Violence Initiative,visits  Yangon, Hlaing Tharyar industrial area to study female workers a
1/7 Daw Aung San Suu Kyi and Hollywood atress Angelina Jolie Pitt, United Nations High Commissioner for Refugees special envoy and co-founder of the Preventing Sexual Violence Initiative,visits Yangon, Hlaing Tharyar industrial area to study female workers a
Daw Aung San Suu Kyi and Hollywood atress Angelina Jolie Pitt, United Nations High Commissioner for Refugees special envoy and co-founder of the Preventing Sexual Violence Initiative,visits  Yangon, Hlaing Tharyar industrial area to study female workers a
2/7 Daw Aung San Suu Kyi and Hollywood atress Angelina Jolie Pitt, United Nations High Commissioner for Refugees special envoy and co-founder of the Preventing Sexual Violence Initiative,visits Yangon, Hlaing Tharyar industrial area to study female workers a
Daw Aung San Suu Kyi and Hollywood atress Angelina Jolie Pitt, United Nations High Commissioner for Refugees special envoy and co-founder of the Preventing Sexual Violence Initiative,visits  Yangon, Hlaing Tharyar industrial area to study female workers a
3/7 Daw Aung San Suu Kyi and Hollywood atress Angelina Jolie Pitt, United Nations High Commissioner for Refugees special envoy and co-founder of the Preventing Sexual Violence Initiative,visits Yangon, Hlaing Tharyar industrial area to study female workers a
Daw Aung San Suu Kyi and Hollywood atress Angelina Jolie Pitt, United Nations High Commissioner for Refugees special envoy and co-founder of the Preventing Sexual Violence Initiative,visits  Yangon, Hlaing Tharyar industrial area to study female workers a
4/7 Daw Aung San Suu Kyi and Hollywood atress Angelina Jolie Pitt, United Nations High Commissioner for Refugees special envoy and co-founder of the Preventing Sexual Violence Initiative,visits Yangon, Hlaing Tharyar industrial area to study female workers a
Daw Aung San Suu Kyi and Hollywood atress Angelina Jolie Pitt, United Nations High Commissioner for Refugees special envoy and co-founder of the Preventing Sexual Violence Initiative,visits  Yangon, Hlaing Tharyar industrial area to study female workers a
5/7 Daw Aung San Suu Kyi and Hollywood atress Angelina Jolie Pitt, United Nations High Commissioner for Refugees special envoy and co-founder of the Preventing Sexual Violence Initiative,visits Yangon, Hlaing Tharyar industrial area to study female workers a
Daw Aung San Suu Kyi and Hollywood atress Angelina Jolie Pitt, United Nations High Commissioner for Refugees special envoy and co-founder of the Preventing Sexual Violence Initiative,visits  Yangon, Hlaing Tharyar industrial area to study female workers a
6/7 Daw Aung San Suu Kyi and Hollywood atress Angelina Jolie Pitt, United Nations High Commissioner for Refugees special envoy and co-founder of the Preventing Sexual Violence Initiative,visits Yangon, Hlaing Tharyar industrial area to study female workers a
Daw Aung San Suu Kyi and Hollywood atress Angelina Jolie Pitt, United Nations High Commissioner for Refugees special envoy and co-founder of the Preventing Sexual Violence Initiative,visits  Yangon, Hlaing Tharyar industrial area to study female workers a
7/7 Daw Aung San Suu Kyi and Hollywood atress Angelina Jolie Pitt, United Nations High Commissioner for Refugees special envoy and co-founder of the Preventing Sexual Violence Initiative,visits Yangon, Hlaing Tharyar industrial area to study female workers a
Previous slide
Next slide

အထည်ချုပ်စက်ရုံအလုပ်သမတွေ စုနေကြတဲ့အိမ်တအိမ်ကို သွားခဲ့တဲ့ သူတို့ ၂ ယောက်ဟာ မြန်မာနိုင်ငံက စက်ရုံလုပ်သားတွေရဲ့ လုပ်ခလစာနဲ့ လုပ်ငန်းခွင်တွင်းအခြေအနေတွေကို မေးမြန်း လေ့လာခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ Angelina Jolie Pitt တို့ဟာ လှိုင်သာယာ ကျူးကျော် ရပ်ကွက်ထဲက တဲတချို့ဆီကိုလည်း မထင်မှတ်ဘဲ ဝင်ရောက်ပြီး ကျူးကျော်နေရသူ မိသားစုတွေရဲ့နေရေထိုင်ရေး၊ ပညာရေး အခြေအနေတွေအပြင်
မဲစာရင်းကိစ္စတွေကို လေ့လာသွားကြပါတယ်။

“အမျိုးသမီးပိုင်းဆိုင်ရာပေါ့နော်၊ ဘာများထူးခြားမှုရှိလဲဆိုပြီး အဲဒါ လာမေးတာခင်ဗျ။ အမေစုကတော့ ဒီလိုပါပဲ၊ အားပေးစကားတွေပြောတာပေါ့။ ဇွဲမလျှော့ဖို့ပေါ့။ ဒီလိုဘဝမျိုး ရောက်သော်ငြားလည်း ဇွဲမလျှော့ကြဖို့ အဲဒီလို အားပေးစကားတွေ ပြောကြတာပါပဲ။ သူကတော့ မေးတာကတော့ဗျာ၊ ဘာကြောင့် ဒီလိုနေရာကို ရောက်လာတယ် ဆိုတဲ့အကြောင်းတွေမေးတာပေါ့။ ကျနော်တို့က နာဂစ်ပြီးသွားတဲ့အချိန်မှာကျတော့ အကုန်လုံးက ဆောင်းစပါးတွေရော၊ နွေစပါးတွေရော၊ ပဲတွေရော၊ ငရုပ်တွေကအစ အကုန်လုံးပျက်စီးပြီး ကွင်းပြင်တွေပျက်ပြီးတော့ ဘဝလက်မဲ့လိုဖြစ်သွားပြီး ကျနော်တို့က တောင်ပြေး၊ မြောက်ပြေးဖြစ်ပြီး ဒီကိုရောက်လာခဲ့တဲ့အကြောင်းတွေ၊ အဲဒီမှာ သူက အဲလိုမေးတော့ ကျနော်တို့က အဲလိုဖြေကြတယ်လေ။”

ဒေါ်အောင်ဆန်းစုကြည်တို့ လာသွားခဲ့တဲ့ အိမ်တအိမ်က ကိုသစ်ဦးဖြစ်ပါတယ်။ ကျူးကျော်တဲတလုံးမှာနေတဲ့ ဒေါ်အေးသန်းကလည်း ဒေါ်စုနဲ့ မင်းသမီး Jolie တို့က ကလေးတွေရဲ့ ပညာရေးအခြေအနေတွေကိုလည်း မေးသွားတယ်လို့ ပြောပြပါတယ်။

“ဒေါ်စုနဲ့မင်းသမီးက ကိုယ့်ဘဝကိုပေါ့နော် ကြိုးစားကြပေါ့နော်၊ စိတ်ဓာတ်မကျကြနဲ့ဆိုတဲ့အကြောင်းကို ပြောသွားတယ်။ ဘာတွေမေးသွားလဲဆိုတော့ ကလေးတွေ ကျောင်းတက်တဲ့လူ ဘယ်နှစ်ယောက်ရှိလဲ- သုံးယောက်လုံးရှိတယ်လို့ ဖြေတာပေါ့နော်။ ဘယ်နှစ်တန်းလဲဆိုတော့ - နှစ်တန်းနဲ့ လေးတန်းပေါ့နော်။ အကြီးမလေး နှစ်ယောက်ကတော့ ၄ တန်း၊ အငယ်မလေးက ၂ တန်းပေါ့။”

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အထူးကိုယ်စားလှယ်အနေနဲ့ရော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးအဖွဲ့ကို ပူးတွဲတည်ထောင်သူအနေနဲ့ပါ မြန်မာနိုင်ငံကိုလာရောက်တဲ့ Hollywood မင်းသမီးဟာ မနေ့တုန်းကလည်း အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ သွားရောက်တေ့ွဆုံခဲ့ပါတယ်။ အမျိုးသမီး အခွင့်အရေးနဲ့ ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ပါဝင်ရေး She Leads ဆိုတဲ့အစီအစဉ်နဲ့ ပညာပေး ဆောင်ရွက် နေတဲ့ အမျိုးသမီးတွေနဲ့ရန်ကုန်မြို့မှာ တွ့ဆုံပြီး နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကျရင် အမျိးသမီးနဲ့ မိန်းကလေးတွေရဲ့အနာဂတ် ကောင်းမွန် သေချာအောင် ပါဝင်မဲထည့်ကြပါလို့ တိုက်တွန်းသွားခဲ့ပါတယ်။ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေကိုလည်း သောကြာနေ့မှာပဲ သွားရောက် တေ့ွဆုံခဲ့ပါသေးတယ်။ ဇူလိုင်လ ၃၀ ရက် ကြာသပတေးနေ့ တုန်းကတော့ ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်စခန်းတခုဆီကို သွားရောက်ပြီး ဒုက္ခသည်တွေရဲ့ အခြေအနေကို လေ့လာခဲ့ပါတယ်။ အိုးအိမ်ပစ်ထွက်ပြေးခဲ့ကြရတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာတဲ့ အကူအညီတွေရရှိနိုင်ဖို့ အရေးကြီးတဲ့အကြောင်း ကုလသမဂ္ဂကိုယ်စားလှယ် Angelina Jolie Pitt က အလေးထားပြောခဲ့တဲ့အကြောင်းကို ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးနဲ့ မိန်းကလေးတွေ အဓိပ္ပာယ်ရှိတဲ့ နေရာကနေ တက်တက်ကြွကြွပါဝင်နိုင်ဖို့ အရေးကြီးတဲ့အကြောင်းနဲ့ ရွေးကောက်ပွဲကျရင်လည်း အိုးအိမ်မဲ့ ဒုက္ခသည်တွေအပါအဝင် ပြည်သူတိုင်း မဲပေးနိုင်ခွင့်ရဖို့ အရေးကြီးတယ်လို့Angelina Jolie Pitt ကပြောပါတယ်။ ရခိုင်ပြည်နယ်ကို သွားဖို့အစီအစဉ်ရှိပေမယ့် ရာသီဥတု ဆိုးတဲ့ အတွက် မသွားနိုင်ခဲ့ပါဘူး။ သူ့ရဲ့ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ လွှတ်တော်နာယက သူရဦးရွှေမန်း၊ ကာကွယ်ရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်တို့တွေနဲ့လဲ တွေ့ဆုံခဲ့ပြီးလူသားချင်းစာနာမှု အကူအညီပေးရေး၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်ရေး စတဲ့ ကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။ Angelina Jolie Pitt ကို Tomb Raider ရုပ်ရှင်ထဲက မင်းသမီးအနေနဲ့ မြန်မာနိုင်ငံမှာ အသိများကြပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG