သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရားဇီးနဲ့နယ်သာလန် အင်ဒိုနီးရှားဆိုင်ရာ သံအမတ်တွေ ပြန်ရုပ်


အင်ဒိုနီးရှားမှာ မူးယစ်ဆေးမှောင်ခိုမှုနဲ့ သေဒဏ်စီရင်ခံရသူတွေရဲ့ ရုပ်အလောင်းကို သယ်ဆောင်လာတဲ့ အရေးပေါ်ကား။ (ဇန်နဝါရီ ၁၇၊ ၂၀၁၅)
အင်ဒိုနီးရှားမှာ မူးယစ်ဆေးမှောင်ခိုမှုနဲ့ သေဒဏ်စီရင်ခံရသူတွေရဲ့ ရုပ်အလောင်းကို သယ်ဆောင်လာတဲ့ အရေးပေါ်ကား။ (ဇန်နဝါရီ ၁၇၊ ၂၀၁၅)

မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနဲ့ပတ်သက်ပြီး နိုင်ငံခြားသား ၅ ယောက်နဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁ ယောက်အပါအဝင် လူ ၆ ယောက်ကို အင်ဒိုနီးရှားနိုင်ငံက သေဒဏ်ချမှတ်မှု မှာ Brazil နဲ့ Netherlands နိုင်ငံတွေရဲ့အသနားခံစာကို လျစ်လျူရှုခဲ့တယ်ဆိုပြီး အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ Brazil နဲ့ Netherlands သံအမတ်တွေကို သက်ဆိုင်ရာ နိုင်ငံတွေက ပြန်ပြီးခေါ်ယူခဲ့ပါတယ်။

ဒီလူ ၆ ယောက်ကို အင်ဒိုနီးရှားနိုင်ငံ Java အလယ်ပိုင်းဒေသမှာ ဒီနေ့ တနင်္ဂနွေနေ့ မနက်လင်းအားကြီးမတိုင်ခင်က သေနတ်နဲ့ ပစ်ခတ်အဆုံးစီရင်ခဲ့တယ်လို့ ရှေ့နေချုပ် ရုံးက ပြောပါတယ်။ အင်ဒိုနီးရှားအစိုးရအနေနဲ့ မူးယစ်ဆေး မှောင်ခိုရောင်းဝယ်သုံးစွဲသူအားလုံးနဲ့ ဘယ်လိုညှိနှိုင်းမှုမျိုးမှ လုပ်မှာမဟုတ်ဘူးဆိုတာကိုပြတဲ့လုပ်ရပ် ဖြစ်တယ်လို့ အင်ဒိုနီးရှားရှေ့နေချုပ်က ပြောပါတယ်။

ဒီသေဒဏ်ပေးမှု လူူသားဂုဏ်သိက္ခာနဲ့ ဖြစ်တည်မှုကိုငြင်းပယ်တဲ့ လက်မခံနိုင်စရာ ပြစ်ဒဏ်ဖြစ်တယ်လို့ Dutch နိုင်ငံခြားရေးဝန်ကြီး Bert Koenders က ပြောဆိုပါတယ်။

ခုလို သေဒဏ်ပေးလိုက်တာဟာ Brazil နဲ့ အင်ဒိုနီးရှားနှစ်နိုင်ငံဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်မှုရှိလိမ့်မယ်လို့ BRAZIL အစိုးရက ကျေညာချက် ထုတ်ပြန် ပါတယ်။ Brazil နဲ့Netherlandနိုင်ငံသားတွေနဲ့အတူ မာလာဝီ၊ နိုင်ဂျီးရီးယားနဲ့ ဗီယက်နမ်နိုင်ငံသားတွေကိုလည်း ပစ်ခတ် သေဒဏ်ပေးခံခဲ့ရပါတယ်/

အောက်တိုဘာလက တာဝန် စထမ်းဆောင်ခဲ့တဲ့ သမ္မတ Joko Widodo က မူးယစ်ဆေး တရားမဝင် ရောင်းချမှုကို ပြတ်ပြတ်သားသား ကိုင်တွယ် နှိမ်နင်းတယ်ဆိုတဲ့ သဘောထားကို ပြသတဲ့အနေနဲ့ မူးယစ်မှောင်ခိုမှုတွေအတွက် အသနားခံစာတွေကို ပယ်ချခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG