သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာပေါ်မှာ တိရစ္ဆာန်နဲ့ သစ်ပင်အရေအတွက် ကျဆင်း


ကမ္ဘာတဝှမ်း အပင်နဲ့ တိရစ္ဆာန် အရေအတွက်ကျဆင်းမှုနဲ့ ကြုံနေရတယ်လို့ ကုလသမဂ္ဂ လေ့လာချက်တရပ်မှာ တွေ့ရှိခဲ့ပါတယ်၊၊

သောကြာနေ့က ကိုလံဘီယာနိုင်ငံ သိပ္ပံပညာရှင်တွေ ဆွေးနွေးပွဲက ထုတ်ပြန်တဲ့ အစီရင်ခံစာ အရ အမေရိက၊ ဥရောပ၊ အာရှအလယ်ပိုင်း၊ အာဖရိက နဲ့ အာရှပစိဖိတ်ဒေသတွေမှာ သစ်ပင်နဲ့ တိရိစ္ဆာန်တွေ အရေအတွက် အရှိန်အဟုန်နဲ့ ကျဆင်းနေတယ်လို့ ဖော်ပြထားပါတယ်၊၊

ဒီအစီရင်ခံစာ မှာ သိပ္ပံပညာရှင် ၆၀၀ ကျော် ၃ နှစ်အတွင်း လေ့လာတွေ့ရှိချက်တွေပါဝင်ပါတယ်။ ဒီစိုးရိမ်စရာအခြေအနေဟာ လူတိုင်းအတွက် စီးပွါးရေး၊ အသက်မွေးဝမ်းကြောင်း၊ အစားအသောက်လုံခြုံမှု ၊ လူမှုဘ၀ အရည်အသွေးတွေကို ခြိမ်းခြောက်နေတယ်လို့ ဇီဝမျိုးကွဲ နဲ့ ဂေဟစနစ်လေ့လာရေး အဖွဲ့ IPBES ကသတိပေးလိုက်ပါတယ်။

င်္ဒီလေ့လာတွေ့ရှိချက်အရ ၂၀၅၀ ပြည့်နှစ်မှာ အမေရိကတိုက်မှာ အပင်နဲ့ တိရိစ္ဆာန်အရေအတွက်ဟာ ၁၇၀၀ ပြည့်နှစ်တွေကထက် ၄၀ % လျော့နည်းသွားမှာဖြစ်တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ကမ္ဘာပေါ်မှာ တိရစ္ဆာန်နဲ့ သစ်ပင်အရေအတွက် ကျဆင်း
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG