သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းသမီး Jolie ကချင်ဒုက္ခသည်တွေနဲ့တွေ့ဆုံ

ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး Angelina Jolie  ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကိုရောက်ရှိ။
1/9 ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး Angelina Jolie  ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကိုရောက်ရှိ။
A man carries a young girl on his shoulders near Victoria station in Manchester, England. Twenty two people were killed and dozens injured after a suspected suicide bomber targeted fans leaving a concert of U.S. singer Ariana Grande in Manchester.
2/9 A man carries a young girl on his shoulders near Victoria station in Manchester, England. Twenty two people were killed and dozens injured after a suspected suicide bomber targeted fans leaving a concert of U.S. singer Ariana Grande in Manchester.
Facebook CEO and Harvard dropout Mark Zuckerberg, right, gestures as actor James Earl Jones, left, looks on while seated on stage during Harvard University commencement exercises, in Cambridge, Massachusetts. Zuckerberg was presented with an honorary Doctor of Laws degree and gave a commencement address.
3/9 Facebook CEO and Harvard dropout Mark Zuckerberg, right, gestures as actor James Earl Jones, left, looks on while seated on stage during Harvard University commencement exercises, in Cambridge, Massachusetts. Zuckerberg was presented with an honorary Doctor of Laws degree and gave a commencement address.
A Palestinian artist decorates the Qahwetna Cafe (Our Coffee) one day ahead of Ramadan, in Gaza City, as the faithful prepare for the start of the Muslim holy month.
4/9 A Palestinian artist decorates the Qahwetna Cafe (Our Coffee) one day ahead of Ramadan, in Gaza City, as the faithful prepare for the start of the Muslim holy month.
Angelina Jolie  ကချင်ပြည်နယ် မြစ်ကြီးနားမြို့က Jam Mai Kaung ဒုက္ခသည်စခန်းကို ဒီကနေ့ သွားရောက်ပြီး ဒုက္ခသည်တွေနဲ့တွေ့ဆုံ။
5/9 Angelina Jolie  ကချင်ပြည်နယ် မြစ်ကြီးနားမြို့က Jam Mai Kaung ဒုက္ခသည်စခန်းကို ဒီကနေ့ သွားရောက်ပြီး ဒုက္ခသည်တွေနဲ့တွေ့ဆုံ။
A Jewish woman named Renee Rachel Black and a Muslim man named Sadiq Patel react next to floral tributes for the victims of the deadly Manchester concert suicide bombing, at St. Ann's Square in Manchester, Britain.
6/9 A Jewish woman named Renee Rachel Black and a Muslim man named Sadiq Patel react next to floral tributes for the victims of the deadly Manchester concert suicide bombing, at St. Ann's Square in Manchester, Britain.
Angelina Jolie  ကချင်ပြည်နယ် မြစ်ကြီးနားမြို့က Jam Mai Kaung ဒုက္ခသည်စခန်းကို ဒီကနေ့ သွားရောက်။
7/9 Angelina Jolie  ကချင်ပြည်နယ် မြစ်ကြီးနားမြို့က Jam Mai Kaung ဒုက္ခသည်စခန်းကို ဒီကနေ့ သွားရောက်။
မြန်မာသမ္မတဦးသိန်းစိန်နဲ့ ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး ရဲ့ အထူးကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံ ကိုရောက်ရှိနေ တဲ့ Angelina Jolie တွေ့ဆုံ။
8/9 မြန်မာသမ္မတဦးသိန်းစိန်နဲ့ ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး ရဲ့ အထူးကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံ ကိုရောက်ရှိနေ တဲ့ Angelina Jolie တွေ့ဆုံ။
ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး ရဲ့ အထူးကိုယ်စားလှယ် အဖြစ် ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး Angelina Jolie မြန်မာနိုင်ငံ ကိုရောက်ရှိ။
9/9 ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး ရဲ့ အထူးကိုယ်စားလှယ် အဖြစ် ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး Angelina Jolie မြန်မာနိုင်ငံ ကိုရောက်ရှိ။
Previous slide
Next slide

ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး ရဲ့ အထူးကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံ ကိုရောက်ရှိနေ တဲ့ ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး Angelina Jolie ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က Jam Mai Kaung ဒုက္ခသည်စခန်းကို ဒီကနေ့ သွားရောက် ခဲ့ပါတယ်။ ဒုက္ခသည်စခန်းအတွင်းမှာတော့ ၂၀၁၂ ခုနှစ်တုန်း ကတည်းက အစိုးရရဲ့ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ ဦးဘရန်ရှောင် မိသားစုဝင် အချို့နဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။ ဒီနောက် ညနေပိုင်း မှာတော့ မြစ်ကြီးနားမြို့ပေါ် မှာပဲ ကချင်အရပ်ဖက်အဖွဲ့အစည်းက တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။

မနက်ဖြန်ကျရင်တော့ ကချင်ပြည်နယ်အစိုးရ ဝန်ကြီးချုပ်နဲ့တွေ့ဖို့ စီစဉ်ထားတယ် လို့လည်း သိရပါတယ်။ မနေ့တုန်းကတော့ ရခိုင်ပြည်နယ် စစ်တွေကို သွားဖို့ စီစဉ်ထားပေမယ့်၊ ရာသီဥတုဆိုးဝါးပြီး လေယာဉ်မဆင်းနိုင်တာကြောင့် မသွားရောက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ဒုက္ခသည်တွေအရေးကိစ္စနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိစ္စရပ်တွေနဲ့ပတ်သက်လို့ သက်ဆိုင်သူတွေ ကို ဆွေးနွေးမေးမြန်းဖို့အတွက် လာရောက်တဲ့ခရီးစဉ်ဖြစ်တယ်လို့ ဒီခရီးစဉ်နဲ့ပတ်သက်လို့ သူ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Angelina Jolie ဟာ ယခင်ကတော့ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေဆီကို လာရောက်ခဲ့ဖူးပြီး၊ အခု တကြိမ် လာရောက်ခြင်း ကတော့ မြန်မာနိုင်ငံတွင်းကို တရားဝင် ပထမဆုံးအကြိမ် လာရောက်မှုဖြစ်ပါတယ်။

မနေ့တုန်းကတော့ မြန်မာသမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်းတို့နဲ့ နေပြည်တော်မှာ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ မြန်မာပြည် လာရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေး ဖိတ်ကြားမှုရတဲ့နောက်၊ အခု ဒီခရီးစဉ်ဖြစ်လာတာလို့လည်း Jolie ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG