သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိဘက်ပြည်သူ့အုံကြွမှု ၅၈ နှစ်မြောက်


တိဘက်ပြည်သူ့အုံကြွမှု ၅၈ နှစ်မြောက်နေ့ (မတ်၁၀၊ ၂၀၁၇)
တိဘက်ပြည်သူ့အုံကြွမှု ၅၈ နှစ်မြောက်နေ့ (မတ်၁၀၊ ၂၀၁၇)

တရုတ်အုပ်ချုပ်ရေးအပေါ် တိဘက်လူမျိုးတွေ ပုန်ကန်အုံကြွမှုစတင်တဲ့နေ့ ၅၈ နှစ်ပြည့် အထိမ်းအမှတ်ပွဲတွေကို ကမ္ဘာတဝန်းက တိဘက်လူမျိုးတွေ ဆင်နွဲနေကြချိန်မှာပဲ တိဘက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး Dalai Lama ရဲ့ တိဘက်ခွဲထွက်ရေး လှုပ်ရှားမှုတွေကို လုံးဝနှိမ်နှင်းသွားမယ်လို့ တရုတ်အစိုးရကပြောလိုက်ပါတယ်။

ခွဲထွက်ရေးဝါဒကို လက်မခံဘူးဆိုတာ တရုတ်အစိုးရက ပြတ်ပြတ်သားသား ပြသ မှာဖြစ်တယ်လို့ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြီးအကဲက ပြောလိုက်တာပါ။ ဘုန်းတော်ကြီး Dalai Lama ဟာခွဲထွက်ရေးကြိုးပမ်းနေတဲ့ အန္တရာယ်ရှိသူလို့ တရုတ်တို့က သတ်မှတ်ထားပါတယ်။ Nobel ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး Dalai Lama ကတော့ တိဘက်ဒေသအတွက် စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့သာ လိုလားပြီး အကြမ်းဖက်မှု အားပေးတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။

အခုတိဘက်မြို့တော်ဖြစ်တဲ့ Lhasa မြို့မှာ ၁၉၅၉ ခုနှစ် မတ်လ ၁၀ ရက်နေ့တုန်းက တရုတ်တို့ဝင်ရောက် သိမ်းပိုက်မှုကို ဆန္ဒကျင်ခဲ့တဲ့ အုံကြွမှု အထိမ်းအမှတ် နှစ်ပါတ်လည်ပွဲ ကို ပြည်ပရောက်တိဘက်အစိုးရ ရုံးစိုက်ရာ India နိုင်ငံ Dharamsala မှာကျင်းပခဲ့ကြပါတယ်။ အမေရိကန်၊ Australia၊ ဂျပန်စတဲ့ နိုင်ငံတွေမှာလည်း တိဘက်အရေးထောက်ခံသူတွေက မတ်လ ၁၀ ရက်နေ့ အုံကြွမှုလို့ သိကြတဲ့နေ့အတွက် နှစ်ပါတ်လည်အခမ်းအနားတွေ ကျင်ပခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG