သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Golden Globes ဆုပေးပွဲ လိင်ပိုင်းမဖွယ်မရာပြုမှု ဆန့်ကျင်ဖော်ပြ


 Golden Globes ရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာ အနက်ရောင်တွေ ဝတ်ထားတဲ့ အနုပညာရှင် အမျိုးသမီးတွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်း ထုတ်ဖေါ်
Golden Globes ရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာ အနက်ရောင်တွေ ဝတ်ထားတဲ့ အနုပညာရှင် အမျိုးသမီးတွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်း ထုတ်ဖေါ်

တနင်္ဂနွေနေ့ည အမေရိကန်ပြည်ထောင်စု Hollywoodမှာ ကျင်းပတဲ့ Golden Globes ရုပ်ရှင် ထူးချွန်ဆုပေးပွဲ ကော်ဇော်နီပေါ်မှာ အနက်ရောင်တွေ ဝတ်ထားတဲ့ အနုပညာရှင် အမျိုးသမီးတွေက လွှမ်းမိုးခဲ့ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်း ထုတ်ဖေါ်ခဲ့ကြပါတယ်။

ဟောလီဝုဒ်ရုပ်ရှင်လောကနဲ့ ကမ္ဘာတဝှမ်း လုပ်ငန်းခွင်တွေမှာ အမျိုးသမီးတွေအပေါ် လိုင်ပိုင်းဆိုင်ရာ မဖွယ်မရာ ကျုးလွန်တာတွေ ရှိနေတာကို ဆန့်ကျင်ဖို့ တောင်းဆိုနေတဲ့ Times Up လို့ ခေါ်တဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားရေးအဖွဲ့နဲ့ သွေးစည်းမှုကို ပြပြီး နာမည်ကျော် ရုပ်ရှင်မင်းသမီးတွေနဲ့ အနုပညာရှင်တွေ အနက်ရောင်ဝတ်စုံတွေကို ဝတ်ခဲ့ကြတာပါ။

နာမည်ကျော် ရုပ်ရှင်ထုတ်လုပ်သူ Harvey Weinstein က မင်းသမီးတချို့အပေါ် အဓမ္မကျင့်မှုအပါအဝင်၊ မဖွယ်မရာလုပ်ခဲ့တဲ့သတင်းတွေ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက နယူးယောက်တိုင်းစ် သတင်းစာကြီးမှာ ရေးသားခဲ့ပြီး အလားတူ သတင်းတွေ ဟိုးလေးတကျော်ကျော် ထွက်ပေါ်ခဲ့ပါတယ်။

အဲဒီနောက် ပထမဆုံးအကြိမ် Hollywood မှာ ရုပ်ရှင်ဆုပေးပွဲကျင်းပတာဖြစ်ပြီး ရုပ်မြင်သံကြားနေ့ တိုက်ရိုက် ပြသတာပါ။ အခမ်းအနားမှာ ရုပ်ရှင်မင်းသမီး တော်တော်များများက ကျားမ တန်းတူရေးနဲ့ လူမျိုးရေး တရားမျှတမှုအတွက် တက်ကြွလှုပ်ရှားသူတွေနဲ့အတူ တက်ရောက်ခဲ့ကြပါတယ်။ Golden Globe ရွှေကမ္ဘာလုံး ရုပ်ရှင်ထူးချွန်ဆုပေးပွဲဟာ ပြီးခဲ့တဲ့နှစ်အတွင်း အကောင်းဆုံး ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေကို ချီးမြှင့်ဖို့ Hollywood နိုင်ငံခြားရေး သတင်းဌာန အသင်းက ကမကထလုပ်ကျင်းပတဲ့ အခမ်းအနားဖြစ်ပါတယ်။

Golden Globes ဆုပေးပွဲ လိင်ပိုင်းမဖွယ်မရာပြုမှု ဆန့်ကျင်ဖော်ပြ
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG