သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဓားစာခံ နောက်တစ်ဦး ခေါင်းဖြတ်အသတ်ခံရ


ဂျပန်သတင်းထောက် Goto နဲ့ ဂျော်ဒန်တိုက်လေယာဉ်မှူး Muath al-Kasaesbeh တို့လွတ်မြောက်ရေး ကြိုးပမ်းမှုတွေမှာ တိုးတက်မှုလုံး၀ မရှိတော့ဘူးလို့ သောကြာနေ့မှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။

ဂျပန်ဓားစာခံ Kenji Goto ကို ခေါင်းဖြတ်သတ်ထားတာကို ရိုက်ယူထားတယ်လို့ယူဆရတဲ့ IS စစ်သွေးကြွအဖွဲ့ရဲ့ ဗွီဒီယို အစစ်အမှန် ဟုတ်မဟုတ် အမေရိကန်ပညာရှင်တွေက စစ်ဆေးနေတယ်လို့ သမ္မတအိမ်ဖြူတော်ကပြောပါတယ်။

အင်တာနက်ပေါ်မှာ စနေနေ့က ဗွီဒီယိုတက်လာပြီး သိပ်မကြာခင်မှာပဲ အမေရိကန်သမ္မတအိမ်ဖြူတော်က အဲဒီလိုပြောတာပါ။ မိမိ တို့ရဲ့ မဟာမိတ် ဂျပန်နိုင်ငံနဲ့ သွေးစည်းညီညွတ်စွာ ရပ်တည်ပါတယ်လို့ အိမ်ဖြူတော်ထုတ်ပြန်ချက်မှာ ပြောထားသလို အစွန်း ရောက်အဖွဲ့က ဖမ်းထားတဲ့ ကျန်နေသေးတဲ့ ဓားစာခံတွေအားလုံးကို ချက်ခြင်းပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဗွီဒီယိုရဲ့ စစ်မှန်မှုကို ဂျပန်နိုင်ငံကလည်း စစ်ဆေးနေပြီး ဒီဗွီဒီယိုကို အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ ပြောပါတယ်။ ဂျပန် အစိုးရအဖွဲ့ အရေးပေါ်အစည်းအဝေးကျင်းပဖို့လည်း စီစဉ်ထားပါတယ်။

ဖမ်းထားတဲ့ အီရတ် အကြမ်းဖက်သမား အမျိုးသမီးတဦးကို ပြန်လွှတ်ပေးဖို့ IS အဖွဲ့က တောင်းဆို သတ်မှတ်ထားတဲ့ နောက်ဆုံး ရက်ကို ကျော်လွန်ပြီး နှစ်ရက်အကြာမှာ ခေါင်းဖြတ်သတ်ထားတဲ့ အခုဗွီဒီယိုအသစ် ထွက်လာတာပါ။

စနေနေ့ကထွက်တဲ့ အဲဒီဗွီဒီယိုဟာ အစွန်းရောက်ဝါဒီတွေ အရင်ကတင်ဖူးတဲ့ ခေါင်းဖြတ်သတ်ထားတဲ့ ဗွီဒီယိုတွေနဲ့ ဆင်တူပါ တယ်။ အဲဒီမှာ ခေါင်းစွပ်စွပ်ထားသူတဦးက ဓားစာခံပေါ်မှာ အုပ်မိုးရပ်ပြီး လည်ပင်းကို ဓားမြှောင်နဲ့ ထောက်ထားတာကို ပြပါ တယ်။ အဲဒီနောက် ဦးခေါင်းမဲ့ ခန္ဓာကိုယ်တခုရဲ့ ရုပ်ပုံကို ပြပြီးတော့ အဆုံးသတ်ထားတာပါ။

XS
SM
MD
LG