[[Zawgyi/Unicode]]
လာမယ့္ ၂၀၂၃ ခုႏွစ္ဟာ ၿငိမ္းခ်မ္းေရးကို အရင္ကထက္ ပိုလိုအပ္ေနတဲ့ ႏွစ္ျဖစ္ၿပီး ပဋိပကၡေတြ အဆုံးသတ္ေရး ေဆြးေႏြးေျဖရွင္းဖို႔လိုတဲ့အေၾကာင္း ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ António Guterres က မေန႔ ဒီဇင္ဘာ ၂၈ ရက္ေန႔မွာ ေျပာၾကားတဲ့ ႏွစ္သစ္ကူး ႏႈတ္ခြန္းဆက္စကားမွာ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။
“အိမ္တြင္းၿငိမ္းခ်မ္းေရးရွိမွ အမ်ိဳးသမီးနဲ႔မိန္းခေလးေတြ ဂုဏ္သိကၡာနဲ႔လုံၿခဳံမႈရွိရွိ ေနႏိုင္မွာျဖစ္ပါတယ္။ လမ္းေတြေပၚမွာၿငိမ္းခ်မ္းဖို႔၊ လူမႈအသိုင္းအဝိုင္း ၿငိမ္းခ်မ္းဖို႔၊ လူ႔အခြင့္အေရး အားလုံး ကာကြယ္ႏိုင္ဖို႔ လိုပါတယ္။ ကိုးကြယ္ယုံၾကည္ရာေနရာေတြ ၿငိမ္းခ်မ္းၿပီး တဦးရဲ႕ဘာသာတရားကို တဦးကေလးစားဖို႔ လိုပါတယ္။ အြန္လိုင္းေတြေပၚမွာလည္း ၿငိမ္းခ်မ္းေရးရွိဖို႔၊ အမုန္းတရားကင္းစင္ဖို႔နဲ႔ မတရားလုပ္ရပ္ေတြ ခ်ဳပ္ၿငိမ္းဖို႔ လိုပါတယ္” - လို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ António Guterres က ေျပာဆိုသြားတာပါ။
၂၀၂၂ ခုႏွစ္အတြင္းမွာ ကမာၻတဝန္းကသန္းနဲ႔ခ်ီတဲ့လူေတြ၊ ပ်က္စီးသြားတဲ့အိုးအိမ္ေတြကိုစြန႔္ပစ္ခဲ့ရၿပီး ပိုမိုေကာင္းမြန္တဲ့ေနရာကို ေဖြရွာခဲ့ၾကတဲ့အေၾကာင္း အတြင္းေရးမႉးခ်ဳပ္က ေျပာပါတယ္။
ႏွစ္သစ္တိုင္းဟာ ႏွစ္ေဟာင္းရဲ႕အတိဒုကၡေတြၾကားက ျပန္လည္ႏိုးထတဲ့၊ ျပန္လည္ေမြးဖြားတဲ့အခါသမယ ျဖစ္ေၾကာင္းေျပာၿပီး စစ္ေၾကာင့္ ထြက္ေျပးရသူေတြ၊ ေတာမီးနဲ႔ မိုးေခါင္တာလို သဘာဝေဘးနဲ႔ ဆင္းရဲႏြမ္းပါးတာေတြေၾကာင့္ ကမာၻတဝန္း အိုးအိမ္စြန႔္ခြာထြက္ေျပးေနရသူေတြ သန္း ၁၀၀ ေလာက္ ရွိတယ္လို႔လည္း ထည့္သြင္း ေျပာဆိုသြားပါတယ္။
၂၀၂၃ ခုႏွစ္ကို အားလုံးရဲ႕ႏွလုံးသားမွာ ၿငိမ္းခ်မ္းေရးကို အဓိကထားေျပာဆိုလုပ္ကိုင္ၾကဖို႔လိုေၾကာင္း ေျပာၿပီး ဘဝေတြ၊ အိုးအိမ္ေတြ ျပန္လည္တည္ေဆာက္ဖို႔နဲ႔ အားလုံးေနထိုင္တဲ့ကမာၻကို ျပန္လည္ တည္ေဆာက္ႏိုင္ဖို႔ အတြင္းေရးမႉးခ်ဳပ္ Guterres က တိုက္တြန္းသြားပါတယ္။
====================
ကုလ အတွင်းရေးမှူးချုပ်ရဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား
လာမယ့် ၂၀၂၃ ခုနှစ်ဟာ ငြိမ်းချမ်းရေးကို အရင်ကထက် ပိုလိုအပ်နေတဲ့ နှစ်ဖြစ်ပြီး ပဋိပက္ခတွေ အဆုံးသတ်ရေး ဆွေးနွေးဖြေရှင်းဖို့လိုတဲ့အကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres က မနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပြောကြားတဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
“အိမ်တွင်းငြိမ်းချမ်းရေးရှိမှ အမျိုးသမီးနဲ့မိန်းခလေးတွေ ဂုဏ်သိက္ခာနဲ့လုံခြုံမှုရှိရှိ နေနိုင်မှာဖြစ်ပါတယ်။ လမ်းတွေပေါ်မှာငြိမ်းချမ်းဖို့၊ လူမှုအသိုင်းအဝိုင်း ငြိမ်းချမ်းဖို့၊ လူ့အခွင့်အရေး အားလုံး ကာကွယ်နိုင်ဖို့ လိုပါတယ်။ ကိုးကွယ်ယုံကြည်ရာနေရာတွေ ငြိမ်းချမ်းပြီး တဦးရဲ့ဘာသာတရားကို တဦးကလေးစားဖို့ လိုပါတယ်။ အွန်လိုင်းတွေပေါ်မှာလည်း ငြိမ်းချမ်းရေးရှိဖို့၊ အမုန်းတရားကင်းစင်ဖို့နဲ့ မတရားလုပ်ရပ်တွေ ချုပ်ငြိမ်းဖို့ လိုပါတယ်” - လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က ပြောဆိုသွားတာပါ။
၂၀၂၂ ခုနှစ်အတွင်းမှာ ကမ္ဘာတဝန်းကသန်းနဲ့ချီတဲ့လူတွေ၊ ပျက်စီးသွားတဲ့အိုးအိမ်တွေကိုစွန့်ပစ်ခဲ့ရပြီး ပိုမိုကောင်းမွန်တဲ့နေရာကို ဖွေရှာခဲ့ကြတဲ့အကြောင်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။
နှစ်သစ်တိုင်းဟာ နှစ်ဟောင်းရဲ့အတိဒုက္ခတွေကြားက ပြန်လည်နိုးထတဲ့၊ ပြန်လည်မွေးဖွားတဲ့အခါသမယ ဖြစ်ကြောင်းပြောပြီး စစ်ကြောင့် ထွက်ပြေးရသူတွေ၊ တောမီးနဲ့ မိုးခေါင်တာလို သဘာဝဘေးနဲ့ ဆင်းရဲနွမ်းပါးတာတွေကြောင့် ကမ္ဘာတဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေ သန်း ၁၀၀ လောက် ရှိတယ်လို့လည်း ထည့်သွင်း ပြောဆိုသွားပါတယ်။
၂၀၂၃ ခုနှစ်ကို အားလုံးရဲ့နှလုံးသားမှာ ငြိမ်းချမ်းရေးကို အဓိကထားပြောဆိုလုပ်ကိုင်ကြဖို့လိုကြောင်း ပြောပြီး ဘဝတွေ၊ အိုးအိမ်တွေ ပြန်လည်တည်ဆောက်ဖို့နဲ့ အားလုံးနေထိုင်တဲ့ကမ္ဘာကို ပြန်လည် တည်ဆောက်နိုင်ဖို့ အတွင်းရေးမှူးချုပ် Guterres က တိုက်တွန်းသွားပါတယ်။