သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္သူေဌးႀကီး Jack Ma စီးပြားေရးလုပ္ငန္းႀကီးေတြအေပၚ ထိန္းခ်ဳပ္မႈေလွ်ာ့ခ်


တ႐ုတ္ႏိုင္ငံက နည္းပညာအေျခခံ ဘ႑ာေရးလုပ္ငန္းႀကီးျဖစ္တဲ့ Ant Group ကို တည္ေထာင္သူ Jack Ma အေနနဲ႔ လုပ္ငန္းႀကီးအေပၚ သူ႔ရဲ႕ ထိန္းခ်ဳပ္မႈေတြကို စြန္႔လႊတ္ေတာ့မွာျဖစ္တယ္လို႔ Ant Group က ဒီေန႔ စေနေန႔မွာ ေၾကညာပါတယ္။

အြန္လိုင္းအေျခခံလုပ္ငန္းေတြအေပၚ တ႐ုတ္ကြန္ျမဴနစ္ပါတီက စည္းကမ္းဥပေဒသစ္ေတြနဲ႔ ၾကပ္မတ္ကန္႔သတ္ခဲ့ၿပီးေနာက္ အခုလို Jack Ma ဖက္က အေလ်ာ့ေပးလိုက္တာျဖစ္တယ္လို႔ ေလ့လာသူေတြက သုံးသပ္ၾကပါတယ္။

Ant Group ရဲ႕ ဒီေန႔ ထုတ္ျပန္ခ်က္အရဆိုရင္ ကုမၸဏီ႐ွယ္ယာ ၃၄% ပိုင္ဆိုင္ထားတဲ့ Mr. Ma အေနနဲ႔ ကုမၸဏီလုပ္ငန္းေတြကို ထိန္းခ်ဳပ္ေတာ့မွာ မဟုတ္ေတာ့ဘဲ၊ ကုမၼဏီရဲ႕ အဓိက႐ွယ္ယာပိုင္ဆိုင္သူ ၁၀ ေယာက္ထဲက ၁ ေယာက္အေနနဲ႔ပဲ ႐ွိသြားေတာ့မယ္လို႔ ေဖာ္ျပထားပါတယ္။ အြန္လိုင္းလုပ္ငန္းႀကီးေတြ အင္အားႀကီးလာတာကို ထိန္းခ်ဳပ္ဖို႔ တ႐ုတ္အစိုးရက အေစာပိုင္းထဲက ပစ္မွတ္ထားကိုင္တြယ္တဲ့ထဲမွာ Ant Group နဲ႔ ကုမၸဏီခြဲတခုျဖစ္တဲ့ Alibaba အြန္လိုင္းေစ်းကြက္ႀကီးလည္း ပါဝင္ခဲ့ပါတယ္။

၂၀၂၀ November လတုန္းက Ant Group က IPO တန္ဖိုး ေဒၚလာ ၃၇ ဘီလ်ံနဲ႔ အစု႐ွယ္ယာေစ်းကြက္မွာ အစု႐ွယ္ယာေတြ ထုတ္ေရာင္းဖို႔ စီစဥ္ထားခဲ့ေပမဲ့ ေနာက္ဆုံးအခ်ိန္မွာပဲ အစီအစဥ္ဖ်က္ခဲ့ပါတယ္။ တကယ္လို႔သာ အစု႐ွယ္ယာေစ်းကြက္ထဲ ဝင္ခဲ့မယ္ဆိုရင္ အဲဒီအခ်ိန္က ကမၻာမွာ တန္ဖိုးအႀကီးဆုံး လုပ္ငန္းႀကီးျဖစ္ပါလိမ့္မယ္။

အဲဒီေနာက္မွာထဲက ဒီလုပ္ငန္းႀကီးကို ျပန္လည္ဖြဲ႔စည္းခဲ့ရၿပီး၊ Jack Ma အေနနဲ႔ သူ႔ရဲ႕ ထိန္းခ်ဳပ္မႈေတြ စြန္႔လႊတ္ရလိမ့္္မယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ အစု႐ွယ္ယာေစ်းကြက္ထဲဝင္ဖို႔ျပင္ဆင္ေနခ်ိန္ ၂၀၂၀ ေအာက္တိုဘာလတုန္းက ႐ွန္ဟိုင္းၿမိဳ႕မွာ က်င္းပခဲ့တဲ့ ညီလာခံတခုမွာ Jack Ma မိန္႔ခြန္းေျပာစဥ္ တ႐ုတ္ဘ႑ာေရးစနစ္နဲ႔ ဘ႑ာေရးဆိုင္ရာ အာဏာပိုင္ေတြအေပၚ လူသိ႐ွင္ၾကား ေဝဖန္ခဲ့ပါတယ္။

အဲဒီေနာက္ပိုင္း ၂၀၂၁ ဇန္နဝါရီလကစၿပီး သူဟာ လူျမင္ကြင္းကေန လုံးဝေပ်ာက္သြားခဲ့တဲ့အတြက္ ဖမ္းဆီးခံထားရသလားဆိုတဲ့ ေမးခြန္းထုတ္မႈေတြ ေပၚထြက္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့သတင္းပါတ္ထဲမွာေတာ့ သူ႔ကို ဘန္ေကာက္မွာ ေတြ႔တယ္လို႔ Jack Ma နဲ႔အတူ ဓါတ္ပုံတြဲ႐ိုက္ၿပီး လူမႈကြန္ယက္ေပၚတင္ၾကတဲ့ Post ေတြကို ကိုးကားၿပီး ထိုင္းသတင္းမီဒီယာေတြမွာ ေဖာ္ျပခဲ့ၾကပါတယ္။

===== Unicode =====

တရုတ်နိုင်ငံက နည်းပညာအခြေခံ ဘဏ္ဍာရေးလုပ်ငန်းကြီးဖြစ်တဲ့ Ant Group ကို တည်ထောင်သူ Jack Ma အနေနဲ့ လုပ်ငန်းကြီးအပေါ် သူ့ရဲ့ ထိန်းချုပ်မှုတွေကို စွန့်လွှတ်တော့မှာဖြစ်တယ်လို့ Ant Group က ဒီနေ့ စနေနေ့မှာ ကြေညာပါတယ်။

အွန်လိုင်းအခြေခံလုပ်ငန်းတွေအပေါ် တရုတ်ကွန်မြူနစ်ပါတီက စည်းကမ်းဥပဒေသစ်တွေနဲ့ ကြပ်မတ်ကန့်သတ်ခဲ့ပြီးနောက် အခုလို Jack Ma ဖက်က အလျော့ပေးလိုက်တာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

Ant Group ရဲ့ ဒီနေ့ ထုတ်ပြန်ချက်အရဆိုရင် ကုမ္ပဏီရှယ်ယာ ၃၄% ပိုင်ဆိုင်ထားတဲ့ Mr. Ma အနေနဲ့ ကုမ္ပဏီလုပ်ငန်းတွေကို ထိန်းချုပ်တော့မှာ မဟုတ်တော့ဘဲ၊ ကုမ္မဏီရဲ့ အဓိကရှယ်ယာပိုင်ဆိုင်သူ ၁၀ ယောက်ထဲက ၁ ယောက်အနေနဲ့ပဲ ရှိသွားတော့မယ်လို့ ဖော်ပြထားပါတယ်။ အွန်လိုင်းလုပ်ငန်းကြီးတွေ အင်အားကြီးလာတာကို ထိန်းချုပ်ဖို့ တရုတ်အစိုးရက အစောပိုင်းထဲက ပစ်မှတ်ထားကိုင်တွယ်တဲ့ထဲမှာ Ant Group နဲ့ ကုမ္ပဏီခွဲတခုဖြစ်တဲ့ Alibaba အွန်လိုင်းဈေးကွက်ကြီးလည်း ပါဝင်ခဲ့ပါတယ်။

၂၀၂၀ November လတုန်းက Ant Group က IPO တန်ဖိုး ဒေါ်လာ ၃၇ ဘီလျံနဲ့ အစုရှယ်ယာဈေးကွက်မှာ အစုရှယ်ယာတွေ ထုတ်ရောင်းဖို့ စီစဉ်ထားခဲ့ပေမဲ့ နောက်ဆုံးအချိန်မှာပဲ အစီအစဉ်ဖျက်ခဲ့ပါတယ်။ တကယ်လို့သာ အစုရှယ်ယာဈေးကွက်ထဲ ဝင်ခဲ့မယ်ဆိုရင် အဲဒီအချိန်က ကမ္ဘာမှာ တန်ဖိုးအကြီးဆုံး လုပ်ငန်းကြီးဖြစ်ပါလိမ့်မယ်။

အဲဒီနောက်မှာထဲက ဒီလုပ်ငန်းကြီးကို ပြန်လည်ဖွဲ့စည်းခဲ့ရပြီး၊ Jack Ma အနေနဲ့ သူ့ရဲ့ ထိန်းချုပ်မှုတွေ စွန့်လွှတ်ရလိမ့််မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အစုရှယ်ယာဈေးကွက်ထဲဝင်ဖို့ပြင်ဆင်နေချိန် ၂၀၂၀ အောက်တိုဘာလတုန်းက ရှန်ဟိုင်းမြို့မှာ ကျင်းပခဲ့တဲ့ ညီလာခံတခုမှာ Jack Ma မိန့်ခွန်းပြောစဉ် တရုတ်ဘဏ္ဍာရေးစနစ်နဲ့ ဘဏ္ဍာရေးဆိုင်ရာ အာဏာပိုင်တွေအပေါ် လူသိရှင်ကြား ဝေဖန်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ၂၀၂၁ ဇန်နဝါရီလကစပြီး သူဟာ လူမြင်ကွင်းကနေ လုံးဝပျောက်သွားခဲ့တဲ့အတွက် ဖမ်းဆီးခံထားရသလားဆိုတဲ့ မေးခွန်းထုတ်မှုတွေ ပေါ်ထွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့သတင်းပါတ်ထဲမှာတော့ သူ့ကို ဘန်ကောက်မှာ တွေ့တယ်လို့ Jack Ma နဲ့အတူ ဓါတ်ပုံတွဲရိုက်ပြီး လူမှုကွန်ယက်ပေါ်တင်ကြတဲ့ Post တွေကို ကိုးကားပြီး ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

XS
SM
MD
LG