သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ဆန့်ကျင်ရေး ဖိလစ်ပိုင်-ဗီယက်နမ် ပူးတွဲဆန္ဒပြ


ဖိလစ်ပိုင်နိုင်ငံက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ၊ (မေ ၁၆၊ ၂၀၁၄)
ဖိလစ်ပိုင်နိုင်ငံက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ၊ (မေ ၁၆၊ ၂၀၁၄)
တောင်တရုတ် ပင်လယ်ပြင်တွင်း ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေကြတဲ့ နယ်မြေမှာ တရုတ်နိုင်ငံရဲ့ သြဇာချဲ့ထွင်မှုကို ဆန့်ကျင်တဲ့ အနေနဲ့ ဖိလစ်ပိုင်ရောက် ဗီယက်နမ်လူမျိုးတွေနဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေ ပူးပေါင်းပြီး မနီလာမြို့မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။

ဗီယက်နမ် နိုင်ငံကလည်း ပိုင်ဆိုင်ကြောင်း ပြောဆိုထားတဲ့ ရေပိုင်နက်မှာ တရုတ်နိုင်ငံက ရေနံတူးဖော်နေတာတွေ ရပ်ဆိုင်းဖို့ မနီလာမြို့က တရုတ်ကောင်စစ်ဝန်ရုံး အပြင်မှာ ဆန္ဒပြသူ ၁၀၀ ကျော်က တောင်းဆို ခဲ့ကြတာပါ။ ဖိလစ်ပိုင်နိုင်ငံကလည်း တောင်တရုတ်ပင်လယ်ပြင်တွင်းက ကျွန်းတွေ ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံကို ဆန့်ကျင် ကန့်ကွက်နေ တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ တောင်တရုတ် ပင်လယ်ပြင် တွင်းက လုပ်ရပ်တွေဟာ အန္တာရာယ်များလွန်းပြီး၊ ရန်လိုရာ ကျတဲ့အကြောင်း အမေရိကန် ဒုသမ္မတ Joe Biden က ဝါရှင်တန်မှာ ရောက်နေတဲ့ တရုတ်ထိပ်တန်း စစ်ခေါင်းဆောင်ကို ပြောဆိုခဲ့ပြီး နောက်တနေ့မှာပဲ ဖိလစ်ပိုင်မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။ တရုတ်စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ်ကြီး Fang Fenghui ကတော့ တရုတ်နိုင်ငံက ပိုင်ဆိုင်တဲ့ နယ်မြေမှာ ဆောင်ရွက်မှုတွေဟာ လုပ်ရိုးလုပ်စဉ် သာ ဖြစ်တဲ့ အကြောင်းနဲ့ ဗီယက်နမ်နိုင်ငံရဲ့ လုပ်ရပ်ဟာ လက်မခံနိုင် စရာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

ဗီယက်နမ်နိုင်ငံက ထိုင်ဝမ် သံမဏိစက်ရုံက တရုတ်အလုပ်သမား တဦး သေဆုံးပြီး လူပေါင်း ၁၅၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တဲ့ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီးနောက် အမေရိကန်နဲ့ တရုတ်ထိပ်တန်း တာဝန်ရှိသူတွေရဲ့ တုန့်ပြန်ချက်တွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG