သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ထိပ်သီးညီလာခံ ကျင်းပ


လန်ဒန်မှာ ကျင်းပနေတဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ထိပ်သီးညီလာခံ ။ ( မေ ၁၂၊ ၂၀၁၆)
လန်ဒန်မှာ ကျင်းပနေတဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ထိပ်သီးညီလာခံ ။ ( မေ ၁၂၊ ၂၀၁၆)

အကျင့်ပျက်ခြစားမှုတွေ ကြီးထွားလာနေတာကို ပိုပြီးထိထိရောက်ရောက် တိုက်ဖျက်သွားဖို့ ဒီကနေ့ လန်ဒန်မြို့က ညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေ၊ သံတမန်တွေက ကတိပြုပြောကြားလိုက်ပါတယ်။ အကျင့်ပျက်ခြစားမှုဟာ ကမ္ဘာပေါ်က နေရာတိုင်းမှာ ကင်ဆာရောဂါလို ပြန့်နှံ့နေတဲ့ အကြောင်း ဒီကနေ့ ညီလာခံကို ဖွင့်လှစ်ပေးခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် David Cameron က ပြောဆိုခဲ့တာပါ။

ဒီကိစ္စဟာ အရေးကြီးတယ်လို့ ယူဆရတဲ့ အကြောင်းကတော့၊ အကျင့်ပျက်ခြစားမှုဟာ ပြဿနာပေါင်းစုံရဲ့ အရင်းအမြစ်၊ ကင်ဆာရောဂါ တခုဖြစ်သလို၊ တိုင်းပြည်တွေ အနေနဲ့ ဆင်းရဲမွဲတေမှုတွေက လွတ်မြောက်ပြီး၊ ချမ်းသာကြွယ်ဝလိုတယ်ဆိုရင် အဂတိလိုက်စားမှုကို ဟန့်တားရပါလိမ့်မယ်လို့ ဝန်ကြီးချုပ် ကင်မရွန်းက ပြောဆိုခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း အဂတိလိုက်စားမှုတွေဟာ အချမ်းသာဆုံး တိုင်းပြည်တွေအထိ တကမ္ဘာလုံးမှာ ပြန့်နံ့ှနေပြီလို့ လည်း ပြောဆိုခဲ့ပါတယ်။ အစိုးရတွေ အနေနဲ့ အဂတိလိုက်စားမှုတွေကို အမြစ်ဖြုတ်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် မတည်မငြိမ် အခြေအနေတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်း သတိပေးခဲ့တာပါ။

လူမှုအသိုင်းက အလွှာအသီးသီးမှာ အကျင့်ပျက်ခြစားမှုတွေ အမြစ်တွယ်နေ တာတွေကို တကမ္ဘာလုံး အတိုင်းအတာနဲ့ တိုက်ဖျက်ဖို့ ရည်ရွယ်ပြီး ညီလာခံကျင်းပနေတာ ဖြစ်ပါတယ်။ ညီလာခံ တက်ရောက်နေသူတွေထဲမှာတော့ Afghanistan, Colombia နဲ့ Nigeria နိုင်ငံတွေလည်း ပါဝင်ကြပါတယ်။

XS
SM
MD
LG