သုံးရလွယ်ကူစေသည့် Link များ

အဂတိ တိုက်ဖျက်ရေးနှင့် ကန်-ဗြိတိန် တို့ တာဝန်


လန်ဒန်မှာ ကျင်းပတဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး နိုင်ငံတကာ ညီလာခံ၊

ကြာသပတေးနေ့က လန်ဒန်မှာ ကျင်းပတဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး နိုင်ငံတကာ ညီလာခံဟာ ဗြိတိန်နဲ့ အမေရိကန် ပြည်ထောင်စုတို့ အနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်မူဝါဒတွေ၊ ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေက ဖောက်ပြန် တဲ့ နိုင်ငံရေးသမားတွေ ခိုးဝှက်ထားတဲ့ ဒေါ်လာ သန်းထောင်ပေါင်းများစွာကို ဖုံးကွယ်ရာမှာ ပတ်သက်နေတဲ့ အခန်းကဏ္ဍတွေကို ပြန်လည် သုံးသပ်ရမယ့် အချိန် ဖြစ်ခဲ့ပါတယ်။

ထိပ်သီးညီလာခံမှာတော့ အာဖရိကတိုက်က စစ်ဗိုလ်ချုပ်ကြီးတွေ၊ အုပ်ချုပ်သူတွေနဲ့ ဖောက်ပြန်တဲ့ အာဏာရှင်တွေအပေါ် အပြစ်တင်မယ့်အစား၊ တိုင်းပြည်တွေရဲ့ ကြွယ်ဝမှုတွေကို ခိုးဝှက်ပြီး ရရှိထားတာတွေအပေါ်မှာ အကျိုးအမြတ် ခံစားနေရတဲ့ ဘဏ်လုပ်ငန်းတွေ၊ အိမ်ခြံမြေပွဲစားတွေရှိရာ ချမ်းသာတဲ့ တိုင်းပြည်တွေကို ပိုပြီး အာရုံစိုက်ခဲ့ကြတာပါ။

ခိုးဝှက်ထားတဲ့ ဒေါ်လာသန်း ထောင်ပေါင်းများစွာကို မဖွံ့ဖြိုးတဲ့ အရပ်ဒေသတွေမှာ ပညာရေးနဲ့ လမ်းတံတားဆောက်လုပ်ဖို့လို နေရာမျိုးမှာ အသုံးပြု နိုင်ပေမဲ့လည်း၊ အမေရိကန် အပါအ၀င်၊ နိုင်ငံတကာ ဘဏ်တွေမှာ တိတ်တဆိတ် သိမ်းဆည်းထားကြတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ဟာ တိုက်ပွဲတပွဲ ဆင်နွှဲနေရတာပါ၊ ကျနော်တို့ အားလုံး၊ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်တိုင်းပြည်အတွက် တိုက်ပွဲဝင်နေရတာပါ။ ကျနော်တို့ တိုက်နေတဲ့ အစွန်းရောက်တွေလိုပဲ အဂတိလိုက်စားမှုဟာလည်း တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ ရန်သူဖြစ်ပါတယ်” - လို့ ၀န်ကြီးကယ်ရီက ပြောဆိုခဲ့တာပါ။

တရက်တာ ထိပ်သီးညီလာခံကိုတော့ အာဖဂန်နစ္စတန်၊ ကိုလံဘီယာ၊ နိုင်ဂျီးရီးယား အပါအ၀င် နိုင်ငံ အတော်များများလည်း ပါဝင်တက်ရောက်ခဲ့ကြ ပါတယ်။

XS
SM
MD
LG