သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း အကြမ်းဖက်မှု အဆုံးသတ်ရေး အတိုက်အခံနဲ့ သမ္မတ သဘောတူ


ယူကရိန်း အကြမ်းဖက်မှုများ
ယူကရိန်း အကြမ်းဖက်မှုများ
ဒီသီတင်းပတ်အတွင်း လူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတဲ့ အကြမ်းဖက်မှုတွေ နဲ့ နိုင်ငံရေး ပဋိပက္ခတွေ အဆုံးသတ်စေဖို့အတွက် သဘောတူညီချက်တရပ်ကို ယူကရိန်းသမ္မတနဲ့ အတိုက်အခံခေါင်းဆောင် သုံးဦးတို့ ဒီကနေ့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အစောပိုင်းတုန်းကတော့ သမ္မတ anukovychက ရွေးကောက်ပွဲစောပြီး ကျင်းပဖို့ ပြောဆိုခဲ့သလို ညွန့်ပေါင်းအစိုးရတရပ်ဖွဲ့စည်းဖို့ကိုလည်း ကတိပေးခဲ့ပါတယ်။

သမ္မတရုံးရဲ့ လုပ်ပိုင်ခွင့် အာဏာကို လျော့ချမယ့် ဖွဲ့စည်းပုံဆိုင်ရာ ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်သွားဖို့ကိုလည်း သူက ကတိပြု ပြောဆိုခဲ့တာပါ။

ဂျာမနီ၊ ပြင်သစ်၊ ပိုလန်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုတွေနဲ့ သမ္မတနဲ့ အတိုက်အခံတို့ကြား ညလုံးပေါက် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ပြီးတဲ့နောက်မှာပဲ သမ္မတက အခုလိုကြေညာလိုက်တာဖြစ်ပါတယ်။ သဘောတူညီချက်အသေးစိတ်ကိုတော့ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ဒါပေမဲ့ ရိုက်တာသတင်းမှာတော့ ဒီသဘောတူညီချက်ထဲမှာ ၂၀၀၄ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြန်ယူပြီးတော့ ညီညွတ်တဲ့ အစိုးရတရပ် ပြန်လည်ဖွဲ့စည်းဖို့နဲ့ ဒီနှစ်ထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ သမ္မတရွေးကောက်ပွဲတွေ စောပြီး ကျင်းပသွားဖို့ဆိုတာတွေ ပါဝင်တဲ့အကြောင်း ဥရောပသမဂ္ဂ ကြားဝင်စေ့စပ်ညှိနှိုင်းရေးမှူး ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ပြောတာကို ကိုးကားပြီး ဖော်ပြထားပါတယ်။
XS
SM
MD
LG