သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် ဆန္ဒပြသူ နဲ့ ကွန်မြူနစ်ထောက်ခံသူ အဓိကရုဏ်းဖြစ်


ကွန်မြူနစ်ထောက်ခံသူတွေ ဆန္ဒပြသူတွေကို ဝင်ရောက် လုံးထွေး ။ ( အောက်တိုဘာ ၃၊ ၂၀၁၄)

ဟောင်ကောင်ကျွန်းမှာ ဒီမိုကရေစီအရေးလိုလားတဲ့ ဆန္ဒပြသူတွေနဲ့ ရက်သတ္တပတ်နဲ့ချီ ကြာလာနေပြီဖြစ်တဲ့ ဆန္ဒပြပွဲတွေအပေါ် စိတ်ပျက်နေကြတဲ့ ဒေသခံတွေအကြား သောကြာနေ့က လမ်းပေါ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က ကြားဝင် ဖြန်ဖြေပေးခဲ့ရပါတယ်။

ရာနဲ့ချီတဲ့ ကွန်မြူနစ်ပါတီ အုပ်ချုပ်မှုကို ထောက်ခံသူတွေက Mong Kok အရပ်မှာ ဆန္ဒပြသူတွေရဲ့ တဲတွေကို ရိုက်ဖျက်၊ နဖူးစည်းစာတမ်းတွေကို စုတ်ဖြဲပစ် လုပ်ခဲ့ရာက နှစ်ဖက် လုံးထွေး သတ်ပုတ်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

လူစုခွဲနိုင်ဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေက လက်ချင်းချိတ်ပြီး နှစ်ဖွဲ့အကြားမှာ ကြားဝင် ရပ်နေပေးခဲ့ပါတယ်။ ပထမ ကြားဝင် ဖြန်ဖြေနေတဲ့ ရဲတပ်ဖွဲ့နဲ့ မလုံလောက်တဲ့အတွက် တပ်ဖွဲ့အင်အားကို တိုးမြင့် ချထားလိုက်ရပါတယ်။ အပြင်းအထန် ဒဏ်ရာရတယ်ဆိုတဲ့ သတင်းတွေတော့ ထွက်မလာသေးပါဘူး။

ဒီအတောအတွင်း - ဆန္ဒပြသူတွေတောင်းဆိုထားတဲ့အတိုင်း ရာထူးက နှုတ်ထွက်ပေးဖို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူးက ငြင်းဆိုလိုက်တဲ့ အချိန်မှာပဲ အခုပြုလုပ်နေတဲ့ ဒီမိုကရေစီအရေး လိုလားတဲ့ ဆန္ဒပြပွဲတွေဟာ ကျဆုံးသွားမှာပဲ ဖြစ်တဲ့အကြောင်း တရုတ်ကွန်မြူနစ်ပါတီကလဲ သတိပေး ပြောကြားလိုက်ပါတယ်။

ဟောင်ကောင်ကျွန်းမှာ ဒီမိုကရေစီ ပိုမို ဖြစ်ထွန်းရေး တောင်းဆိုမှုတွေအပေါ် တရုတ်အစိုးရအနေနဲ့ လိုက်လျောပေးမှာ မဟုတ်တဲ့အကြောင်း၊ ဆန္ဒပြပွဲတွေဟာလည်း ဥပဒေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်ဖြစ်ကြောင်း တရုတ်အစိုးရက ပြောဆိုထားတဲ့ လေသံကို သံယောင်လိုက်ပြီး ကွန်မြူနစ်ပါတီပိုင် တရုတ်ပြည်သူ့နေ့စဉ် သတင်းစာမှာ မျက်နှာဖုံးမှာ ရေးသား ဖော်ပြထားပါတယ်။

XS
SM
MD
LG