သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတလောင်းရွေးချယ်မှု Wisconsin ပြည်နယ် အဖြေထွက်နိုင်


ရီပတ်ဘလီကန်ပါတီ သမ္မတကိုယ်စားလှယ်လောင်း Donald Trump.
ရီပတ်ဘလီကန်ပါတီ သမ္မတကိုယ်စားလှယ်လောင်း Donald Trump.

Wisconsin ပြည်နယ်မှာ အင်္ဂါနေ့ ကျင်းပမယ့် အမေရိကန် သမ္မတ ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲဟာ ရီပတ်ဘလီကန်ပါတီက အမည် တင်သွင်းနိုင်တဲ့ပုဂ္ဂိုလ် ဖြစ်လာရေးအတွက် အရေးပါတာ ဖြစ်ပါတယ်။ ကုဋေကြွယ်သူဌေးကြီး Donald Trump ရီပတ်ဘလီကင်ပါတီရဲ့ အမည်တင်သွင်းခံရသူ ဖြစ်မလာအောင် ဟန့်တားဖို့ ကြိုးပမ်းနေတဲ့ ရီပတ်ဘလီကန် ပါတီဝင်တွေအတွက် ဒီပြည်နယ်ဟာ အဓိက စမ်းသပ်ခံ ပြည်နယ်ဖြစ်ပြီး Cleveland မြို့မှာဂျူလိုင်လမှာ ကျင်းပမယ့် ရီပတ်ဘလီကန် ပါတီညီလာခံ မတိုင်ခင် သူ့ကို ထောက်ခံတဲ့ ကိုယ်စားလှယ်ပေါင်း ၁,၂၃၇ ရရှိနိုင်ဖို့ Trump ရဲ့မျှော်လင့်ချက်ကိုလည်း အရှိန် လျော့စေနိုင်မှာ ဖြစ်ပါတယ်။

Trump အနေနဲ့ ပါတီရဲ့ သမ္မတ ကိုယ်စားလှယ်လောင်း ဖြစ်လာဖို့အတွက် ဇူလိုင်လမတိုင်မီ သူ့ကိုထောက်ခံတဲ့ ကိုယ်စားလှယ် အရေအတွက် အလုံအလောက် မရခဲ့ရင် Cleveland မှာ ကျင်းပမယ့် ရီပတ်ဘလီကန် ပါတီညီလာခံမှာ ကိုယ်စားလှယ်လောင်းတွေ ပြန်ယှဉ်ပြိုင်ကြရမယ့် အခြေအနေ ဆိုက်နိုင်ပါတယ်။ Trump ကို ထောက်ခံသူတွေကတော ဒီလိုအခြေဆိုက်ခြင်းက ရှောင်ရှားလိုကြပါတယ်။ Wisconsin မှာ ကောက်ခံတဲ့ နောက်ဆုံး စစ်တမ်းတွေအရ Trump ရဲ့ ပြိုင်ဘက် Ted Cruz က အသာစီးရနေပြီး Ohio ပြည်နယ်အုပ်ချုပ်ရေးမှူး John Kasich ကတော့ နောက်မှာ အများကြီး ပြတ်ကျန်နေပါတယ်။

ဒီမိုကရက် ပါတီဘက်မှာလည်း Wisconsin ပြည်နယ်ဟာ စမ်းသပ်ခံရမယ့် ပြည်နယ်တစ်ခု ဖြစ်နေပြီး နောက်ဆုံးကောက်ခံတဲ့ လူထုစစ်တမ်းတွေအရ လက်ရှိထိပ်ကပြေးနေတဲ့ Hillary Clinton ဟာ ပြိုင်ဘက် Bernie Sanders ရဲ့နောက်က လိုက်နေတာဖြစ်ပါတယ်။

မကြာခင်ရက်ပိုင်းတွေအတွင်း မစ္စက် Clinton အနေနဲ့ သူ့ရဲ့ ဦးစားပေးမှုကို Senders နဲ့ ရီပတ်ဘလီကန်ဘက်က Donald Trump တို့ကို ပိုပြီး အလေးပေးလာခဲ့တာ တွေ့ရပါတယ်။

ဧပြီလ ၁၉ ရက်မှာ ကျင်းပမယ့် နယူးယောက် အကြိုရွေးကောက်ပွဲတွေ မတိုင်ခင် မဲဆွယ်လှုပ်ရှားမှုမှာမစ္စက် Clinton က သူ့အနေနဲ့ Donald Trump ထက် မဲ တစ်သန်း ပိုရနေပြီး Bernie Sanders ထက် မဲ နှစ်သန်းခွဲကျော် ပိုရနေတယ်လို့ ပြောခဲ့ပါတယ်။ Sanders ကတော့ ဇွဲမလျှော့ဘဲ Wisconsin မှာ အနိုင်ရခဲ့ရင် နယူးယောက်မှာ Clinton နဲ့ မဲကွာဟမှု ပို နည်းလာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

XS
SM
MD
LG