သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက် ၂ ဦး လွှတ်ပေးဖို့ ကုလအကြီးအကဲ တောင်းဆို


နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့စွဲချက်နဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်း ထောက်နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က မြန်မာအစိုးရကို တောင်းဆိုလိုက် ပါတယ်။

“ရိုက်တာသတင်းထောက်တွေကို သူတို့လုပ်ငန်းလုပ်တာအတွက် ထောင်ချထားတာဟာ လက်ခံနိုင်ဖွယ်မရှိဘူးလို့ ကျနော် တကယ်ပဲ ယုံကြည်တယ်ဆိုတာ ပြောကိုပြောရပါမယ်။ အဲဒီလိုမဖြစ်သင့်ဘူးဆိုတာကို ကျနော် အလေးအနက်ယုံကြည်ပြီး အစိုးရ အနေနဲ့ သူတို့ကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးနိုင်ပြီးတော့ ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လွှတ်ပေးမယ်လို့ ကျနော် မျှော်လင့်ပါတယ်။"

ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေ ကို သတင်းဆောင်းပါးရေးသားဖို့အတွက် အသေးစိတ် စုံစမ်း သတင်းလိုက်နေရင်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက အဖမ်းခံရတာပါ။

စက်တင်ဘာလ ၃ ရက်နေ့မှာတော့ ဗြိတိသျှကိုလိုနီခေတ်ကတည်းက ပြဌာန်းသွားတဲ့ နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံရတာပါ။

ဒီလိုပြစ်ဒဏ်ချမှတ်တဲ့အပေါ် ကုလသမဂ္ဂအပါအဝင် ပြည်တွင်းပြည်ပက လူ့အခွင့်အရေးနဲ့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ အများအားဖြင့် အနောက်နိုင်ငံအစိုးရတွေ ပြစ်တင် ဝေဖန်ကြပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကတော့ သူတို့ကို သတင်းထောက်တွေမို့လို့ ထောင်ချတာ မဟုတ်ဘဲ ဥပဒေချိုးဖောက်လို့သာ ပြစ်ဒဏ်ချတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

သတင်းထောက် ၂ ဦး လွှတ်ပေးဖို့ ကုလအကြီးအကဲ တောင်းဆို
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG