သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ဖေါ် ဆောင်ရေး တရုတ်နဲ့ အာဆီယံ ဖိအားပေးဖို့ ကန်တိုက်တွန်း


G20-INDONESIA/BLINKEN-NEWSER အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken
G20-INDONESIA/BLINKEN-NEWSER အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken

မြန်မာစစ်ကောင်စီရဲ့ပြည်သူတွေအပေါ် ဖိနှိပ်မှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြစ်တင်ရှုတ်ချခဲ့သလို မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ဖို့၊ တရုတ်အရှေ့တောင်အာရှနို်င်ငံတွေက ဝိုင်းဝန်းဖိအားပေးဖို့နဲ့ မနှစ်က ရထားတဲ့ အာဆီယံ ဘုံသဘောတူညီမှုအတိုင်း လုပ်ဆောင်ဖို့ တနင်္ဂနွေနေ့မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

“ မြန်မာနိုင်ငံမှာ စစ်တပ်က အကြမ်းဖက်ပြီး အာဏာသိမ်းယူမှုမတိုင်ခင်ကလို အခြေအနေ မျိုးပြန်ရောက်ဖို့ တရုတ်နိုင်ငံက ဘယ်လောက်စိတ်ဝင်စားမှုရှိတယ်ဆိုတာနဲ့ မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်ဖေါ် ဆောင်ရေးအတွက် တရုတ်မှာတာဝန်ရှိတယ် လို့ဝန်ကြီး Blinken က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံက မြန်မာ့အရေးဝိုင်းဝန်းအဖြေရှာနိုင်ဖို့ မနှစ်ကပဲ ဘုံသဘောတူညီမှု ၅ရပ်ချမှတ်နိုင်ခဲ့ပေမယ့် အပေါင်း လက္ခဏာဆောင်တဲ့တိုးတက်မှုတွေမတွေ့ရဘူးလို့လည်း ထောက်ပြသွားပါတယ်။ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်ပါဝင်သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ အာဆီယံဘုံသဘောတူညီမှု ၅ ရပ်မှာ အကြမ်းဖက်မှုတွေချက်ချင်းရပ်ဖို့နဲ့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲစတင်ဖို့ ဆိုတဲ့အချက်တွေပါဝင်ပါတယ်။ မြန်မာစစ်ကောင်စီက သူ့လုပ်ရပ်တွေအတွက် တာဝန်ခံမှုရှိအောင်၊ အကြမ်းဖက်မှုလျော့ချပြီး အကျဉ်းသားတွေ လွှတ်ပေးအောင် အာဆီယံအသင်းကြီးက ဆက်လက်ဖိအားပေးဖို့လည်း ဝန်ကြီး Blinken ကသတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းပြောဆိုသွားပါတယ်။

ထိုင်းနိုင်ငံအပါအဝင် အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းက မြန်မာ့အရေး တွန်းအားပေးနေပေမဲ့ အပြုသဘောဆောင်တဲ့ ဖြစ်ထွန်းမှုတွေ မတွေ့ရဘဲ မြန်မာပြည်သူတွေ ဆက်လက်ဖိနှိပ်ခံနေပြီး၊ အတိုက်အခံတွေအားလုံးနီးပါး အကျဉ်းချထားတာ၊ တချို့နိုင်ငံက ထွက်ပြေးတိမ်းရှောင်နေရတာတွေကို မြင်တွေ့နေရတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken က ပြောဆိုသွားပါတယ်။ စက်မှုအင်အားကြီး နိုင်ငံ ၂၀၊ G 20 နိုင်ငံခြားရေးဝန်ကြီးများအစည်းတက်ရောက်ခဲ့တဲ့ ဝန်ကြီး Blinken ဟာ ဒီကနေ့တနင်္လာနေ့မှာပဲ ဂျပန်နိုင်ငံကိုခရီးဆက်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode





XS
SM
MD
LG