သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် နိုင်ငံခြားရေးဝန်ကြီး ရှေ့သီတင်းပတ်အတွင်း အိန္ဒိယသွားမည်


Antony Blinken
Antony Blinken

[ Zawgyi ]

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အိန္ဒိယနိုုင်ငံကို ပထမဆုံး အကြိမ်အဖြစ် ရှေ့သီတင်းပတ်ထဲမှာ သွားရောက်လိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာနက ဇူလိုင်လ ၂၃ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

လာမယ့် ဗုဒ္ဓဟူးနေ့ကြရင် နယူးဒေလီမြို့မှာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ နိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar တို့နဲ့ တွေ့ဆုံကြမှာဖြစ်ပါတယ်။

အဓိက ဆွေးနွေးကြမယ့်အချက်တွေထဲမှာ အင်ဒို ပစီဖိတ် ရေးရာ၊ ဒေသတွင်း လုံခြုံရေး အကျိုးစီးပွား၊ ဒီမိုကရေစီ စံတန်ဖိုး စတာတွေလည်း ပါဝင်လိမ့်မယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံရဲ့ ကြီးထွားလာတဲ့ အင်အားကို တန်ပြန်ဖို့အတွက် အိန္ဒိယ၊ ဂျပန်၊ သြစတေးလျ နဲ့ အမေရိကန် ပြည်ထောင်စုတို့ ပါဝင်ဖွဲ့စည်းထားကြတဲ့ Quad အုပ်စုရဲ့ လူကိုယ်တိုင် တက်ရောက်ကြတဲ့ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ကြရေးကိုလည်း ဆွေးနွေးလိမ့်မယ်လို့ ဆိုပါတယ်။

Antony Blinken ရဲ့ အိန္ဒိယခရီးစဉ်ဟာ အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး Wendy Sherman ရဲ့ မနက်ဖြန် တရုတ်အပါအဝင် အာရှနိုင်ငံတွေရဲ့ ခရီးစဉ်နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး LIoyd Austin ရဲ့ အရှေ့တောင် အာရှခရီးစဉ်တို့အပြီး ဆက်တိုက် ပေါ်ထွက်လာတာဖြစ်ပါတယ်။ Antony Blinken ဟာ အိန္ဒိယကနေ အပြန် ကူဝိတ်နိုင်ငံ ကိုလည်း ဝင်ရောက်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကန် နိုင်ငံခြားရေးဝန်ကြီး ရှေ့သီတင်းပတ်အတွင်း အိန္ဒိယသွားမည်
please wait

No media source currently available

0:00 0:00:31 0:00
တိုက်ရိုက် လင့်ခ်

[ Unicode ]







XS
SM
MD
LG