သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး ယူကရိန်းနဲ့ရုရှား နိုင်ငံခြားရေးဝန်ကြီးတွေကို သီးခြားစီတွေ့မည်


 အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken

{{Zawgyi/Unicode}}

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ယူကရိန်းနဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဒီကနေ့ အတည်ပြုပြောဆိုပါတယ်။

ယူကရိန်းကိုကျူးကျော်တဲ့ ရုရှားရဲ့ ဘယ်လိုလုပ်ရပ်မျိုးကိုမဆို တညီတညွတ်တည်း ဆန့်ကျင်ရပ်တည်သွားမယ်လို့ လတ်ဗီးယားနိုင်ငံ၊ Riga မြို့တော်မှာကျင်းပတဲ့ မြောက်အတ္တလန်တိတ်စာချုပ် NATO မဟာမိတ်အဖွဲ့ အစည်းအဝေးမှာ NATO အဖွဲ့နိုင်ငံခြားရေးဝန်ကြီးတွေက ပြောခဲ့ကြသလို ဝန်ကြီး Blinken ကလည်း သတိပေးပြောဆိုခဲ့ပါတယ်။ ACT

"တင်းမာမှုမြင့်မားလာစေမယ့် ရှရှားရဲ့ ဘယ်လိုလုပ်ရပ်မျိုးမဆို လတ်ဗီးယားအတွက် အထူးစိုးရိမ်ဖွယ်ဖြစ်သလို အမေရိကန်အတွက်လည်း အလားတူပါပဲ။ နောက်ထပ် ဘယ်လိုကျူးကျော်မှုမျိုးမဆို ပြင်းထန်တဲ့အကျိုးဆက်တွေ ပေါ်ပေါက်လာစေမှာဖြစ်ပါတယ်" လို့ ဝန်ကြီး Blinken ကပြောပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့နဲ့ ဝန်ကြီး Blinken ဟာ ကြာသပတေးနေ့မှာ သီးခြားစီ တွေ့ဆုံမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

ဆွီဒင်နိုင်ငံ၊ စတော့ခ်ဟုမ်းမ်မြို့မှာကျင်းပမယ့် ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) ဝန်ကြီးအဆင့် အစည်းအဝေးပြင်ပမှာ အဲဒီလို တွေ့ဆုံ ဆွေးနွေးကြမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=========

{{Unicode}}







#USRussia #USUkraine #AntonyBlinken #VOABurmese

==============

XS
SM
MD
LG