သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားကြားဖြတ်ရွေးကောက်ပွဲကျင်းပ


မလေးရှား အတိုက်အခံခေါင်းဆောင် Anwar Ibrahim
မလေးရှား အတိုက်အခံခေါင်းဆောင် Anwar Ibrahim

မလေးရှားနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲ ဒီကနေ့ ကျင်းပနေပြီး ထင်ရှားတဲ့ မလေးနိုင်ငံရေးသမား Anwar Ibrahim ဟာ အနိုင်ရမယ်လို့ ခန့်မှန်းထားပါတယ်။

တောင်ပိုင်း ကမ်းရိုးတန်းမြို့ဖြစ်တဲ့ Port Dickson မှာ ထောင်နဲ့ချီတဲ့သူတွေဟာ မဲပေးဖို့ မဲရုံတွေကို သွားခဲ့ကြပြီး Anwar ဟာ အဲဒီလစ်လပ်နေတဲ့နေရာမှာ တခြား ၆ ဦးနဲ့ယှဉ်ပြိုင်ရတာပါ။ ၂ ပတ်ကြာ အပြင်းအထန်မဲဆွယ်စည်းရုံးခဲ့ကြတာဟာ Anwar အတွက်သာမကဘဲ မဟာသီယာနဲ့ တခြား အစိုးရ အဖွဲ့ဝင်တွေအတွက်လည်း အရေးပါခဲ့တာပါ။

ရွေးကောက်ပွဲကော်မရှင်ကတော့ မဲဆန္ဒရှင်ပေါင်း ၇ သောင်းခွဲ ကျော်ရဲ့ ၇၀ ရာခိုင်နှုန်းက မဲပေးမယ် လို့ ခန့်မှန်းထားပြီး ရွေးကောက်ပွဲရလဒ်ကို စနေနေ့ညမှာ ကြေညာမယ်လို့ ပြောပါတယ်။ အသက် ၉၂ နှစ် ရှိပြီဖြစ်တဲ့ ကမ္ဘာ့အသက်အရွယ်အကြီးဆုံး ခေါင်းဆောင် ဝန်ကြီးချုပ် မဟာသီယာကတော့ သူဟာ ၂ နှစ်ထက်မနည်း ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်မှာဖြစ်ပြီး Anwar ကို တာဝန်လွှဲပေးသွားမယ်ဆိုပြီး ကတိပေးထားတာပါ။

Anawar ဟာ အာဏာရ မဟာမိတ်ညွန့်ပေါင်းအဖွဲ့ရဲ့ထိပ်တန်းခေါင်းဆောင်တဦးဖြစ်ခဲ့ပြီး လက်ရှိ ဝန်ကြီးချုပ် Mahathir နဲ့ ၁၉၉၈ ခုနှစ်က အာဏာလွန်ဆွဲပွဲတွေအတွင်း သူ့အပေါ် ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ လိင်ဆက်ဆံမှု၊ အဂတိလိုက်စားမှုတွေနဲ့ စွဲချက်တင်ပြီး ဖမ်းဆီးထောင်ချခဲ့ပါတယ်။ မဟာသီယာဟာ ၂၀၀၃ ခုနှစ်အထိ ၂၂ နှစ်ကြာ ဝန်ကြီးချုပ် တာဝန်ကို ထမ်းဆောင်နေခဲ့တာဖြစ်ပြီး မကြာသေးခင်သူဟာ ဝန်ကြီးချုပ် ပြန်ဖြစ်လာတာပါ။

၂၀၀၄ ခုနှစ်က ပြန်လွတ်လာတဲ့ Anwar ဟာ ၂၀၁၅ ခုနှစ်မှာ ဓမ္မတာနဲ့ ဆန့်ကျင်ပြီး လိင်ဆက်ဆံ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြန်လည် ဖမ်းဆီးခံရပါတယ်။ Anwar ကတော့ ဒါဟာ သူ့အပေါ် နိုင်ငံရေးအရ လုပ်ကြံမှုဖြစ်ကြောင်း ငြင်းဆိုပါတယ်။ သောကြာနေ့က မဲဆွယ်ပွဲအဆုံးမှာတော့ Anwar က သူသာ ဝန်ကြီးချုပ်ဖြစ်လာမယ်ဆိုရင် မဟာသီယာနဲ့ ပတ်သတ်သမျှ နောက်ကြောင်း ပြန်လှန်မှာမဟုတ်ဘဲ လွှတ်တော်ကို အသွင်သစ်နဲ့ ပြန်လည်ဖွဲ့စည်းဖို့သာ အာရုံစိုက် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG