သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂ နှစ်အတွင်း မလေးရှားဝန်ကြီးချုပ် ဖြစ်လာဖို့ Anwar Ibrahim ယုံကြည်


အာရှ တလွှား စီးပွားရေးခေါင်းဆောင်တွေနဲ့ ပညာရှင်တွေရဲ့ စင်္ကာပူထိပ်သီး ညီလာခံတက်ရောက်နေတဲ့ မလေးရှား အတိုက်အခံခောင်းဆောင် Anwar Ibrahim
အာရှ တလွှား စီးပွားရေးခေါင်းဆောင်တွေနဲ့ ပညာရှင်တွေရဲ့ စင်္ကာပူထိပ်သီး ညီလာခံတက်ရောက်နေတဲ့ မလေးရှား အတိုက်အခံခောင်းဆောင် Anwar Ibrahim

မလေးရှားဝန်ကြီးချုပ် Mahathir Mohamad က လာမယ့် ၂နှစ်အတွင်း စီစဉ်ထားတဲ့အတိုင်း သူ့ကို ဝန်ကြီးချုပ် ရာထူး လွှဲပြောင်း ပေးလိမ့်မယ်ဆိုတာ သံသယမရှိကြောင်း Anwar Ibrahim က ပြောဆိုလိုက်ပါတယ်။ အာရှ တလွှားက စီးပွားရေးခေါင်းဆောင်တွေနဲ့ ပညာရှင်တွေ တက်ရောက်နေတဲ့ စင်္ကာပူထိပ်သီး ညီလာခံ ပြင်ပမှာ သတင်းထောက်တွေကို အဲဒီလို ပြောဆိုသွားတာပါ။

“ဝန်ကြီးချုပ်အဖြစ် ဆက်ခံရေး အစီအစဉ်က ကျနော်တို့ သဘောတူထားတဲ့ အတိုင်းပါပဲ။ တိုင်းပြည်မှာ ဖြေရှင်း ရမယ့် ပြဿနာတွေကို ဝန်ကြီးချုပ် Mahathir က ဆောင်ရွက်နေဆဲပါ။ သူ့ကို ထောက်ခံမှု ပေးရပါမယ်၊ ဒါက သိပ် အရေးကြီးပါတယ်။ ကျနော်တို့အနေနဲ့ ဘာမှ အလောတကြီး လုပ်စရာ မလိုပါဘူး။ Mahathir ဟာ နိုင်ငံရဲ့ အရေးကြီးတဲ့ကဏ္ဍမှာ လှုပ်ရှားနေတာ ဖြစ်ပါတယ်။ ကျနော်တို့တိုင်းပြည် တည်ငြိမ်ဖို့လိုပြီး ဦးဆောင်မှု ပေးနိုင်တဲ့ ခေါင်းဆောင်ကောင်း တယောက် ရှိဖို့လိုပါတယ်။ အဲဒါအတွက် ထိရောက်မှုရှိအောင် သူလုပ်ပြနိုင်မယ် ဆိုတာ ယုံကြည်ပါတယ်။”

တချိန်က နိုင်ငံရေး ရန်ဘက်ဖြစ်ခဲ့တဲ့ Anwar နဲ့ ဝန်ကြီးချုပ် Mahathir တို့ဟာ အနှစ်၂၀ လောက်၊ ရန်စတွေ ရှိခဲ့တာကို ဘေးဖယ်ထားပြီး ပြီးခဲ့တဲ့မေလ ရွေးကောက်ပွဲမှာ သူတို့ရဲ့ ၄ ပါတီညွန့်ပေါင်းအဖွဲ့ အနိုင်ရအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါဟာ ဗြိတိသျှကိုလိုနီ လက်အောက်ကနေ မလေးရှားနိုင်ငံ လွတ်လပ်ရေးရတဲ့ ၁၉၅၇ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအဖြစ် အာဏာ အပြောင်းအလဲတွေ ဖြစ်ပေါ်စေခဲ့တာပါ။

ဒီသီတင်းပတ် အစောပိုင်းမှာ သူတို့ပါတီက လွှတ်တော်အမတ်တဦး နုတ်ထွက်ဖို့ရှိပြီး လာမယ့်ကြားဖြတ် ရွေးကောက်ပွဲမှာ သူဝင်ပြိုင်သွားမယ့် အစီအစဉ်ဟာလည်း ဝန်ကြီးချုပ်အဖြစ် ဆက်ခံရေး လမ်းကြောင်းထဲက တစိတ်တပိုင်း ဖြစ်တယ်လို့ Anwar ကပြောပါတယ်။ အာဏာလွှဲပြောင်းပေးမယ့်ကတိကို သူ့အနေနဲ့ ဖျက်မှာ မဟုတ်ကြောင်း Mahathir ကလည်းပြောထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကိုတော့ နှစ်လအတွင်း ကျင်းပမှာဖြစ်ပြီး ကျင်းပမယ့်ရက်ကို ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ကြေညာမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG