သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုန္ေစ်းႏႈန္းက်ဆင္းေရး ဦးစားေပးေျဖရွင္းဖို႔ မေလးဝန္ႀကီးခ်ဳပ္သစ္ ကတိျပဳ 


မေလးရွားႏုိင္ငံရဲ႕ ေရြးေကာက္ခံ ဝန္ႀကီးခ်ဳပ္သစ္ Anwar Ibrahim နဲ႔ သူ႔ကိုေထာက္ခံသူမ်ား။ (ႏိုဝင္ဘာ ၂၄၊ ၂၀၂၂)  

[[Zawgyi/Unicode]]

မေလးရွားဝန္ႀကီးခ်ဳပ္သစ္ Anwar Ibrahim က သူ႔ရဲ႕အစိုးရအေနနဲ႔ ကုန္ေစ်းႏႈန္းက်ဆင္းေအာင္ အဓိက ဦးစားေပးလုပ္သြားမယ္လို႔ ဝန္ႀကီးခ်ဳပ္တာဝန္ ပထမဆံုးထမ္းေဆာင္တဲ့ ေန႔မွာေျပာၾကားလိုက္ပါတယ္။

ကုန္ေစ်းႏႈန္းႀကီးျမင့္ေနတဲ့ျပႆနာကို ပထမဦးစားေပး ေျဖရွင္းသြားမွာျဖစ္ပါတယ္။ ရင္းဂစ္ေငြတန္ဖိုးနဲ႔ အစုရွယ္ယာေစ်းကြက္ေတြမွာ ေစ်းေတြတက္လာေနတာဟာ အျပဳသေဘာ တိုးတက္မႈျဖစ္ၿပီး အစိုးရသစ္အေပၚ ယံုၾကည္မႈတိုးလာတယ္ဆိုတာ ျပသေနတယ္လို႔ ဝန္ႀကီးခ်ဳပ္သစ္ Anwar ကေျပာၾကားခဲ့တာျဖစ္ပါတယ္။ ေနထိုင္မႈစရိတ္ျမင့္တက္ေနတာ၊ ကုန္ႀကီးႏႈန္းႀကီးျမင့္ေနတာက ျပည္သူေတြအေပၚ ဝန္ထုတ္ဝန္ပိုးႀကီးျဖစ္ေနတဲ့အတြက္ ဒါကို ဦးစားေပးေျဖရွင္းသင့္တယ္ ထင္ပါတယ္လို႔လည္း သူကေျပာၾကားခဲ့ပါတယ္။

မေလးရွားႏိုင္ငံမွာ စီးပြားေရး ေႏွးေကြးေနခ်ိန္၊ ႏိုင္ငံေရး သေဘာထားအျမင္ေတြ ေတာ္ေတာ္ေလးကြဲေနခ်ိန္မွာ သူဝန္ႀကီးခ်ဳပ္ျဖစ္လာတာျဖစ္ပါတယ္။ သူ႔အစိုးရအေနနဲ႔ Cabinet ဝန္ႀကီးအဖဲြ႕ဝင္ေတြကို အရင္အစိုးရေတြေလာက္ အမ်ားႀကီးမထားဘဲ ဖဲြ႕စည္းမယ္လို႔လည္း ဝန္ႀကီးခ်ဳပ္ရံုးမွာ ျပဳလုပ္တဲ့ သတင္းစာရွင္းပြဲမွာ ေျပာၾကားသြားခဲ့ပါတယ္။

သူ႔ရဲ႕ညြန္႔ေပါင္းအစိုးရထဲမွာ ဘယ္သူေတြကို ဘာဝန္ႀကီးတာဝန္ေတြ ေပးမယ္ဆိုတာကိုေတာ့ ခုခ်ိန္ထိ ေၾကညာျခင္း မရွိေသးပါဘူး။ ဒါေပမဲ့ Cabinet မွာ ဒုဝန္ႀကီးခ်ဳပ္သစ္ ၂ ဦးထားမယ္လို႔ အေစာပိုင္းက အရိပ္အႁမြက္ ေျပာၾကားထားပါတယ္။ ဝန္ႀကီးခ်ဳပ္ေဟာင္း Mahathir Mohamad လက္ထက္ ၁၉၉၀ ျပည့္ႏွစ္ပိုင္းေတြတုန္းက ဒုဝန္ႀကီးခ်ဳပ္ျဖစ္ခဲ့သူ Anwar ဟာ အဂတိလိုက္စားမႈ၊ လိင္တူဆက္ဆံမႈနဲ႔ တို႔နဲ႔ ေထာင္ခ်ခံခဲ့ရၿပီး ႏွစ္ေပါင္း ၂၀ ေက်ာ္ အတိုက္အခံ ႏိုင္ငံေရးသမားဘဝနဲ႔ ရပ္တည္လာသူျဖစ္ပါတယ္။ သူကေတာ့ ႏိုင္ငံေရးအရ သူ႔အေပၚစြပ္စြဲေထာင္ခ် တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

[[Unicode]]

ကုန်ဈေးနှုန်းကျဆင်းရေး ဦးစားပေးဖြေရှင်းဖို့ မလေးဝန်ကြီးချုပ်သစ် ကတိပြု


မလေးရှားဝန်ကြီးချုပ်သစ် Anwar Ibrahim က သူ့ရဲ့အစိုးရအနေနဲ့ ကုန်ဈေးနှုန်းကျဆင်းအောင် အဓိက ဦးစားပေးလုပ်သွားမယ်လို့ ဝန်ကြီးချုပ်တာဝန် ပထမဆုံးထမ်းဆောင်တဲ့ နေ့မှာပြောကြားလိုက်ပါတယ်။

ကုန်ဈေးနှုန်းကြီးမြင့်နေတဲ့ပြဿနာကို ပထမဦးစားပေး ဖြေရှင်းသွားမှာဖြစ်ပါတယ်။ ရင်းဂစ်ငွေတန်ဖိုးနဲ့ အစုရှယ်ယာဈေးကွက်တွေမှာ ဈေးတွေတက်လာနေတာဟာ အပြုသဘော တိုးတက်မှုဖြစ်ပြီး အစိုးရသစ်အပေါ် ယုံကြည်မှုတိုးလာတယ်ဆိုတာ ပြသနေတယ်လို့ ဝန်ကြီးချုပ်သစ် Anwar ကပြောကြားခဲ့တာဖြစ်ပါတယ်။ နေထိုင်မှုစရိတ်မြင့်တက်နေတာ၊ ကုန်ကြီးနှုန်းကြီးမြင့်နေတာက ပြည်သူတွေအပေါ် ဝန်ထုတ်ဝန်ပိုးကြီးဖြစ်နေတဲ့အတွက် ဒါကို ဦးစားပေးဖြေရှင်းသင့်တယ် ထင်ပါတယ်လို့လည်း သူကပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ စီးပွားရေး နှေးကွေးနေချိန်၊ နိုင်ငံရေး သဘောထားအမြင်တွေ တော်တော်လေးကွဲနေချိန်မှာ သူဝန်ကြီးချုပ်ဖြစ်လာတာဖြစ်ပါတယ်။ သူ့အစိုးရအနေနဲ့ Cabinet ဝန်ကြီးအဖွဲ့ဝင်တွေကို အရင်အစိုးရတွေလောက် အများကြီးမထားဘဲ ဖွဲ့စည်းမယ်လို့လည်း ဝန်ကြီးချုပ်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

သူ့ရဲ့ညွန့်ပေါင်းအစိုးရထဲမှာ ဘယ်သူတွေကို ဘာဝန်ကြီးတာဝန်တွေ ပေးမယ်ဆိုတာကိုတော့ ခုချိန်ထိ ကြေညာခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ Cabinet မှာ ဒုဝန်ကြီးချုပ်သစ် ၂ ဦးထားမယ်လို့ အစောပိုင်းက အရိပ်အမြွက် ပြောကြားထားပါတယ်။ ဝန်ကြီးချုပ်ဟောင်း Mahathir Mohamad လက်ထက် ၁၉၉၀ ပြည့်နှစ်ပိုင်းတွေတုန်းက ဒုဝန်ကြီးချုပ်ဖြစ်ခဲ့သူ Anwar ဟာ အဂတိလိုက်စားမှု၊ လိင်တူဆက်ဆံမှုနဲ့ တို့နဲ့ ထောင်ချခံခဲ့ရပြီး နှစ်ပေါင်း ၂၀ ကျော် အတိုက်အခံ နိုင်ငံရေးသမားဘဝနဲ့ ရပ်တည်လာသူဖြစ်ပါတယ်။ သူကတော့ နိုင်ငံရေးအရ သူ့အပေါ်စွပ်စွဲထောင်ချ တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG