[[Zawgyi/Unicode]]
မေလးရွားဝန္ႀကီးခ်ဳပ္ Anwar Ibrahim က သူ႔ရဲ႕ Cabinet ဝန္ႀကီးအဖဲြ႔ကို ဒီေန႔ ေၾကညာခဲ့တာမွာ ဘ႑ာေရးဝန္ႀကီးရာထူးကိုလည္း သူတာဝန္ယူမယ္လို႔ ေျပာၾကားခဲ့ပါတယ္။
ညြန္႔ေပါင္းအစိုးရထဲမွာပါတဲ့ BN ညြန္႔ေပါင္းအဖြဲ႔ ဥကၠ႒ Ahmad Zahid Hamidi နဲ႔ ေဘာနီယိုကၽြန္း Sarawak ျပည္နယ္အေျခစိုက္ GPS ၫြန္႔ေပါင္းအဖြဲ႔က Fadillah Yusof တို႔ကို ဒုတိယဝန္ႀကီးခ်ဳပ္ေတြအျဖစ္ ခန္႔အပ္ပါတယ္။ ကာကြယ္ေရးဝန္ႀကီးအျဖစ္ Mohamad Hasa၊ စီးပြားေရးဝန္ႀကီးအျဖစ္ Rafizi Ramli တို႔ကို ခန္႔အပ္ခဲ့ပါတယ္။
ညီၫြတ္တဲ့အစိုးရရဲ႕ဝန္ႀကီးအဖြဲ႔ျဖစ္တယ္လို႔ သတင္းစာရွင္းပြဲမွာ ဝန္ႀကီးခ်ဳပ္ Anwar ကေျပာၾကားခဲ့ပါတယ္။ ႏိုင္ငံမွာ ကုန္ေစ်းႏႈန္းက်ဆင္းေရးကို အဓိကဦးစားေပးလုပ္သြားမယ္လို႔ ေၾကညာထားတဲ့ ဝန္ႀကီးခ်ဳပ္သစ္က ဘ႑ာေရးဝန္ႀကီးတာဝန္ကိုလည္း တြဲယူမွာျဖစ္ပါတယ္။ ဝန္ႀကီးခ်ဳပ္ေဟာင္း Mahathir Mohamad လက္ထက္ ၁၉၉၁ ခုႏွစ္က ဘ႑ာေရးဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့ဖူးတဲ့ Mr. Anwar ဟာ ႏွစ္ေပါင္း ၃၀ ေက်ာ္အၾကာ ဒီတာဝန္ကို ပူးတြဲ ျပန္ယူတာလည္းျဖစ္ပါတယ္။
မေလးရွားႏိုင္ငံမွာ စီးပြားေရး ေႏွးေကြးေနခ်ိန္၊ ႏိုင္ငံေရးသေဘာထားအျမင္ေတြ ေတာ္ေတာ္ေလးကြဲေနခ်ိန္မွာ သူဝန္ႀကီးခ်ဳပ္ျဖစ္လာတာပါ။ ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲမွာ ဘယ္ပါတီ၊ ဘယ္ၫြန္႔ေပါင္းအဖြဲ႔မွ အစိုးရဖြဲ႔ႏိုင္တဲ့အထိ အမ်ားစု မဲအႏိုင္မရခဲ့တာေၾကာင့္ အစိုးရဖြဲ႔ႏိုင္ဖို႔အေရး အေျခအတင္ တင္းမာမႈေတြ ျဖစ္ခဲ့ၿပီးတဲ့ေနာက္ Anwar ကို ဝန္ႀကီးခ်ဳပ္အျဖစ္ မေလးဘုရင္က ၾကားဝင္ဆံုးျဖတ္ ခန္႔အပ္ခဲ့တာျဖစ္ပါတယ္။ ဝန္ႀကီးခ်ဳပ္အျဖစ္က်မ္းက်ိန္ၿပီး ၁၀ ရက္အၾကာမွာ ခုလို Cabinet ဝန္ႀကီးေတြကို ေၾကညာတာျဖစ္ပါတယ္။
၁၉၉၃ ခုႏွစ္မွာ ဒုဝန္ႀကီးခ်ဳပ္တာဝန္ထမ္းေဆာင္ခဲ့သူ Anwar Ibrahim ဟာ အဂတိလိုက္စားမႈ၊ လိင္တူဆက္ဆံမႈတို႔နဲ႔ ေထာင္ခ်ခံခဲ့ရၿပီး ႏွစ္ေပါင္း ၃၀ နီးပါး အတိုက္အခံ ႏိုင္ငံေရးသမားဘဝနဲ႔ ရပ္တည္လာခဲ့ၿပီးေနာက္ အခုဝန္ႀကီးခ်ဳပ္ ျဖစ္လာတာျဖစ္ပါတယ္။ သူ႔အေပၚ စြပ္စြဲေထာင္ခ်မႈေတြဟာ ႏိုင္ငံေရးအရလုပ္တာျဖစ္တယ္လို႔ Mr. Anwar က ေတာက္ေလွ်ာက္ေျပာၾကားခဲ့ပါတယ္။
========================
[[Unicode]]
မလေးရှားဝန်ကြီးချုပ် ဘဏ္ဍာရေးဝန်ကြီးတာဝန်တွဲယူ
မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က သူ့ရဲ့ Cabinet ဝန်ကြီးအဖွဲ့ကို ဒီနေ့ ကြေညာခဲ့တာမှာ ဘဏ္ဍာရေးဝန်ကြီးရာထူးကိုလည်း သူတာဝန်ယူမယ်လို့ ပြောကြားခဲ့ပါတယ်။
ညွန့်ပေါင်းအစိုးရထဲမှာပါတဲ့ BN ညွန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌ Ahmad Zahid Hamidi နဲ့ ဘောနီယိုကျွန်း Sarawak ပြည်နယ်အခြေစိုက် GPS ညွန့်ပေါင်းအဖွဲ့က Fadillah Yusof တို့ကို ဒုတိယဝန်ကြီးချုပ်တွေအဖြစ် ခန့်အပ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးအဖြစ် Mohamad Hasa၊ စီးပွားရေးဝန်ကြီးအဖြစ် Rafizi Ramli တို့ကို ခန့်အပ်ခဲ့ပါတယ်။
ညီညွတ်တဲ့အစိုးရရဲ့ဝန်ကြီးအဖွဲ့ဖြစ်တယ်လို့ သတင်းစာရှင်းပွဲမှာ ဝန်ကြီးချုပ် Anwar ကပြောကြားခဲ့ပါတယ်။ နိုင်ငံမှာ ကုန်ဈေးနှုန်းကျဆင်းရေးကို အဓိကဦးစားပေးလုပ်သွားမယ်လို့ ကြေညာထားတဲ့ ဝန်ကြီးချုပ်သစ်က ဘဏ္ဍာရေးဝန်ကြီးတာဝန်ကိုလည်း တွဲယူမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း Mahathir Mohamad လက်ထက် ၁၉၉၁ ခုနှစ်က ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ Mr. Anwar ဟာ နှစ်ပေါင်း ၃၀ ကျော်အကြာ ဒီတာဝန်ကို ပူးတွဲ ပြန်ယူတာလည်းဖြစ်ပါတယ်။
မလေးရှားနိုင်ငံမှာ စီးပွားရေး နှေးကွေးနေချိန်၊ နိုင်ငံရေးသဘောထားအမြင်တွေ တော်တော်လေးကွဲနေချိန်မှာ သူဝန်ကြီးချုပ်ဖြစ်လာတာပါ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဘယ်ပါတီ၊ ဘယ်ညွန့်ပေါင်းအဖွဲ့မှ အစိုးရဖွဲ့နိုင်တဲ့အထိ အများစု မဲအနိုင်မရခဲ့တာကြောင့် အစိုးရဖွဲ့နိုင်ဖို့အရေး အခြေအတင် တင်းမာမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် Anwar ကို ဝန်ကြီးချုပ်အဖြစ် မလေးဘုရင်က ကြားဝင်ဆုံးဖြတ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးချုပ်အဖြစ်ကျမ်းကျိန်ပြီး ၁၀ ရက်အကြာမှာ ခုလို Cabinet ဝန်ကြီးတွေကို ကြေညာတာဖြစ်ပါတယ်။
၁၉၉၃ ခုနှစ်မှာ ဒုဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူ Anwar Ibrahim ဟာ အဂတိလိုက်စားမှု၊ လိင်တူဆက်ဆံမှုတို့နဲ့ ထောင်ချခံခဲ့ရပြီး နှစ်ပေါင်း ၃၀ နီးပါး အတိုက်အခံ နိုင်ငံရေးသမားဘဝနဲ့ ရပ်တည်လာခဲ့ပြီးနောက် အခုဝန်ကြီးချုပ် ဖြစ်လာတာဖြစ်ပါတယ်။ သူ့အပေါ် စွပ်စွဲထောင်ချမှုတွေဟာ နိုင်ငံရေးအရလုပ်တာဖြစ်တယ်လို့ Mr. Anwar က တောက်လျှောက်ပြောကြားခဲ့ပါတယ်။