သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အတိုက္အခံေခါင္းေဆာင္ Anwar မေလးရွားဝန္ႀကီးခ်ဳပ္သစ္ျဖစ္လာ 


Anwar Ibrahim

[[Zawgyi/Unicode]]

မေလးရွားႏိုင္ငံမွာ ဝါရင့္ႏိုင္ငံေရးသမား အတိုက္အခံေခါင္းေဆာင္ Anwar Ibrahim ဒီကေန႔ ဝန္ႀကီးခ်ဳပ္အျဖစ္ က်မ္းသစၥာက်ိန္ဆိုပါတယ္။

အသက္ ၇၅ ႏွစ္ရွိၿပီျဖစ္တဲ့ အႏၷဝါဟာ မေလးရွားႏိုင္ငံရဲ႕ ၁၀ ေယာက္ေျမာက္ ဝန္ႀကီးခ်ဳပ္အျဖစ္ ဘုရင္ Sultan Abdullah Sultan Ahmad Shah ေရွ႕ေမွာက္မွာ က်န္းသစၥာက်ိန္ဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့ စေနေန႔ ႏိုဝင္ဘာ ၁၉ ရက္ေန႔ ကလုပ္ခဲ့တဲ့ ေရြးေကာက္ပြဲမွာ Mr. Anwar ရဲ႕ PH ပါတီက လႊတ္ေတာ္အမတ္ေနရာ အမ်ားစုအႏိုင္ရခဲ့ေပမဲ့ အစိုးရဖဲြ႕ႏိုင္ေလာက္တဲ့ အေရအတြက္ မရခဲ့ပါဘူး။

သူ႔ရဲ႕အဓိကၿပိဳင္ဘက္ ဝန္ႀကီးခ်ဳပ္ေဟာင္း Muhyiddin Yassin ရဲ႕ပါတီကလည္း အမ်ားစု အႏိုင္မရခဲ့ပါဘူး။ ၫြန္႔ေပါင္းအစိုးရဖဲြ႔ဖို႔ မေရမရာျဖစ္ခဲ့တာေၾကာင့္ ဘုရင္ က လႊတ္ေတာ္အမတ္တခ်ဳိ႕ကို ေခၚယူေဆြးေႏြးခဲ့ၿပီးေနာက္ Anwar Ibrahim ကို ဝန္ႀကီးခ်ဳပ္သစ္အျဖစ္ ေထာက္ခံတယ္လို႔ ဘုရင္ကထုတ္ျပန္ခဲ့ပါတယ္။ ၁၉၉၀ ျပည့္ႏွစ္ပိုင္းေတြတုန္းက ဝန္ႀကီးခ်ဳပ္ေဟာင္း Mahathir Mohamad လက္ထက္မွာ ဒုတိယဝန္ႀကီးခ်ဳပ္ေဟာင္းျဖစ္ခဲ့တဲ့ Anwar Ibrahim ဟာ အဂတိလိုက္စားမႈ၊ လိင္တူဆက္ဆံမႈတို႔နဲ႔ စြပ္စြဲခံရၿပီး ႏွစ္ရွည္ေထာင္ဒဏ္လည္း ခ်ခံခဲ့ရပါတယ္။

သူဟာ လြန္ခဲ့တဲ့ အႏွစ္ ၂၀ အတြင္း အတိုက္အခံႏိုင္ငံေရးသမားအေနနဲ႔ ရပ္တည္ခဲ့ၿပီး အခုဝန္ႀကီးခ်ဳပ္ ျဖစ္လာခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=======================

[[Unicode]]

အတိုက်အခံခေါင်းဆောင် Anwar မလေးရှားဝန်ကြီးချုပ်သစ်ဖြစ်လာ

မလေးရှားနိုင်ငံမှာ ဝါရင့်နိုင်ငံရေးသမား အတိုက်အခံခေါင်းဆောင် Anwar Ibrahim ဒီကနေ့ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပါတယ်။

အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ အန္နဝါဟာ မလေးရှားနိုင်ငံရဲ့ ၁၀ ယောက်မြောက် ဝန်ကြီးချုပ်အဖြစ် ဘုရင် Sultan Abdullah Sultan Ahmad Shah ရှေ့မှောက်မှာ ကျန်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ နိုဝင်ဘာ ၁၉ ရက်နေ့ ကလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ Mr. Anwar ရဲ့ PH ပါတီက လွှတ်တော်အမတ်နေရာ အများစုအနိုင်ရခဲ့ပေမဲ့ အစိုးရဖွဲ့နိုင်လောက်တဲ့ အရေအတွက် မရခဲ့ပါဘူး။

သူ့ရဲ့အဓိကပြိုင်ဘက် ဝန်ကြီးချုပ်ဟောင်း Muhyiddin Yassin ရဲ့ပါတီကလည်း အများစု အနိုင်မရခဲ့ပါဘူး။ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ မရေမရာဖြစ်ခဲ့တာကြောင့် ဘုရင် က လွှတ်တော်အမတ်တချို့ကို ခေါ်ယူဆွေးနွေးခဲ့ပြီးနောက် Anwar Ibrahim ကို ဝန်ကြီးချုပ်သစ်အဖြစ် ထောက်ခံတယ်လို့ ဘုရင်ကထုတ်ပြန်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်ပိုင်းတွေတုန်းက ဝန်ကြီးချုပ်ဟောင်း Mahathir Mohamad လက်ထက်မှာ ဒုတိယဝန်ကြီးချုပ်ဟောင်းဖြစ်ခဲ့တဲ့ Anwar Ibrahim ဟာ အဂတိလိုက်စားမှု၊ လိင်တူဆက်ဆံမှုတို့နဲ့ စွပ်စွဲခံရပြီး နှစ်ရှည်ထောင်ဒဏ်လည်း ချခံခဲ့ရပါတယ်။

သူဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း အတိုက်အခံနိုင်ငံရေးသမားအနေနဲ့ ရပ်တည်ခဲ့ပြီး အခုဝန်ကြီးချုပ် ဖြစ်လာခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG