သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ANZ ဘဏ် မြန်မာပြည်တွင်းလုပ်ငန်းတွေ ရှေ့နှစ်ထဲ ပြန်ရုပ်သိမ်းမည် 


[[Zawgyi/Unicode]]

သြစတြေးလျနဲ့ နယူးဇီလန်ဘဏ်လုပ်ငန်းကုမ္ပဏီဖြစ်တဲ့ ANZ ဘဏ်က မြန်မာနိုင်ငံတွင်း သူ့ရဲ့လုပ်ငန်းတွေကို ရှေ့နှစ်ထဲ နောက်ဆုံထားပြီး ပြန်လည်ရုပ်သိမ်းဖို့ စီစဉ်နေတယ်လို့ ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။ လုပ်ငန်းလုပ်ဆောင်မှုတွေမှာ ရှုပ်ထွးခက်ခဲလာနေတဲ့အတွက် မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာဖို့ စီစဉ်နေတာဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းဆက်လုပ်ကိုင်မယ်ဆိုရင် လက်ရှိ သတ်မှတ်ထားတဲ့စည်းမျဉ်းတွေအတိုင်း လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပြီး ငွေချေးငှားတဲ့လုပ်ငန်းတွေမှာလည်း အရင်နဲ့ပုံစံမတူတော့တဲ့ ဘဏ်လုပ်ထုံးလုပ်နည်းတွေ ချမှတ်လာတာကြောင့် လုပ်ငန်းတွေကို ရပ်ဆိုင်းမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ဘဏ်လုပ်ငန်းနဲ့ နိုင်ငံခြားငွေကြေးဆိုင်ရာစည်းမျဉ်းတွေ သတ်မှတ် ပြင်ဆင်တာတွေလုပ်ခဲ့တာကြောင့် နိုင်ငံတကာကုမ္ပဏီတွေ အခက်အခဲ ကြုံကြရပါတယ်။

ဒါ့အပြင် စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကို အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူတာတွေ ရှိသလို မြန်မာနိုင်ငံ အနေနဲ့ တရားမဝင်ငွေကြေးလုပ်ငန်းတွေကို ကောင်းမွန်စွာ နှိမ်နင်းနိုင်ခြင်းမရှိတဲ့အတွက်ဆိုပြီး ပြီးခဲ့တဲ့လထဲတုန်းကလည်း နိုင်ငံတကာ ငွေကြေးလုပ်ငန်းစောင့်ကြည့်ရေးအဖွဲ့ FATF က မြန်မာနိုင်ငံကို နာမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့တဲ့ ကုမ္ပဏီတွေနဲ့ ငွေကြေးအလွှဲအပြောင်းတွေရှိခဲ့တဲ့ မှတ်တမ်းတွေ ပေါက်ကြားလာပြီးတဲ့နောက် ANZ ဘဏ်ကို မြန်မာ့အရေးလှုပ်ရှားသူတွေက ဖိအားပေးလာကြတဲ့အကြောင်း ဩစတေးလျ ABC သတင်းဌာနမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]







XS
SM
MD
LG