သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေမင်းတမန်ရထားလမ်း အောက်မေ့ဘွယ် ကျင်းပ


ANZAC အောက်မေ့ဘွယ်
ANZAC အောက်မေ့ဘွယ်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနောက်မြောက်ဘက် မိုင် ၈၀ လောက်ဝေးတဲ့ Kanchanaburi မြို့မှာ ရှိတဲ့ သေမင်းတမန် ရထားလမ်း ဖောက်လုပ်ခဲ့ရာ Hellfire Pass အောက်မေ့ဘွယ်နေရာကို ကမ္ဘာစစ်တွင်းက စစ်ပြန်တွေ၊ သြစတြေးလျ နိုင်ငံသားတွေနဲ့ မိသားစုတွေ အများအပြား ဒီကနေ့ သွားရောက် စုဝေးခဲ့ကြပါတယ်။

သြစတြေးလျနဲ့ နယူးဇီလန်က ကမ္ဘာစစ်ကြီးတွေတွင်း ကျဆုံးခဲ့ကြတဲ့ စစ်သည်တွေကို ဂုဏ်ပြုတဲ့ ဒီကနေ့ ကျရောက်တဲ့ ANZAC Day နေ့မှာ ခုလို အောက်မေ့ဘွယ် အထိန်းအမှတ် ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်တွင်းက မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံကို ဆက်ပြီး မိုင် ၂၆၀ ရှည်လျားတဲ့သေမင်းတမန် ရထားလမ်း ဖောက်လုပ်မှုတွင်းမှာ ကျဆုံးခဲ့ကြတဲ့ စစ်သည်တွေကို အောက်မေ့ ဂုဏ်ပြု တဲ့အနေနဲ့ ဖယောင်းတိုင်မီးတွေ ထွန်းညှိပြီး တမိနစ်တာ ငြိမ်သက် အရိုအသေပြု၊ ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ကြတာပါ။

ခုချိန်မှာ သက်ရှိထင်ရှား ရှိနေကြသေးတဲ့ အဲဒီအချိန်က သြစတြေးလျ စစ်သုံ့ပန်း တချို့လည်း ဒီ အောက်မေ့ဘွယ် အခမ်းအနားကို လာရောက်ပြီး ကျဆုံးစစ်သည်တွေအတွက် လွမ်းသူ့ပန်းခွေ ချခဲ့ကြပါတယ်။

ရက်စက်ကြမ်းကြုတ်လှတဲ့ အခြေအနေအောက်မှာ စစ်သုံ့ပန်းတွေနဲ့ အဓမ္မ လုပ်အားခိုင်းစေမှုတွေသုံးပြီး သေမင်းတမန် ရထားလမ်းကို ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာစစ်ကြီးအပြီးမှာတော့ အဲဒီနေရာမှာ စစ်သုံ့ပန်း အတော်များများ သေဆုံးခဲ့ရတာဖြစ်ပါတယ်
XS
SM
MD
LG