သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပစိဖိတ်ဒေသ စီးပွားတက်ဖို့ APEC ခေါင်းဆောင်တွေကြိုးပမ်း


ပစိဖိတ်ဒေသ စီးပွားတက်ဖို့ APEC ခေါင်းဆောင်တွေကြိုးပမ်း

နိုင်ငံပေါင်း ၂၁ နိုင်ငံက ခေါင်းဆောင်တွေတက်ရောက်ကြတဲ့ အာရှပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC ထိပ်သီးညီလာခံကို အမေရိကန်ပြည်ထောင်စု၊ အာဝိုင်အီကျွန်းက ဟိုနိုလူလူမြို့တော်မှာ နိုဝင်ဘာလ ၁၃ ရက်နေ့ ဒေသစံတော်ချိန် နေ့လည်ခင်းမှာ စတင်ကျင်းပခဲ့ပါတယ်။ အိမ်ရှင် အမေရိကန်သမ္မတ ဘရက် အိုဘားမားက အဖွင့်မိန့်ခွန်းပြောကြားရာမှာ APEC အဖွဲ့ကြီးရဲ့ အန္တိမ ပန်းတိုင်ဟာ အပြစ်အနာအဆာ ကင်းမဲ့တဲ့ ဒေသတွင်း စီးပွားရေးနယ်ပယ် ဖန်တီးရေးဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

အာရှပစိဖိတ်ဒေသမှာရှိတဲ့ လူဦးရေသန်းပေါင်း သုံးထောင်က APEC ခေါင်းဆောင်တွေအနေနဲ့ ပို့ကုန်တွေ တိုးမြှင့်တာ၊ ကုန်သွယ်ရေး ချဲ့ထွင်တာ၊ အလုပ်အကိုင်ဖန်တီးတာတွေကို ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်လို့ မျှော်မှန်း စောင့်ကြည့်နေကြကြောင်း APEC ခေါင်းဆောင်တွေကို သမ္မတ အိုဘားမားက ပြောကြားခဲ့ပါတယ်။

ဒီရည်မှန်းချက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ APEC ဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှု ကင်းရှင်းတဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးခြင်းအားဖြင့် စွမ်းအင်သစ် တဖန်ပြန်ပြီးဖြစ်ပေါ်စေမှုနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးတွေကို အာရုံစိုက်လုပ်ဆောင်ထားကြဖို့ ကူးသန်းရောင်းဝယ်ရေးတွေကို အကန့်အသတ်ဖြစ်စေမယ့် စည်းမျဉ်းစည်းကမ်းတွေ မပေါ်ပေါက်လာအောင် ပြေပြေပြစ်ပြစ် မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရေးတွေကို ဂရုစိုက်ရမယ်လို့ သမ္မတ အိုဘားမားက ပြောကြားသွားခဲ့ပါတယ်။

XS
SM
MD
LG