သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှနှင့်ပစိဖိတ်ဒေသအပေါ် အမေရိကန် သိန္နိဌာန် ခိုင်မာကြောင်း Kerry ပြောကြား


သမ္မတဘာရက်ခ်အိုဘားမားကိုယ်စား အာရှ-ပစိဖိတ်အစည်းအဝေး တက်ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry (အောက်တိုဘာ ၇၊ ၂၀၁၃)
သမ္မတဘာရက်ခ်အိုဘားမားကိုယ်စား အာရှ-ပစိဖိတ်အစည်းအဝေး တက်ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry (အောက်တိုဘာ ၇၊ ၂၀၁၃)
တနင်္လာနေ့က စတင်ကျင်းပခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ကျင်းပနေ တဲ့ အာရှ-ပစိဖိတ် ဒေသတွင်း ထိပ်သီးညီလာခံမှာ အမေရိကန် သမ္မတ အိုဘားမားကိုယ်စား တက်ရောက်လာတဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒေသတွင်းကို အာရုံစိုက်ထားဆဲရှိနေကြောင်း အာရှ-ပစိဖိတ်ခေါင်းဆောင်တွေကို ပြောဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတအနေနဲ မဟာဗျူဟာတွေကို ပြန်လည်ထိန်းညှိနေပေမဲ့ အာရှဆိုင်ရာ မူဝါဒတွေနဲ့ပတ်သက်လို့ ဘာမှ အပြောင်းအလဲရှိမှာ မဟုတ်တဲ့ အကြောင်း ဝန်ကြီး ကယ်ရီက အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ညီလာခံအတွင်းမှာ သမ္မတအိုဘားမားကိုယ်စား ပြောခဲ့တာပါ။

သမ္မတအိုဘားမားဟာ ပါတီကြီး ၂ ရပ်ကြား ပြည်တွင်း ဘဏ္ဍာရေးဆိုင်ရာ အငြင်းပွ ားမှုတွေကြောင့် အစိုးရလုပ်ငန်းတချို့ ပိတ်ပစ်လိုက်ရတဲ့အခြေအနေထိ ဆိုက်ရောက်ခဲ့ရတဲ့အတွက် အေပက်အစည်းအဝေးကို တက်ရောက်မယ့် ခရီးစဉ်ကို ပယ်ဖျက်ခဲ့ရပါတယ်။

အမေရိကန်သမ္မတက - ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးလာမှုနဲ့ စစ်ရေးလွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိဖို့ အမေရိကန်နဲ့ပိုပြီး ဆက်ဆံရေးတောင့်တင်း ခိုင်မာရေး နည်းလမ်းရှာဖွေနေကြတဲ့ အာရှ-ပစိဖိတ်ဒေသ မိတ်ဆွေနိုင်ငံ့ခေါင်းဆောင်တွေကို သူ့ရဲ့ စိတ်ပျက်မှုကို လုံးဝမဖော်ပြခဲ့ပါဘူး။

ဝန်ကြီး ဂျွန်ကယ်ရီက - အမေရိကန်အစိုးရရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းပစ်ရတဲ့ အခြေအနေကို မှေးမှိန်အောင် ကြိုးစားတဲ့အနေနဲ့ ဒါဟာ နိုင်ငံရေး အလှည့် အပြောင်း တင်္ဒဂ အဖြစ်- သုံးနှုန်းခဲ့သလို အမေရိကန်ဟာ အင်တိုက်အားတိုက်၊ ပိုင်းဖြတ်ချက် ရည်မှန်းချက်တွေအတိုင်း ရှေ့တိုးဆောင်ရွက်သွား မှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

သမ္မတအိုဘားမား အေပက်အစည်းအဝေးကို မတက်ရောက်နိုင်တဲ့အချိန်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က တနင်္လာနေ့ အစည်းအဝေး အဖွင့်နေ့ မှာပဲ အေပက်အဖွဲ့ဝင်နိုင်ငံတွေနဲ့ ချစ်ခင်ရင်းနှီးစွာ နေထိုင်လိုကြောင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေကို မိသားစုဝင်တွေလို ရှုမြင်ကြောင်း ပြောကြား သွားခဲ့ပါတယ်။

အခု လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဘရူနိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့် အာဆီယံညီလာခံမှာတော့ သောကြာနေ့ကျရင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ မြန်မာသမ္မတဦးသိန်းစိန်တို့ တွေ့ဆုံဖို့ ရှိတဲ့အကြောင်း ကုလသမဂ္ဂသတင်းရပ်ကွက်တွေမှာ ရေးသားဖော်ပြကြပါတယ်။
XS
SM
MD
LG