သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

APEC ထိပ်သီး ညီလာခံ အတွက် ဖိလစ်ပိုင်မှာ လုံခြုံရေး တင်းကြပ်

မနီလာမြို့ ရဲချုပ် Wiben Mayor သတင်းစာရှင်းလင်း-သတင်းဓာတ်ပုံ- ဒေါ်ခင်စိုးဝင်း၊ သီင်္ဂီလင်း (VOA မြန်မာပိုင်း)
1/8 မနီလာမြို့ ရဲချုပ် Wiben Mayor သတင်းစာရှင်းလင်း-သတင်းဓာတ်ပုံ- ဒေါ်ခင်စိုးဝင်း၊ သီင်္ဂီလင်း (VOA မြန်မာပိုင်း)
မနီလာမြို့ ရဲချုပ် Wiben Mayor သတင်းစာရှင်းလင်း-သတင်းဓာတ်ပုံ- ဒေါ်ခင်စိုးဝင်း၊ သီင်္ဂီလင်း (VOA မြန်မာပိုင်း)
2/8 မနီလာမြို့ ရဲချုပ် Wiben Mayor သတင်းစာရှင်းလင်း-သတင်းဓာတ်ပုံ- ဒေါ်ခင်စိုးဝင်း၊ သီင်္ဂီလင်း (VOA မြန်မာပိုင်း)
မနီလာမြို့ ရဲချုပ် Wiben Mayor သတင်းစာရှင်းလင်း-သတင်းဓာတ်ပုံ- ဒေါ်ခင်စိုးဝင်း၊ သီင်္ဂီလင်း (VOA မြန်မာပိုင်း)
3/8 မနီလာမြို့ ရဲချုပ် Wiben Mayor သတင်းစာရှင်းလင်း-သတင်းဓာတ်ပုံ- ဒေါ်ခင်စိုးဝင်း၊ သီင်္ဂီလင်း (VOA မြန်မာပိုင်း)
မနီလာမြို့ ရဲချုပ် Wiben Mayor သတင်းစာရှင်းလင်း-သတင်းဓာတ်ပုံ- ဒေါ်ခင်စိုးဝင်း၊ သီင်္ဂီလင်း (VOA မြန်မာပိုင်း)
5/8 မနီလာမြို့ ရဲချုပ် Wiben Mayor သတင်းစာရှင်းလင်း-သတင်းဓာတ်ပုံ- ဒေါ်ခင်စိုးဝင်း၊ သီင်္ဂီလင်း (VOA မြန်မာပိုင်း)
APEC summit security -Manila Police chief press briefing -photos by Burmese Service
8/8 APEC summit security -Manila Police chief press briefing -photos by Burmese Service
Previous slide
Next slide

ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့မှာ နိုဝင်ဘာလ ၁၈ နဲ့ ၁၉ ၊ ၂ ရက်ကြာကျင်းပမယ့် ၂၃ ကြိမ်မြောက် အာရှနဲ့ ပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု APEC ထိပ်သီး ညီလာခံအကြို အဖြစ်လုံခြုံရေးအထူးအစီအစဉ်တွေ နဲ့ စီမံဆောင်ရွက်နေပါတယ်လို့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး Voltaire Gazmin ကပြောဆိုလိုက်ပါတယ်။ မနီလာမြို့ ရဲချုပ်ကလည်း လုံခြုံရေး အတွက် ၂၄ နာရီ အလုပ်လုပ်နေပြီး အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့နဲ့ တခြား အထူးတပ်ဖွဲ့တွေကိုလည်း အဆင်သင့်ချ ထားတာကို ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုလိုက်ပါတယ်။ မနီလာမြို့ကိုရောက်ရှိနေတဲ့ ဒေါ်ခင်စိုးဝင်းက သတင်းပေးပို့ထားပါတယ်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ လူ ၁၂၀ ကျော်သေဆုံးခဲ့ရတဲ့အထိ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတာကြောင့် APEC ညီလာခံကို အိမ်ရှင်အဖြစ်လက်ခံကျင်းပပေးမယ့် ဖိလစ်ပိုင်နိုင်ငံအနေနဲ့ လုံခြုံရေးအတွက် အထူးအလေးထား ဆောင်ရွက်နေ ပါတယ်လို့ ကာကွယ်ရေးဝန်ကြီး Gazmin ကပြောဆိုလိုက်ပါတယ်။ လုံခြုံရေးအတွက် အဘက်ဘက်က မလစ်ဟင်းရအောင် အတတ်နိုင်ဆုံး ပြင်ဆင်ထားတဲ့ အကြောင်း ဖိလစ်ပိုင်သမ္မတရုံးက သတင်းထုတ်ပြန်လိုက်တာပါ။

လောလောဆယ် လုံခြုံရေးအစီအမံတွေနဲ့ ပတ်သက်လို့ ကျေနပ် အားရတယ် လို့လည်းဆိုပါတယ်။ ဒါပေမယ့်လည်း ပဲရစ်မြို့ တိုက်ခိုက်ခံရတဲ့ ဂယက်ကြောင့် အကြမ်းဖက်တိုက်ခိုက်မယ့် အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့ စိုးရိမ်နေတာတွေနဲ့ ပတ်သက်လို့ မနီလာမြို့ ရဲချုပ် Wiben Mayor က အခုလိုပြောပါတယ်။

"ဒီအကြမ်းဖက်တိုက်ခိုက်နိုင်တယ်ဆိုတဲ့သတင်းကို ကျနော်တို့ အောက်ခြေ အထိ သေချာဆန်းစစ်နေပါတယ်။ ကျွန်တော်တို့ရဲ့ လုံခြုံရေးအဖွဲ့ထဲမှာ National Intelligence Coordinating Agency ဆိုပြီးရှိသလို ရဲတပ်ဖွဲ့အင်အားတွေလည်း ရှိပါတယ်။ အခုထိ တွေ့နေမြင်နေရသလောက် အကြမ်းဖက်မှုဖြစ်နိုင်တာမျိုး မရှိပါဘူး။"

လုံခြုံရေး တင်းတင်းကြပ်ကြပ်ချထားတဲ့ကြားကဘဲ APEC ဆန့်ကျင်ရေး လှုပ်ရှားသူတွေက ဆန္ဒပြကြဖို့ စိုင်းပြင်းနေကြတာနဲ့ပတ်သက်လို့ လည်း ရဲချုပ် Wiben Mayor အခုလိုပြောပါတယ်။

"ကျနော်တို့အမြဲ အလေးပေးပြီးပြောနေသလိုပဲ ဖိလစ်ပိုင်ရဲတပ်ဖွဲ့အနေနဲ့ ဆန္ဒ ပြသူတွေရဲ့ သဘောထားကို အသိအမှတ်ပြုပါတယ်။ နိုင်ငံသားတိုင်းရဲ့ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို အသိအမှတ်ပြုပါတယ်။ သူတို့တွေရဲ့ အခွင့်အရေးကို ပိတ်ပင်တာမျိုး မလုပ်ပါဘူး။"

APEC အဖွဲ့ကြီးဟာ ဖိလစ်ပိုင်အပါအဝင် ဖွံဖြိုးဆဲနိုင်ငံတွေအပေါ်ညီမျှမှုမရှိဘဲ၊ ဆင်းရဲတွင်းနက်စေတယ်၊ ဖွံ့ဖြိုးမှုနိမ့်ကျစေတယ်၊ နိုင်ငံရေးအရ ဖိနှိပ်မှုတွေ ပိုတိုးစေတယ်ဆိုပြီး ကန့်ကွက်တဲ့ လှုပ်ရှားသူတွေက ဆန္ဒပြကြမှာဖြစ်ပါတယ်။

အရေးပေါ်အခြေအနေလုံခြုံရေး အတွက်ကြိုတင်လေ့ကျင့်ထားပြီး အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့နဲ့ တခြား အထူးတပ်ဖွဲ့တွေကိုလည်း အဆင်သင့် တာဝန်ချထားတဲ့အကြောင်းလည်း ရဲချုပ် Wiben Mayor က ပြောပါတယ်။

"အကြောင်းတစ်စုံတစ်ရာဖြစ်လာခဲ့ရင်လည်း ဖြစ်လာတဲ့ကိစ္စပါ်မူတည်ပြီး ဖိလစ်ပိုင်ရဲတပ်ဖွဲ့အနေနဲ့ ကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်ပါတယ်။ အထူးတပ်ဖွဲ့လည်း ဖွဲ့ထားပြီး အဲ့ဒီ့ထဲမှာ အစိုးရဌာန၂၀ ပါဝင်ပါတယ်။ ဖိလစ်ပိုင်စစ်တပ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး၊ ပင်လယ်ရေကြောင်းထိန်းသိမ်းရေးဈတဲ့ ဌာနတွေ ပါဝင်ပါတယ်။"

အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ဂျပန်နိုင်ငံနဲ့ တခြား နိုင်ငံပေါင်း ၁၈ နိုင်ငံက နိုင်ငံ့ခေါင်းဆောင်တွေတက်ရောက်ကြမယ့် ဒီ APEC ထိပ်သီးညီလာခံကြီး လုံခြုံရေးအတွက် အိမ်ရှင် ဖိလစ်ပိုင် အစိုးရက အစွမ်းကုန် စီမံနေပါကြောင်း ဖိလစ်ပိုင်သမ္မတရုံးကသတင်းထုတ်ပြန်ထားပါတယ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG