သုံးရလွယ်ကူစေသည့် Link များ

အာရှ၊ ဖိစိဖိတ်ဒေသနဲ့ အမေရိကန် စီးပွားရေး တိုးမြှင့်ဆောင်ရွက်မည်

  • ဗွီအိုအေ (မြန်မာဌာန)

အာရှ၊ ဖိစိဖိတ်ဒေသနဲ့ အမေရိကန် စီးပွားရေး တိုးမြှင့်ဆောင်ရွက်မည်

APEC လို့ခေါ်တဲ့ အာရှ၊ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးကို အမေရိကန် ပြည်ထောင်စုက ဒီနှစ်ကုန်ပိုင်းမှာ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောလိုက်ပါတယ်။

အဖွဲ့ဝင်၂၁ နိုင်ငံပါတဲ့ APEC အဖွဲ့ရဲ့ ထိပ်တန်းအရာရှိတွေ ၀ါရှင်တန်ဒီစီမှာ လုပ်နေတဲ့ အစည်းအဝေးအတွင်း ၀န်ကြီး ကလင်တန်က အခုလို ပြောလိုက်တာပါ။

သမ္မတ အိုဘားမားဟာ APEC အဖွဲ့နဲ့ အာရှ၊ ပစိဖိတ်ဒေသတွင်း နိုင်ငံတွေနဲ့ ဆက်ဆံရေး ခိုင်မာအောင် လုပ်ဆောင်နေပြီး စီးပွားရေးအင်အား ပိုကောင်းအောင်၊ အကျိုးအမြတ်တွေ ရလာအောင် တကယ်ပဲ ဆောင်ရွက်သွားမှာလို့ ဆိုပါတယ်။

အာရှ၊ ပစိဖိတ်ဒေသတွင်း နိုင်ငံတွေ အပါအ၀င် ကမ္ဘာတ၀န်းမှာ အစားအစာနဲ့ လောင်စာဆီဈေးတွေ မြင့်တက်လာနေတဲ့ ဒဏ်ကို ခံနေရတယ်၊ APEC အနေနဲ့ အလုပ်အကိုင်တွေ ပိုပြီး ဖန်တီးရမယ်၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ရမယ်၊ လောင်စာ ဖန်တီးမှုတွေကိုလည်း လုပ်ဆောင်ရမယ်လို့ ၀န်ကြီး ကလင်တန်က ပြောပါတယ်။

သမ္မတ အိုဘားမားရဲ့ ရည်မှန်းချက်အရ လာမယ့် ၂၀၁၅ ခုနှစ်မှာ ပြည်ပပို့ကုန်တွေ ၂ ဆ တင်ပို့နိုင်အောင် အပြင်းအထန် လုပ်ဆောင်မှာမို့ APEC ဒေသတွင်း နိုင်ငံတွေမှာ စီးပွားရေး အခွင့်အလမ်းတွေ ပိုရှိလာရေး စောင့်ကြည့် လေ့လာနေတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG