သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

APEC ထိပ်သီးအစည်းအဝေးပွဲမှာ ကန့်ကွက်ဆန္ဒပြ


APEC ထိပ်သီးအစည်းအဝေးပွဲမှာ ကန့်ကွက်ဆန္ဒပြနေစဉ်။
APEC ထိပ်သီးအစည်းအဝေးပွဲမှာ ကန့်ကွက်ဆန္ဒပြနေစဉ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပနေတဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု APEC အစည်းအဝေးကို ကမ္ဘာ့ခေါင်းဆောင်တွေ စုဝေး တက်ရောက်နေကြချိန်မှာ ဒီအစည်းအဝေးကို ကန့်ကွက်သူတွေကလည်း မနီလာမြို့တော်မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

APEC အစည်းအဝေးဟာ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေက သူတို့ရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့ အဓိက ဆောင်ရွက်တဲ့ အစည်းအဝေးဖြစ်ပြီး ပြည်သူတွေရဲ့ အခွင့်အရေးကိုတော့ အကာအကွယ် မပေးဘူးလို့ ဆိုပြီး ဒီအစည်းအဝေးကို ဖျက်သိမ်းဖို့ ဆန္ဒပြသူတွေက ကန့်ကွက်နေကြတာပါ။

ဆန္ဒပြသူတွေအနီးမှာတော့ လုံခြုံရေးနဲ့ ရဲတပ်ဖွဲ့ဝန်းထမ်းတွေ အများအပြားကလည်း စောင့်ကြပ်နေခဲ့ပါတယ်။ မနီလာမြို့မှာ APEC အစည်းအဝေး တက်ရောက်လာကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ လုံခြုံရေးကို အကာအကွယ်ပေးဖို့ ဖိလစ်ပိုင် စစ်သားနဲ့ ရဲ့ဝန်ထမ်း ၃ သောင်းကျော် ဖြန့်ကျက် ချထားတာပါ။

အလားတူပဲ ဟောင်ကောင်မှာရှိတဲ့ ဖိလစ်ပိုင်ကောင်စစ်ဝန်ရုံး အပြင်ဘက်မှာလည်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေ ဦးဆောင်ပြီး လူအယောက် ၂၀ လောက် စုဝေးခဲ့ကြပြီး APEC အစည်းအဝေးကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ်။

ဖိလစ်ပိုင်မှာ APEC အစည်းအဝေး ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၁၉၉၆ ခုနှစ်က စလို့ ဖွံ့ဖြိုးတိုးတက်လာတဲ့အခြေအနေ ဘာမှမရှိတဲ့အပြင် ဖိလစ်ပိုင်ရဲ့ စီးပွားရေးဟာ ပိုပြီးတော့တောင် ဆိုးရွားသွားခဲ့တယ်လို့ ဆိုပြီး ဒီအစည်းအဝေးဟာ ဖိလစ်ပိုင်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဖိလစ်ပိုင်ပြည်သူတွေရဲ့ အကျိုးရှိအောင် ဘာမှ လုပ်ဆောင် မပေးနိုင်ဘူးလို့ ဆန္ဒပြသူတွေက ပြောဆိုကြပါတယ်။

XS
SM
MD
LG