သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

APEC ထိပ်သီး ညီလာခံ စတင်


အာရှ-ပစိဖိတ်ထိပ်သီးညီလာခံမှာ အဖွင့်မိန့်ခွန်းပြောကြားနေသော အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyono (အောက်တိုဘာ ၆၊ ၂၀၁၃)
အာရှ-ပစိဖိတ်ထိပ်သီးညီလာခံမှာ အဖွင့်မိန့်ခွန်းပြောကြားနေသော အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyono (အောက်တိုဘာ ၆၊ ၂၀၁၃)
အာရှ-ပစိတ်ဖိတ်ဒေသ တိုင်းပြည်တွေအနေနဲ့ ဒေသတွင်း စီးပွားရေး ပြန်ကောင်းလာတဲ့အနေအထားမှာ စီးပွားရေးမှာ ကိုယ်ကျိုး စီးပွားကာကွယ်မှုကို ရှောင်ပြီး တနိုင်ငံနဲ့တနိုင်ငံ ဈေးကွက်ဖွင့်ထားကြဖို့ အင်ဒိုနီးရှား သမ္မတ Susilo Bambang Yudhoyono က တိုက်တွန်းလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ တနင်္ဂနွေနေ့မှာ စတင်ပြုလုပ်တဲ့ APEC အာရှ-ပစိဖိတ် ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုညီလာခံကို နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ စီးပွားရေးအကြီးအကဲတွေ စုစုပေါင်း တထောင်ကျော် တက်ရောက်ခဲ့ကြပြီး အင်ဒိုနီးရှားသမ္မတက မိန့်ခွန်းပြောဆိုရာမှာ အခုလို ပန်ကြားသွားတာဖြစ်ပါတယ်။

ကုန်သွယ်မှုဆက်ဆံရေး အားကောင်းလာတာဟာ နိုင်ငံတွေအနေနဲ့ နိုင်ငံသားတွေရဲ့ နေမှုထိုင်မှုဘဝ တိုးတက်မြင့်မား လာရေး ဆောင်ရွက်ရာမှာ အထောက်အကူဖြစ်စေမယ်လို့ အင်ဒိုနီးရှား သမ္မတက ပြောပါတယ်။

APEC ညီလာခံကို တက်လာတဲ့ ၂၁ နိုင်ငံဟာ အခုလို ပုံမှန် တွေ့ဆုံရာမှာ၊ နိုင်ငံ တနိုင်ငံချင်းအနေနဲ့ သူတို့ နိုင်ငံက ကုန်ပစ္စည်းတွေ ဝန်ဆောင်မှုတွေ အတွက် ဈေးကွက်သစ်ရှာကြပါတယ်။ မစ္စတာ Yudhoyono ကလည်း သူ့ အင်ဒိုနီးရှား နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းကောင်းတွေ ယူကြဖို့ကိုလည်း တတ်ရောက်လာသူတွေကို အားပေး တိုက်တွန်းသွားပါတယ်။

APEC နိုင်ငံ ၁၂ နိုင်ငံကတော့ ပစိဖိတ် တဖက်တချက်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုလို့ အမည်ပေးထားတဲ့ လွတ်လပ်စွာကုန်သွယ်မှုဒေသတခု တည်ဆောင်ဖို့ ညှိနှိုင်းထားကြပါတယ်။

ဒီနိုင်ငံတွေကတော့ သြစတေးသျှ၊ ဘရူးနိုင်း၊ ကနေဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက်ဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်ကာပူ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဗီယက်နမ်နိုင်ငံတို့ဖြစ်ကြပါတယ်။ အခု ဒီညီလာခံကို အမေရိကန်သမ္မတ ဘရက်ခ်အိုဘာမား တက်ရောက်ဖို့ရှိပေမယ့်လည်း အမေရိကန်ပြည်တွင်းက အစိုးရဘတ်ဂျက်ကိစ္စတွေနဲ့ပတ်သက်လို့ အလုပ်များနေတာမို့ ညီလာခံတက်ဖို့ ခရီးစဉ် ကပ်ပြီး ဖျက်ခဲ့ရပါတယ်။
XS
SM
MD
LG