သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘိုင်ဒန်  APEC ထိပ်သီး စည်းဝေးပွဲ တက်မည်မဟုတ်


 အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်
 အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်

[[Zawgyi/Unicode]]

လာမယ့် နိုဝင်ဘာ ၁၈ နဲ့ ၁၉ ရက် ထိုင်းနိုင်ငံမှာကျင်းပမယ့် အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုညီလာခံ APEC ထိပ်သီးအစည်းအဝေးကို အမေရိကန် သမ္မတ Joe Biden တက်ရောက်တော့မှာမဟုတ်ဘဲ ဒုသမ္မတ Kamala Harris ပဲ တက်ရောက်မယ့်အကြောင်း ထိုင်းနိုင်ငံထုတ်သတင်းတွေမှာ ရေးပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေ တော်တော်များများတက်ရောက်မယ့် အစည်းအဝေးကို အမေရိကန်သမ္မတ Joe Biden ကိုယ်တိုင်မတက်ရောက်တာဟာ နိုင်ငံတကာ နိုင်ငံရေး မျက်နှာစာမှာ ထိုင်းအစိုးရရဲ့ ပုံရိပ်ကျဆင်းနေပြီး ပြည်တွင်း ဒီမိုကရေစီရေး မှေးမှိန်နေတဲ့ အခြေအနေကို မီးမောင်းထိုးပြတာလို့ လေ့လာသူတွေ သုံးသပ် တာကို ထိုင်းနိုင်ငံထုတ် PBS သတင်းဌာနက ရေးပါတယ်။

သမ္မတ Joe Biden ဟာ နိုဝင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှကျင်းပမယ့် စီးပွားရေး အင်အားကောင်းတဲ့ နိုင်ငံ ၂၀ (G-20) အစည်းအဝေးကိုတော့ တက်ရောက်မှာပါ။ ဒါပေမယ့် နောက် ၁၈ ရက်နဲ့ ၁၉ ရက် ထိုင်းနိုင်ငံမှာ ကျင်းပမယ့် APEC အစည်းအဝေးကို မတက်တော့ဘဲ အိမ်ဖြူတော်မှာ သူ့မြေးမလေးရဲ့ မင်္ဂလာပွဲဧည့်ခံပွဲရှိတဲ့အတွက် ဝါရှင်တန်ကို ချက်ခြင်းပြန်မယ့်အကြောင်း သတင်းတွေမှာ ရေးပါတယ်။

သမ္မတ Biden ကိုယ်တိုင် APEC အစည်းအဝေးကို မတက်တာကြောင့် ဝန်ကြီးချုပ် တာဝန်ပြန်လည် ထမ်းဆောင်ခွင့်ရထားတဲ့ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha အနေနဲ့ ကမ္ဘာ့ ခေါင်းဆောင်တွေနဲ့ ပုခုံးချင်းယှဉ်ပြီး နိုင်ငံရေးအရ ကိုယ်ကိုကိုယ် မြှင့်တင်မယ့် ကြိုးစားမှု ထင်သလောက် ခရီးမပေါက်ဘူးဆိုတာ သတင်းမှာ သုံးသပ် ဖေါ်ပြပါတယ်။

ဝန်ကြီးချုပ် Prayut Chan-o-cha ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတချို့လည်း ပြီးခဲ့တဲ့ သတင်းပတ်ကုန်က ဘန်ကောက်မြို့နေရာတချို့မှာ ပေါ်ပေါက်ခဲ့ပါတယ်။

သမ္မတဘိုင်ဒန် APEC ထိပ်သီး စည်းဝေးပွဲ တက်မည်မဟုတ်.mp3
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

=================

[[Unicode]]







XS
SM
MD
LG