သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Apple Inc. အကြီးအကဲ ရာထူးက နှုတ်ထွက်

Apple Inc. အကြီးအကဲ ရာထူးက နှုတ်ထွက်
Apple Inc. အကြီးအကဲ ရာထူးက နှုတ်ထွက်

Apple Computer Company ကို စတင် တည်ထောင်သူ တဦးလည်းဖြစ်၊ ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ်လည်း ဖြစ်တဲ့ စတိဗ် ဂျော့ဘ်စ် (Steve Jobs) ရာထူးကနေ နှုတ်ထွက်တယ်ဆိုတဲ့ သတင်း ထွက်လာပြီးတဲ့နောက် ဒီနေ့ အစောပိုင်း ဈေးကွက်ဖွင့်ချိန်မှာ Apple အစုရှယ်ယာဈေးတွေ ၂% အထိ ကျဆင်းသွားပါတယ်။

သူ တာဝန်တွေကို ဆက်ပြီး ကျေပြွန်အောင် မထမ်းဆောင်နိုင်တော့ဘူးလို့ Apple ဘုတ်အဖွဲ့ဝင် လူကြီးတွေနဲ့ Apple ကုမ္ပဏီ အသိုင်းအဝိုင်းကို ဗုဒ္ဓဟူးနေ့ကပဲ မစ္စတာ ဂျော့ဘ်စ်က ပြောသွားတာပါ။

သူဟာ ၂၀၀၃ ခုနှစ်ကတည်းက ပန်းခရိယပ်ကင်ဆာ (Pancreatic Cancer) ဝေဒနာ ခံစားခဲ့ရတာဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ အသည်းအစားထိုး ကုသမှု ခံယူခဲ့ရပါတယ်။

မစ္စတာ ဂျော့ဘ်စ်ဟာ သူမတူ ထူးခြားလှတဲ့ အတွေးအခေါ် အမြင်တွေ၊ ခေါင်းဆောင်မှုတွေနဲ့ Apple ကို ကယ်တင်ခဲ့တယ်လို့ Apple က ကြေညာချက် ထုတ်ပြန်တာ ဖြစ်ပါတယ်။

Apple ကုမ္ပဏီက လက်ရှိမှာ တန်ဖိုးအမြင့်ဆုံး နည်းပညာ ကုမ္ပဏီဖြစ်ပြီး ၁၉၉၀ ပြည့်လွန် နှစ်တွေတုန်းက ဒေဝါလီ ခံရခါနီး အခြေအနေထိ ရောက်ခဲ့တာ ဖြစ်ပါတယ်။

ကိုယ်ပိုင်သုံး ကွန်ပျူတာတွေ ထုတ်လုပ်နေရာကနေ ခေတ်ဆန်တဲ့ iPhone တို့၊ ရုပ်သံမီဒီယာအတွက် iPad ကွန်ပျူတာ အပြားလေးတွေ ထုတ်လုပ်တာဘက် ပြောင်းလိုက်တဲ့ အခါမှာတော့ Apple ကုမ္ပဏီ တအား ချမ်းသာသွားခဲ့တာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG