သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Apple နဲ့ Samsung မူပိုင်ခွင့် အပြန်အလှန်ချိုးဖောက်


အမေရိကန် ပြည်ထောင်စုက APPLE ကုမ္ပဏီကြီးနဲ့ သူ့ရဲ့ပြိုင်ဘက် တောင်ကိုးရီးယား SAMSUNG ELECTRONICS ကုမ္ပဏီနှစ်ခုကြား မိုဘိုင်းပစ္စည်းဆိုင်ရာ မူပိုင်ခွင့် အငြင်းပွားမှု ပြဿနာနဲ့ ပတ်သက်လို့ တောင်ကိုးရီးယား တရားရုံး တော်က အမိန့်ချမှတ်လိုက်ပါတယ်။

Samsung ရဲ့ Galaxy ပစ္စည်းထုတ်လုပ်ရာမှာ အမေရိကန်နိုင်ငံက Apple ကုမ္ပဏီရဲ့ Ipone, Ipad ဒီဇိုင်း ပုံစံတွေကို ပုံတူကူးယူခဲ့တယ်ဆိုပြီး Apple ကုမ္ပဏီဘက်က အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ လျော်ကြေးပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ Apple ရဲ့ ဒီဇိုင်းအပြင်အဆင် ပုံစံမူပိုင်ခွင့်ကို Samsung ကုမ္ပဏီက ချိုးဖောက်မှု ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် မမှန်ကန်ဘူးလို့ တောင်ကိုးရီးယား တရားရုံးက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒီပြဿနာကြောင့် တောင်ကိုးရီးယားနိုင်ငံမှာ ရှိတဲ့ apple နဲ့ Samsung ပစ္စည်းနှစ်မျိုးလုံး ရဲ့ ရောင်းချမှု ကန့်သတ် ချက်တွေ ရှိခဲ့တာမို့ ကုမ္ပဏီ နှစ်ခုစလုံးကို ထိခိုက်မှု အနည်းငယ် ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီအမှုဟာ ကမ္ဘာ့အကြီးဆုံး နည်းပညာ ကုမ္ပဏီကြီးနှစ်ခုကြား ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ မူပိုင်ခွင့် ဆိုင်ရာ တရားရင်ဆိုင်ပွဲ ဖြစ်ပြီး အမေရိကန် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မကြာခင် ကြားနာရမယ်လို့ မြှော်လင့်ရပါတယ်။
XS
SM
MD
LG