သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Apple Smart Watch ထွက်မည်


Apple ကုမ္ပဏီ အမှုဆောင်ဒါရိုက်တာ Tim Cook နဲ့ apple smart နာရီများ (မတ် ၉၊ ၂၀၁၅)
Apple ကုမ္ပဏီ အမှုဆောင်ဒါရိုက်တာ Tim Cook နဲ့ apple smart နာရီများ (မတ် ၉၊ ၂၀၁၅)

အမေရိကန် အဆင့်မြင့်နည်းပညာကော်မတီကြီးဖြစ်တဲ့ Apple ကော်ပရေရှင်းကြီးက တနင်္လာနေ့က သူရဲ့နောက်ဆုံးပေါ်တီထွင်မှုဖြစ်တဲ့ Apple လက်ပတ်နာရီကို စတင်မိတ်ဆက်ပြသခဲ့ပါတယ်။

ဒီဈေးကြီးတဲ့လက်ပတ်နာရီဟာ Apple ကွန်ပြူတာအသေးအပြင် အခြား application တွေလည်း အများကြီး ဒွန်တွဲလုပ်ဆောင်နိုင်ပါတယ်။

တောင်ကိုးရီးယားရဲ့ Sumsang နဲ့ LG ကုမ္ပဏီတွေအပြင် ဂျပန်ရဲ့ဆိုနီကုမ္ပဏီတွေကလည်း smart လက်ပတ်နာရီတွေကို အသီးသီး ထုတ်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါပေမဲ့လို့ ကမ္ဘာ့အချမ်းသာဆုံးကုမ္ပဏီဖြစ်တဲ့ Apple ကတော့ ၂၀၁၁ ခုနှစ်က ကုမ္ပဏီ မ,တည်သူ စတီဖ်ဂျော့ သေဆုံးခဲ့ပြီးနောက်ပိုင်း IPhone နဲ့ IPad တွေအသုံးပြုနေဆဲဖြစ်တဲ့လူတွေအတွက် အများကြီး အသုံးတည့်လိမ့်မယ်လို့ မျှော်မှန်းထားတာပါ။

Apple ရဲ့အမှုဆောင်ဒါရိုက်တာ တင်မ်ကွတ်ခ်က Apple လက်ပတ်နာရီကို အသုံးပြုသူတွေဟာ တယ်လီဖုန်းတွေခေါ်နိုင်သလို အီးမေးလ်တွေလည်း ဖတ်နိုင်ပြီး သီချင်းနားထိုင်နိုင်တဲ့အပြင် သူတို့ ကာယလေ့ကျင့်ခန်းလုပ်တာတွေကိုလည်း အကဲခပ်လေ့လာသွားနိုင်စေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီ Apple လက်ပတ်နာရီကို ဆန်ဖရန်စ္စစကို ကုမ္ပဏီက အခုလို အကြီးအကျယ်စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အပေါ်ဆုံးက ဒေါ်လာ ၃၄၉ ဖြစ်ပြီး ၁၉ ကာရက် ရွှေနာရီတွေကတော့ ဒေါ်လာတသောင်းနီးပါးအထိ ကုန်ကျမှာဖြစ်ပါတယ်။ နောက်လမှာ အရောင်းဆိုင်တွေမှာ စတင်ရောင်းချတော့မှာဖြစ်ပါတယ်။

XS
SM
MD
LG